top of page
Search

တိုယိုတာ၊ ျမန္မာ့စီးပြားေရး ႏွင့္ ေရႊဘ

Writer: Myat Tun OoMyat Tun Oo

တိုယိုတာ၊ မြန်မာ့စီးပွားရေး နှင့် ရွှေဘ



တိုယိုတာ၊ မြန်မာ့စီးပွားရေး နှင့် ရွှေဘ

မြန်မာ့စီးပွားရေးလို့ပြောရင် လူအများစုက မြန်မာ့စီးပွားရေးနဲ့ ခရိုနီ့စီးပွားရေး သိပ်မကွဲဘူးဖြစ်နေပါတယ်။ ခရိုနီ ကွန်ဒိုဆောက်သူ၊ ခရိုနီသစ်ခိုးထုတ်သူ၊ ခရိုနီကျောက်စိမ်းရောင်းသူ၊ လာဘ်စားသူ၊ ဘိန်းနှင့်ဆေးပြားရောင်းသူများ၊ ယခင်ကန်ထရိုက်ကို အဘနှင့်လက်ဝါးရိုက်ကာ ရသူများက စီးပွားရေးမကောင်းဘူးလို့ပြောကြပါတယ်။

ဒါပေမယ့် မြန်မာ့စီးပွားရေးဟာ သစ်ထုတ်တာပိတ်တာ၊ ကျောက်ကွက်အသစ်တွေချမပေးတာတွေ လုပ်ထားတယ့်ကြားက သူခိုးဖမ်းတယ့်ကြားက၊ လာဘ်စားတာတွေတိုက်ဖျက်တယ့်ကြားကတိုးတက်လာခဲ့ပါတယ်။ ဒီအချိန်မှာ အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေးစစ်ပွဲဖြစ်တာဟာ DASSK အစိုးရက ဘာမှလုပ်လို့မရပါ။ ဘင်္ဂါလီကိစ္စ ကမ႓ာကပြောစရာဖြစ်အောင်လုပ်တာကိုလဲ DASSK အစိုးရက ခြေဥအရဘာမှလုပ်မရပါ။ ဒီကြားထဲကစိန်ခေါ်မှုများစွာထဲကမှ တိုးတက်နေတာပါ။

ပထမဆုံး ကမ႓ာပေါ်က မြန်မာ့နည်းတူ ဆင်းရဲတယ့်နိုင်ငံတွေထဲမှာ မြန်မာပြည်ကို တိုက်ရိုက်ရင်းနှီးမြုပ်နံမှုအများဆုံး ၂၀၁၇-၂၀၁၈မှာ ဝင်ခဲ့ပါတယ်။ ယခုလဲ တိုယိုတာက လာရောက်ရင်းနှီးမြုပ်နှံပါတော့မယ်။ သူ့ကဲ့သို့ လာမည့်သူတွေလဲရှိလာပါမယ်။

ယခု အပြန်အလှန်ဆန္ဒပြတာတွေ ဒီမိုတွေကိုဖမ်းထည့်တာတွေက နိုင်ငံခြားကလာဖွင့်တယ့် သံရုံးတွေကို မြန်မာပြည်မှာ လူ့အခွင့်အရေးကို မလိုက်နာမလေးစားဘဲ အစိုးရလုပ်တာကို ကန့်လန့်တိုက်နေတယ့် လက်နက်ကိုင်အဖွဲ့တွေရှိကြောင်း သတင်းစကားပါးလိုက်သလိုဖြစ်ပြီး သူတို့လဲ DASSK အစိုးရကို ပူးပေါင်းကူညီခြင်းဖြင့်သာ အဓမ္မဝါဒီ အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း သတင်းစကားပါးလိုက်သလိုဖြစ်သွားပါတယ်။ သူတို့ပိတ်ဆို့ချင်ရင် ဘယ်သူ့စီးပွားရေးလုပ်ငန်းပိတ်ရမယ်ဆိုတာ ထင်ရှားသွားစေပါတယ်။

စီးပွားရေးကတော့ ဒေါက်ခိုင်တို့လို ကွန်ဒိုဆောက်သူ၊ စိန်ကျောက်ရောင်းသူတွေအတွက်တော့ ယခင်ကလောက်မကောင်းနိုင်တာ လက်ခံပါတယ်။ ယခင်က လာဘ်စားသူများ ဇီးသီးပန်းမှောက်သူများက တိုက်ခန်းတွေဝယ်လိုက် စိန်တွေဝယ်လိုက်နဲ့ အဆင်ပြေမှာပါ။ စီမံကိန်းတွေကို တင်ဒါမပြိုင်လဲ ဂွင်နဲ့ရသူများလဲ အဆင်ပြေခဲ့ပါတယ်။

