top of page
Search

တောမီးလောင် မောင်မြင့် လက်ခမောင်းခတ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 5, 2020
  • 1 min read

မနေ့က ဘမောင်မြင့်ရေးတဲ့ လက်လုပ်လက်စားတွေအတွက် အစိုးရက ဘာလုပ်ပေးမလဲဆိုတာလေးကို ပြန်ရှင်းပြလိုပါတယ်။

ပထမအနေနဲ့ သူ့ရည်ရွယ်ချက်က အစိုးရနဲ့ လက်လုပ်လက်စားတွေကို ရန်တိုက်ပေးတဲ့ သဘောပါ။COVID တိုက်နေချိန်မှာ နိုင်ငံရေးမပါလိုပေမယ့် သူက တောင်းဆိုလာတော့လဲ ပြောရပါမယ်။

ဒီနေရာမှာ အစိုးရ ဘာလုပ်ပေးမလဲဆိုပြီး ဖွနေတာထက် ဖွတ်များအနေနဲ့ တကယ်အလုပ်သမားတွေကိုကူညီချင်ရင် ယခင်ခိုးထားတာတွေကို ပြန်ပေးပြီး ယခု COVID ကြောင့် ထိခိုက်သူများကို ကူဖို့လုပ်နိုင်ပါတယ်။

ပထမအနေနဲ့ နေပြည်တော်က ပြည်ခိုင်ဖြိုး ရုံးချုပ်ကြီးအထဲမှာ လွှတ်တော်အမတ်တွေအတွက်ဟိုတယ်လို ရေချိုးခန်း အိမ်သာတွဲလျက် အခန်းပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ ယခင်က လွှတ်တော်တက်တဲ့ အမတ်တွေအတွက်ဆောက်ထားခဲ့တာပါ။ ၂၀၁၆ ထဲက မဲရှုံးလို့ အခတ်းလွတ်များစွာ ရှိနေပါတယ်။ Quarantine လုပ်လို့ အင်မတန်မှ ကောင်းပါတယ်။ ဒါက ချက်ခြင်းကူညီနိုင်တာပါ။ နောက်စစ်အစိုးရလက်ထက် ပြည်ခိုင်ဖြိုးက လွှဲယူထားတဲ့ ရုံးခန်းတွေကိုလဲ Quarantine ဌာနလေးတွေ ပေးဖွင့်ရင်အဆင်ပိုပြေနိုင်ပါတယ်။ ဒါက ချက်ခြင်း ဘဘမြင့်တို့ ဖွတ်ပါတီအနေနဲ့ ကူနိုင်တာပါ။

ဒါမှ အားမရသေးရင် ယခုအလုပ်လက်မယ့်ဖြစ်သွားသူရော လက်ရှိအလုပ်လက်မဲ့ မဖြစ်ပေမယ့် အဘတို့က လစာအလကားပေးလိုရင် လူတစ်ယောက်နှစ်သိန်းလောက်နဲ့ ရှိသမျှဝန်ထမ်းတွေကို ထောက်ပံ့ပေးပါ။ အဘတို့ထံမှာက ယခင်အာဏာရှင်လက်ထက်က စုဆောင်းထားတာလေးတွေကိုသုံးပြီးထောက်ပံ့ပေးလိုက်ရုံပါ။

ဒါတင်အားမရသေးရင် ခြေဥကို ဖယ်ဒရယ်ပြောင်းလို့ စစ်ပွဲရပ်ရင် စစ်အသုံးစာရိတ်ကနေအလုပ်လက်မဲ့ဖြစ်တဲ့ အလုပ်သမားတွေကို သုံးလမကဘဲ တစ်သက်စာလောက်တောင် အဘတို့အနေနဲ့ထောက်ပံ့လာနိုင်ပါမယ်။

တကယ်စေတနာရှိရင် တကယ်ကူညီနိုင်တာတွေကို စဉ်းစားပါ။ တောမီးလောင်ချိန်မှာ လက်ခမောင်းတော့ ထမခတ်ပါနဲ့လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page