top of page
Search

တိုင်းဝန်ကြီးတစ်ယောက်၏ ဖွင့်ဟ ဝန်ခံချက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 18, 2020
  • 1 min read

၂၀၀၈ ခြေဥက ဗဟိုကို အခြေခံပါတယ်။ NLD က တိုင််း/ပြည်နယ်တွေကို လုပ်ကိုင်ခွင့်ပေးပြီး ဖယ်ဒရယ်ကို ပုံဖော်ဖို့ ကြိုးစားပါတယ်။ ပြဿနာက ဝန်ထမ်းတွေကို ထိန်းကျောင်းမှုဟာ ဗဟိုကို အခြေခံထားသေးတာပါ။ ထွေအုပ်တင်မဟုတ်ဘဲ၊ ဌာနတိုင်းဟာ တိုင်း/ပြည်နယ်တွေမှာ တိုင်း/ပြည်နယ်အဆင့်တိုင်းမှူးတွေရှိကြပါတယ်။ အများစုဟာ ညွှန်မှူးအဆင့်၊ အချို့ဟာ ဒုညွှန်ချုပ်အဆင့်ပါ။ သူတို့တွေဟာအချို့ကိစ္စတွေအတွက် တိုင်း/ပြည်နယ် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေရဲ့ လက်မှတ်လိုပါတယ်။ ဒါပေမယ့် သူတို့ဟာ အဆိုပါ တိုင်းဒေသကြီး ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေပြောတာကို အမြဲလိုက်လုပ်စရာ မလိုပါဘူး။ ဥပမာ တိုင်းဝန်ကြီးက ဒါလုပ်ဆိုရင် သူတို့က ပြောတဲ့အတိုင်းမလုပ်ဘဲ ပညာပြလို့ရပါတယ်။ပညာပြလို့ အထက်ကို တိုင်ရင်လဲ သူတို့ဟာ သူတို့ရဲ့ ဗဟိုဝန်ကြီးကကြိုက်ရင် အလုပ်မပြုတ်ဘဲ နေနိုင်ပါတယ်။ ဒီပြဿနာတွေက မိုးကျဌာနတင်မဟုတ်ဘဲ အရပ်ဖက်ဝန်ကြီးတွေရှိတဲ့ ဌာနတွေမှာပါ ဖြစ်ပါတယ်။ အနည်းအများသာ ကွာတာပါ။


အများစုက ပြည်ထဲရေးရဲ့ ရဲတပ်ဖွဲ့မှာ ဖြစ်နေတာပါ။ ဒါကို သူတို့ရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာသိသာစွာ တွေ့ရပါတယ်။ သူပြီးရင် ဒုတိယလိုက်တာက ထွေအုပ်ပါ။ ဒါကို အထက်က ပြတ်ပြတ်သားသား မကိုင်ရင် လူမလေး ခွေးမခန့်ဖြစ်တတ်ပါတယ်။ နောက်ပြဿနာက သူတို့ကို အရေးယူရာမှာလက်ရှိနိုင်ငံ့ဝန်ထမ်း ဥပဒေအရက ထိထိရောက်ရောက် အရေးမယူနိုင်တာ တွေ့ရပါတယ်။ သူတို့ကို PE DE ဖွဲ့စစ်လဲ စစ်သူတွေဟာ သူတို့ဌာနက အချင်းချင်းဖြစ်နေလို့ ညီလေး၊ အစ်ကိုကြီးနဲ့ ပြီးသွားပါတယ်။ အောက်ခြေအဆင့်ဆိုရင်သာ ခံရတာပါ။