ယခင်ကဆိုက်ကားမောင်းတယ့် ရွှေဘကတော့ ယခင်ကလဲ ဆိုက်ကားမောင်း ယခုလဲဆိုက်ကားမောင်းမိုလို့ ဒေါက်ခိုင်တို့၊ ခရိုနီတို့၊ အဘတ တို့လောက်တော့ စီးပွားရေးမထိခိုက်ပါ။ ဒါပေမယ့် ရွှေဘသားလေးကျောင်းထားရင် ကျောင်းလခတွေမပေးရသလို ဆေးရုံတွေမှာလဲ ယခင်ကထက်အဆင်ပြေလာပါတယ်။ သူ့အဘိုးက ၉၀ နှစ်ဆိုတော့ ထောက်ပံ့ကြေးတောင် လက်ရှိအစိုးရထံကရသလို သူ့ယောက္ခမရဲ့ပင်စင်ကလဲ တက်လာပါတယ်။ နောက် ရင်ထိန်းရဲမျက်နှာလဲ ကြည့်စရာမလိုတော့ပါတယ့်။ သူက ဆိုက်ကားကနေ အငှားကားမောင်းချင်တာတော့ာအဆင်မပြေသေးဘူးပေါ့။ ရွှေဘက ကျူးကျော်နေရပြီး ကွီးဖြိုးက မြေကွက်စီစဉ်ပေးမယ်ဆိုတော့ အဘတို့လက်ထက်ကထက် ရွှေဘတို့လို အောက်ခြေလူတန်းစားက ပိုအဆင်ပြေပါတယ်။ မျှော်လင့်ချက်ပိုရှိပါတယ်။

ဒါကြောင့်သာမန်ပြည်သူ ရွှေဘကတော့ NLD ပါဘဲတဲ့။

(တကယ့်အဖြစ်အပျက်အပေါ် အခြေခံရေးပါသည်)


Zawgyi

တိုယိုတာ၊ ျမန္မာ့စီးပြားေရး ႏွင့္ ေရႊဘ

ျမန္မာ့စီးပြားေရးလို႔ေျပာရင္ လူအမ်ားစုက ျမန္မာ့စီးပြားေရးနဲ႔ ခ႐ိုနီ႔စီးပြားေရး သိပ္မကြဲဘူးျဖစ္ေနပါတယ္။ ခ႐ိုနီ ကြန္ဒိုေဆာက္သူ၊ ခ႐ိုနီသစ္ခိုးထုတ္သူ၊ ခ႐ိုနီေက်ာက္စိမ္းေရာင္းသူ၊ လာဘ္စားသူ၊ ဘိန္းႏွင့္ေဆးျပားေရာင္းသူမ်ား၊ ယခင္ကန္ထ႐ိုက္ကို အဘႏွင့္လက္ဝါး႐ိုက္ကာ ရသူမ်ားက စီးပြားေရးမေကာင္းဘူးလို႔ေျပာၾကပါတယ္။

ဒါေပမယ့္ ျမန္မာ့စီးပြားေရးဟာ သစ္ထုတ္တာပိတ္တာ၊ ေက်ာက္ကြက္အသစ္ေတြခ်မေပးတာေတြ လုပ္ထားတယ့္ၾကားက သူခိုးဖမ္းတယ့္ၾကားက၊ လာဘ္စားတာေတြတိုက္ဖ်က္တယ့္ၾကားကတိုးတက္လာခဲ့ပါတယ္။ ဒီအခ်ိန္မွာ အေမရိကန္နဲ႔တ႐ုတ္ ကုန္သြယ္ေရးစစ္ပြဲျဖစ္တာဟာ DASSK အစိုးရက ဘာမွလုပ္လို႔မရပါ။ ဘဂၤါလီကိစၥ ကမ႓ာကေျပာစရာျဖစ္ေအာင္လုပ္တာကိုလဲ DASSK အစိုးရက ေျခဥအရဘာမွလုပ္မရပါ။ ဒီၾကားထဲကစိန္ေခၚမႈမ်ားစြာထဲကမွ တိုးတက္ေနတာပါ။

ပထမဆံုး ကမ႓ာေပၚက ျမန္မာ့နည္းတူ ဆင္းရဲတယ့္ႏိုင္ငံေတြထဲမွာ ျမန္မာျပည္ကို တိုက္႐ိုက္ရင္းႏွီးျမဳပ္နံမႈအမ်ားဆံုး ၂၀၁၇-၂၀၁၈မွာ ဝင္ခဲ့ပါတယ္။ ယခုလဲ တိုယိုတာက လာေရာက္ရင္းႏွီးျမဳပ္ႏွံပါေတာ့မယ္။ သူ႔ကဲ့သို႔ လာမည့္သူေတြလဲရွိလာပါမယ္။

