top of page
Search

တူမီးမှသည် တင့်ကားဆီသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 27, 2021
  • 1 min read

အာဏာသိမ်းအပြီး ဆန္ဒပြပွဲတွေအစမှာ တရုတ်၊ရုရှားနှင့် အာဆီယံနိုင်ငံ အများစုဟာ မြန်မာပြည်သူတွေကို လျှော့တွက်ခဲ့ကြပါတယ်။ အမေရိကန်ဦးဆောင်ပြီး ကုလလုံခြုံရေးကောင်စီမှာ အဆိုတင်ရင်လဲ တရုတ်နဲ့ ရုရှားက ဦးဆောင်ကန့်ကွက်ပါတယ်။ ပြည်တွင်းရေးပါပေါ့။ အာဆီယံကလဲ စင်ကာပူဝန်ကြီးချုပ်က အမေရိကန်တပ်မလာနိုင်ဘူး ဒါ့ကြောင့် မအလလုပ်တာကို မြန်မြန်လုပ်ခိုင်းပြီး ဒီမိုအတု ရွေးကောက်ပွဲအတုနဲ့ ဂျင်းထည့်ဖို့ စဉ်းစားခဲ့ကြပါတယ်။


NUG က အစိုးရဖွဲ့ပေမယ့် သူ့မှာစစ်တပ်မရှိသေးလို့ ဩဇာမရှိဘူးလို့ သူတို့တွေက အစပိုင်းမှာ တွက်ခဲ့ကြပုံပါ။ ယခု NUG က PDF စဖွဲ့ပါပြီ။ အများစုသူ့ရဲ့ စစ်စည်းကမ်းနဲ့ ဖွဲ့ထားတာက အစပိုင်းသာရှိပါသေးတယ်။


ဒါပေမယ့် ပြည်သူတွေက မြို့ရွာတိုင်းမှာ မိမိ PDF အဖွဲ့ မိမိဖွဲ့ပြီး ဖက်ဆစ်တပ်ကို ပြန်တိုက်နေကြပါပြီ။ ယခင်နဲ့ မတူတာက ၁၉၈၈/၉၀ အလွန်မှာ နယ်စပ်က ဖောက်ခွဲသူလွှတ်ရင် ခင်ညွန့်တို့က စောင့်ဖမ်းနိုင်တာပါ။ ယခုကတော့ သင်တန်းတက်ထားတဲ့ PDF က မလာသေးဘဲ မိမိရပ်ရွာက PDF တွေက ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထ တော်လှန်ကြတာပါ။ သူတို့ဟာ ဘယ်သူ့အမိန့်နဲ့မှမဟုတ်ဘဲ မိမိလုပ်စရာရှိတာကို လုပ်နေတာ လုပ်သွားတာတွေ့ရပါတယ်။ အားသာချက်က စရဖဘာမှလုပ်မရတာပါ။


ယခုအချိန်မှာ တစ်ပွဲပြီးတစ်ပွဲ PDF တွေက စစ်ဗျူဟာအရရော လက်နက်ပါ တိုးတက်လာတာ တွေ့ရပါတယ်။ တင့်ကားကို ကယားပြည်နယ်မှာ အသေခံ ဖျက်လိုက်နိင်တာက ပြည်သူတွေရဲ့ မအလ ဖက်ဆစ်တပ်အပေါ် မုန်းတီးမှုကို ပြနေပါတယ်။


ရခိုင်စစ်ပွဲကနေ ကိုးကန့်စစ်အထိ လက်နက်ကောင်းသူတွေ ဖက်တစ်တပ်ကို တိုက်ချိန်မှာတောင် တင့်ကားကို မဖျက်နိုင်ခဲ့ပါ။ ဒါ့ကြောင့်ကယားက အောင်မြင်မှုဟာ ကြီးမားပါတယ်။ ယခုအချိန်မှာနေပြည်တော်ကို မသိမ်းနိုင်သေးပေမယ့် ရန်ကုန်ဟာ မြောက်ဦးလို ဖက်တစ်တပ်တွေ ကျီးလန့်စာစားနေရတဲ့နေရာ ဖြစ်လာနေပါပြီလို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page