မြင်အောင်ပြရရင် ရဲမှူး မိုးရန်နိုင်ကို အမှုကြီးနဲ့ စွဲခဲ့ပေမယ့် မိုးရန်နိုင်က ပြန်စွပ်စွဲတဲ့ ရဲမှူးချုပ်တင်ကိုကိုကိုတော့ ဘာမှ မစစ်ခဲ့ပါ။ ဖြစ်သင့်တာက သူတို့လို ညွှန်မှူးရာထူးတွေကို လွှတ်တော်ကော်မတီတွေကစစ်ပြီး ထုတ်လို့ရအောင် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်သင့်ပါတယ်။ ဒါဆိုရင် အဆိုပါဝန်ထမ်းတွေဟာ ရွေးကောက်ခံတွေကို ပိုပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိလာမှာပါ။ အောက်ခြေအဆင့် ဝန်ထမ်းတွေကိုတော့ လက်ရှိဥပဒေအရ ဆက်ပြီးအရေးယူချင်ရင် ထားလိုက်ပါ။

ယခုလဲ ထွေအုပ်ဟာ အရပ်သားအစိုးရအောက်ကို ရောက်လာပေမယ့် သူတို့ရဲ့ ဝန်ကြီးဟာ မိုးကျသာဖြစ်နေပြီး အတွင်းဝန်တွေကလဲ မိုးကျသာဖြစ်နေလို့ လူပါးဝနေကြတာပါ။ နောက်အစိုးရအနေနဲ့အဆိုပါထွေအုပ်ဌာကို ဖျက်သိမ်းပြီး ထွေအုပ်တွေကို အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ်သာ ထားသင့်ပါတယ်။နောက်မှ ထွေအုပ်ကို ဘယ်လိုဒီမိုစနစ်ကျကျ ပြုပြင်ပြောင်းလဲသင့်လဲ အကြံပေးတာကို ရေးပါ့မယ်။နိုင်ငံရေးသမားသာ ထွေအုပ်ဝန်ကြီးနေရာမှာဆိုရင် ဒုဝန်ကြီးကလဲ နိုင်ငံရေးသမားဆိုရင် ယခုထက်ပိုပြီး လုပ်နိုင်မှာပါ။


ယခု အောက်ကပုံမှာ အင်ဂျင်နီယာပညာတတ် တိုင်းဝန်ကြီးက သူနဲ့ ထွေအုပ်အဖြစ်အပျက်ကို ရေးပြီးဖြေရှင်းထားတာပါ။ NLD အစိုးရအနေနဲ့ ဒီလို လူပါးဝတဲ့ အဘတဝန်ထမ်းများကို နေရာပြောင်းတာတင်မဟုတ်ဘဲ အာဏာဖီဆန်မှု၊ အသေရည်ဖျက်မှု ၅၀၅ တွေနဲ့ ပါ အရေးယူထောင်ချသင့်ပါတယ်။တစ်ယောက်လောက်ကို စံပြလုပ်ပြလိုက်ရင် အဆင်ပြေပါတယ်။

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Dec 19, 2020

သူက ဝါးမှာ

Like

Myint Soe Oo
Myint Soe Oo
Dec 18, 2020

ဦးမြတ်! ပုဂံခေတ်က စခဲ့သည်ထင်ပါရဲ့။

**မောင်ကျန်! တစ် တို့ ၊ တစ် တို့

နှစ်တွေဟောင်း စနစ်တွေ အလီလီပြောင်းလာတော့ မောင်ကျန်မှသည် **မောင်ကြံ**ဆီသို့။

#မောင်ကြံတစ်တို့ တစ်တို့နဲ့

#ကောင်းမှန်းသိ သာအိ တဆိုဆို။

ထန်းပင်မြင်တိုင်း လက်ညှိုးထိုး

နေညိုရင် လေပြိုသောကြောင့်။

အကျင့် စရိုက် ပြင်ရခက်ပါသည်။

မောင်ကြံ မ တို့နိုင်အောင်

#မောင်မှန်တို့ အစားထိုးမှသာ

ထန်းပင်ကို လက်ညိှုုး မထိုး

ထန်းရည်ဖိုး သက်သာပါမည်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page