top of page
Search

တိုင်းပြည်ရဲ့ ထွက်ပေါက်ကို ရှာကြည့်ခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 31, 2024
  • 1 min read

မြန်မာပြည်ကြီးဟာ မအလအာဏာသိမ်းအပြီး အချုပ်အခြာအာဏာ ဆုံးရှုံးလာတာကို တပ်ထဲကလူများ၊ ဖွတ်များ၊ ဒီမိုများ အားလုံးက လက်ခံမယ်လို့ ထင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဥပဒေဟာ မြန်မာပြည်အပေါ်မှာ ဩဇာခံနိုင်ငံသဖွယ် သက်ရောက်လာတာဟာ မြန်မာ့သမိုင်းမှာ တရုတ်ပြေးမင်းပြီးရင် မအလလက်ထက်မှာ ဒုတိယအကြိမ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။  အလွန်ရှက်ဖို့ကောင်းပါတယ်။

မြန်မာနိုင်ငံသားကတရုတ်နိုင်ငံသားတွေကို သတ်မိလို့ တရုတ်ပြည်ကို နေပြည်တော်ကနေ ဖမ်းပြီး လာခေါ်သွားတာဟာ အင်မတန်မှ ရှက်ဖို့ကောင်းပါတယ်။ ဒီလူဟာ ကြံ့ဖွတ်ပါတီကို ထောက်ခံခဲ့သူပါ။ ထို့အတူ တရုတ်သံရုံးကနေ မအလကို တရုတ်ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူများကို ဖမ်းဆီးအရေးယူခိုင်းတာဟာလဲ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးတာပါ။ ဒါတွေဖြစ်ရတာဟာ မအလရဲ့ ညံ့ဖျင်းမှုကြောင့်ဆိုတာ အမျိုးသားရေးသမားများရော၊ တပ်ထောက်ခံသူများရော၊ တပ်ကိုဆန့်ကျင်တဲ့ ဒီမိုများအားလုံးက သဘောတူမှာ သေချာပါတယ်။ ဒီနေရာမှာ ပေါက်ကိုယ်တော်က မအလကို ထွက်စေချင်သလို တပ်ထဲက တပ်မှူးများကလဲ မအလကို ထွက်စေချင်ကြပါတယ်။ အငြိမ်းစားဗိုလ်ချုပ်ကြီးများကလဲ မအလကို ထွက်စေချင်နေကြပါပြီ။  သူတို့က ဒုချုပ်စိုးဝင်းကို အာဏာသိမ်းစေချင်ကြပါတယ်။ ဒုချုပ်ကလဲ အာဏာသိမ်းလိုဟန် လောလောဆယ်မှာ မရှိသေးပါ။ မအလထွက်သွားတာဟာ ဒီမိုလမ်းကြောင်းပေါ် ရောက် မရောက်မသေချာပေမယ့် အဆိုပါလမ်းကိုဦးတည်ဖို့ မအလကို ပထမဆုံး ဖယ်ရှားရမှာပါ။ ဒါဆို မဘသတွေ၊ မအလကို ဖယ်ရှားလိုသူတွေနဲ့ စာရေးသူတို့တွေ ဘယ်လိုအလုပ်တွဲလုပ်နိုင်ပါသလဲ? ဒါကမတူတာတွေဖယ်ပြီး တူတာကိုစလုပ်နိုင်တဲ့ နည်းပါ။ အာဏာပြန်သိမ်းရန်လဲ မလိုပါ။

အားလုံး အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး ဘယ်လိုအဆုံးသတ်သွားလဲ မှတ်မိကြမှာပါ။ ကရင်မှာ ရဟတ်ယာဉ်အပစ်ခံရတာက စာရေးသူတို့ အတွင်းအပြင် ပူးပေါင်းရင် မအလကို အတွင်းရေးမှူး(၂) ကို ဖယ်ရှားသလို ဖယ်ရှားနိုင်မှာပါ။ ဒါမှမဟုတ်လဲ ဖရဲသီး/ အမျိုးသားရေးသမားသတင်းနဲ့ ကရင်ကလို ငှက်ကင်လုပ်နိုင်ရင် မအလ မုန့်ဟင်းခါးဖြစ်သွားမှပါ။ ဒါဆိုရင်ဒုချုပ်အနေနဲ့လဲ အာဏာသိမ်းစရာမလိုဘဲ တပ်ချုပ်မရှိတော့လို့ တပ်ချုပ်နေရာကို အလိုလို ယူလာနိုင်မှာပါ။ သူ့ရဟတ်ယာဉ်ကလဲ တပ်ထိပ်ပိုင်းတွေပါလို့ တပ်ပြောင်းလဲမှုပါ အဆင်ပြေမှာပါ။ ထိုကနေ ဒီမိုလမ်းကြောင်းသွားမလား ဆက်မိုက်မလားကတော့ ဒုချုပ်အနေနဲ့ စဉ်းစားရမှာပါ။ မအလမရှိလို့ ယခင်ဖြစ်ခဲ့တာတွေကို မအလထံထိုးကျွေးပြီး တပ်လဲနာမည်ဆယ်လို့ အနည်းအပါးလဲ ထွက်ပေါက်ရမှာပါ။  ဒီထွက်ပေါက်ဟာ အနောက်ကို အားမကိုး တရုတ်ကိုမအားကိုးဘဲ တရုတ်ကြောက်မအလကို လက်တွေ့ကျကျဖယ်ရှားနိုင်မယ့်နည်းလမ်းပါ။

တိုင်းပြည်မှာ အန္တရာယ်တွေက မျိုးစုံပါ။ အမြင်တွေမတူပေမယ့် အချုပ်အခြာအာဏာအတွက် ဘုံရန်သူကိုတော့ ဒီနည်းနဲ့ အမြန်ဖယ်နိုင်မယ်လို့ ယူဆပါတယ်။ ဒါက ပန်းတိုင်မဟုတ်ပေမယ့် ထွက်ပေါက်ထဲက တစ်ခုပါလို့သာ ပြောပါရစေ။ မအလကြောင့် စနစ်ပြောင်းမှာမဟုတ်ပေမယ့် ဒါက ပထမခြေလှမ်းဖြစ်လာနိုင်တယ်လို့ ထပ်ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page