Myat Tun Oo
တွေ့ရင်မှတ်မိအုံးမယ်ထင်ပါတယ်

စာရေးသူတို့ တပ်ထဲမှာ ကောလဟာလထွက်ရင် အပြင်မှာဖြစ်လေ့မရှိပါ။ ဥပမာ ရာပြည့်ပြုတ်တယ်ဆိုရင် မပြုတ်ခဲ့ပါ။ ဒါပေမယ့် အပြင်မှာ နာမည်မထွက်ဘဲ အတွင်းမှာ အရေးယူခံရတာတွေအဖမ်းခံရတာတွေတော့ရှိခဲ့ပါတယ်။ မင်းတပ်နဲ့ စစ်ကိုင်းက ဗျူဟာမှူးတွေအများစုဟာ စစ်ရှုံးလို့ရာထူးချခံရတာ အဖမ်းခံရတာမျိုးက လူသိပ်သိလေ့မရှိပါ။ ရခိုင်ကအကောင်လဲ ဖမ်းစစ်မှာပါ။ဒါတောင်ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်သာရှိပါသေးတယ်။ ချက်ခြင်းမဖမ်းဘဲ နှစ်လ သုံးလလောက်နေမှ တပ်ပြောင်းပြီးဖမ်းတာလဲရှိပါတယ်။
လေတပ်ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကိစ္စကတော့ ထူးခြားပါတယ်။ သူက မဆလ ဝန်ကြီးသားမိုလို့ ပေါ်လစီနဲ့ ကြီးလာသူပါ။ သူ့ညီမကလဲ ပေါ်လစီပါ။ သူ့သားကလဲ DASSK နဲ့ NLD မကောင်းကြောင်းရေးသူပါ။ ဒါကြောင့် သူတို့အချင်းချင်းမှာ ဒီမိုကိစ္စသဘောထား ကွဲလွဲတာမဟုတ်ပါ။သူမကွေးလေတပ်စခန်း အပစ်ခံရတုန်းက လေယဉ်အချို့ထိသွားလို့ လာကြည့်သွားခဲ့ပါတယ်။လေတပ်က ပစ်မှတ်လွဲပြီး မိမိလူမိမိ ဗုံးကြဲခဲ့ပေမယ့် ဒါဟာလဲ သူတာဝန်ခံလောက်အောင် မကြီးပါ။ ဒါဆိုဘာကြောင့် သူလူမြင်ကွင်းက ပျောက်သွားတာလဲ? ပထမက မိုင်တဲဘဏ္ဍာရေးမှူးအသတ်ခံရစဉ်မှာ သူ့မိန်းမက သူ့တင်ပါးကကျည်ဆန်ကို သူ့တပ်ထဲက စစ်ဆေးကိုသာ ခွဲဆိတ်စေပြီး စစ်ဆေးစေခဲ့ပါတယ်။ သူတို့အချင်းချင်း သတ်တာလို့ နာမည်ခဏထွက်လိုက်တာ မှတ်မိမှာပါ။ ဒီကိစ္စမှာ သူက သူ့ငယ်ချင်းမိန်းမဘက်ကနေ ပစ်သွားသူရဲ့ဆရာကို ဖမ်းခိုင်းရာက ပြဿနာတက်လားမေးစရာရှိပါတယ်။ ထိုဆရာက ဘယ်သူဖြစ်နိုင်ပါသလဲ?
နောက်လေတပ်က လေယဉ်ဆီကို မအလသားက ခရိုနီတစ်ယောက်ထံက ငွေယူထားပြီး ပါမစ်ချပေးမယ်ပြောထားတာကို သူက သူ့သားနဲ့ပတ်သက်ရာကို ချပေးလိုက်လို့ စစ်ဆေးနေတာလဲစဉ်းစားစရာပါ။ ဒီကိစ္စတစ်ခုထဲမဟုတ်ဘဲ ယခင်ကလဲ လူပါးဝတယ်ဆိုပြီး မအလသားက တင်းနေခဲ့ဖူးပါတယ်။ နောက်ဒီသတင်းကလဲ သတင်းမီဒီယာတွေမှာ သိပ်တက်လာတာမတွေ့ရပါ။
ဒါကသတင်းအနေနဲ့သာ ရေးတာဖြစ်ပြီး ခွေးအချင်းချင်းကိုက်တာဟာ ဒီမိုကရေစီအတွက် ကိုက်တာမဟုတ်ဘဲ အစာလုတာသာဖြစ်တယ်ဆိုတာ အားလုံးသိထားရပါမယ်။ သေချာတာက မအလမိသားစုဟာ လောဘကြီးပြီး ပုံမှန်အသေးအဖွဲကိစ္စတောင် စမန်ခုတ်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ခွေးအချင်းချင်း ဘာကြောင့်ကိုက်ကိုက် ကောင်းပါတယ်လို့ ပြောပါရစေ။