ယခု အျပန္အလွန္ဆႏၵျပတာေတြ ဒီမိုေတြကိုဖမ္းထည့္တာေတြက ႏိုင္ငံျခားကလာဖြင့္တယ့္ သံ႐ံုးေတြကို ျမန္မာျပည္မွာ လူ႔အခြင့္အေရးကို မလိုက္နာမေလးစားဘဲ အစိုးရလုပ္တာကို ကန္႔လန္႔တိုက္ေနတယ့္ လက္နက္ကိုင္အဖြဲ႕ေတြရွိေၾကာင္း သတင္းစကားပါးလိုက္သလိုျဖစ္ၿပီး သူတို႔လဲ DASSK အစိုးရကို ပူးေပါင္းကူညီျခင္းျဖင့္သာ အဓမၼဝါဒီ အာဏာရွင္စနစ္ကို ျမန္မာ့ေျမေပၚက ဖယ္ရွားႏိုင္မည္ျဖစ္ေၾကာင္း သတင္းစကားပါးလိုက္သလိုျဖစ္သြားပါတယ္။ သူတို႔ပိတ္ဆို႔ခ်င္ရင္ ဘယ္သူ႔စီးပြားေရးလုပ္ငန္းပိတ္ရမယ္ဆိုတာ ထင္ရွားသြားေစပါတယ္။

စီးပြားေရးကေတာ့ ေဒါက္ခိုင္တို႔လို ကြန္ဒိုေဆာက္သူ၊ စိန္ေက်ာက္ေရာင္းသူေတြအတြက္ေတာ့ ယခင္ကေလာက္မေကာင္းႏိုင္တာ လက္ခံပါတယ္။ ယခင္က လာဘ္စားသူမ်ား ဇီးသီးပန္းေမွာက္သူမ်ားက တိုက္ခန္းေတြဝယ္လိုက္ စိန္ေတြဝယ္လိုက္နဲ႔ အဆင္ေျပမွာပါ။ စီမံကိန္းေတြကို တင္ဒါမၿပိဳင္လဲ ဂြင္နဲ႔ရသူမ်ားလဲ အဆင္ေျပခဲ့ပါတယ္။

ယခင္ကဆိုက္ကားေမာင္းတယ့္ ေရႊဘကေတာ့ ယခင္ကလဲ ဆိုက္ကားေမာင္း ယခုလဲဆိုက္ကားေမာင္းမိုလို႔ ေဒါက္ခိုင္တို႔၊ ခ႐ိုနီတို႔၊ အဘတ တို႔ေလာက္ေတာ့ စီးပြားေရးမထိခိုက္ပါ။ ဒါေပမယ့္ ေရႊဘသားေလးေက်ာင္းထားရင္ ေက်ာင္းလခေတြမေပးရသလို ေဆး႐ံုေတြမွာလဲ ယခင္ကထက္အဆင္ေျပလာပါတယ္။ သူ႔အဘိုးက ၉၀ ႏွစ္ဆိုေတာ့ ေထာက္ပံ့ေၾကးေတာင္ လက္ရွိအစိုးရထံကရသလို သူ႔ေယာကၡမရဲ႕ပင္စင္ကလဲ တက္လာပါတယ္။ ေနာက္ ရင္ထိန္းရဲမ်က္ႏွာလဲ ၾကည့္စရာမလိုေတာ့ပါတယ့္။ သူက ဆိုက္ကားကေန အငွားကားေမာင္းခ်င္တာေတာ့ာအဆင္မေျပေသးဘူးေပါ့။ ေရႊဘက က်ဴးေက်ာ္ေနရၿပီး ကြီးၿဖိဳးက ေျမကြက္စီစဥ္ေပးမယ္ဆိုေတာ့ အဘတို႔လက္ထက္ကထက္ ေရႊဘတို႔လို ေအာက္ေျခလူတန္းစားက ပိုအဆင္ေျပပါတယ္။ ေမွ်ာ္လင့္ခ်က္ပိုရွိပါတယ္။

ဒါေၾကာင့္သာမန္ျပည္သူ ေရႊဘကေတာ့ NLD ပါဘဲတဲ့။

(တကယ့္အျဖစ္အပ်က္အေပၚ အေျခခံေရးပါသည္)

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page