top of page
Search

တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်တဲ့ ဇေယျာသီရိ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 27, 2020
  • 1 min read

ဇေယျာသီရိမြို့မှာ ၂၀၂၀ အတွက် မဲပေးခွင့်ရှိသူ ၇၉၀၂၉ ဦးရှိပါတယ်။ ရှစ်သောင်းနီးပါးပေါ့။ ဇေယျာသီရိမှာ ဘရွှေမန်းက ၂၀၁၀ မှာ နိုင်ခဲ့ပါတယ်။ ဒါက မထူးဆန်းပါဘူး။ ၂၀၁၅ မှာတော့ ဗိုလ်ချုပ်ကြီးလှဌေးဝင်း နိုင်ခဲ့တဲ့နေရာပါ။ သူက မဲ ၃၀၀၅၈၊ ကြိုတင်မဲ ၆၆၄၆ နဲ့ စုစုပေါင်း ၃၆၇၀၄မဲ(၆၂.၇၆%) ရခဲ့ပြီး NLD က ၂၀၀၁၉၊ ကြိုတင်မဲက ၈၃၇၊ စုစုပေါင်း ၂၀၅၈၆ (၃၅.၆၆%) သာ ရခဲ့ပါတယ်။

ဇေယျာသီရိဟာ တပ်ထိုင်ထားတဲ့မြို့ဖြစ်ပြီး တပ်မိသားစုတွေ အများစုနေပါတယ်။ အံ့ဒီအချိန်က မဲပေးခွင့်ရှိသူက ၇၃၀၆၀ ရှိခဲ့ပြီး မဲရုံမှာ မဲလာပေးသူက ၅၄၆၂၉၊ ကြိုတင်မဲက ၇၆၃၈ ပါ။ အဲ့ဒီအထဲမှာတပ်ကြိုတင်မဲ ခြောက်ထောင်ကျော်ဟာ များနေခဲ့ပါတယ်။

၂၀၁၅ မှာက USDP က အာဏာရပါတီပါ။ နောက်ဗိုလ်ချုပ်ကြီးလှဌေးဝင်းကလဲ အငြိမ်းစားယူထားကာစ ပူပူနွေးနွေးရှိပါသေးတယ်။ မဲရုံတွေကလဲ တပ်ထဲမှာပါ။ ဒါက အဲ့ဒီအချိန်က USDP ရဲ့ အားသာချက်ပါ။

၂၀၂၀ မှာက ယခင်ကလို အာဏာမရှိတော့ပါ။ တပ်ထဲမှာတော့ တပ်ချုပ်ရဲ့ မူ ၆ ချက်နဲ့အညီမဲပေးဖို့အစည်းအဝေးတိုင်းမှာ ပြောနေတာပါ။ ဒါပေမယ့်လဲ အောက်ခြေက တပ်သားတွေက သူပြောတဲ့အတိုင်း မဲပေးမလား သူ့ကို ကန့်လန့်တိုက်မလား မသေချာပါ။ တပ်မဲရုံကို အပြင်ထုတ်ရမှာမိုလို့ကြိုတင်မဲပေးခိုင်းနေပေမယ့် အများကြီးလဲ လုပ်မရတာ သူတို့သိပါတယ်။ နောက် ဘသန်းဌေးဟာယခင်က ဗိုလ်ချုပ်ကြီးလှဌေးဝင်းလို ပူပူနွေးနွေး အငြိမ်းစားယူထားတာမဟုတ်လို့ မသိသူများလဲ ရှိပါတယ်။ အချို့တပ်ထဲကလူများက အဘကို ကန့်ကွက်တဲ့အနေနဲ့ UBP ဘရွှေမန်းပါတီကို တပ်မဲရုံအပြင်ထုတ်ရင် ပေးမည့်သူများလဲ ရှိနေပါတယ်။ ဒါကြောင့် USDP ထဲက တပ်မဲတွေဟာ ကွဲပါမယ်။

ပုံမှန်ဆိုရင် NLD အတွက်က မဲ တစ်သောင်းခွဲကျော် ထပ်ရမှ အဆင်ပြေမှာပါ။ ဒါပေမယ့် တပ်ထဲမှာကလဲ လက်ရှိတပ်ချုပ်ရဲ့ အစိုးရကို မလိုအပ်ဘဲ မိမိရဲ့ သမ္မတအိပ်မက်အတွက် ကန့်လန့်တိုက်တာတွေကိုမကျေနပ်သူများလဲ ရှိနေပါတယ်။ စစ်ရေးဆိုင်ရာကိစ္စများ၊ ဦး၊ ရေး၊ ထောက် အစုံပါဘဲ။ ပိုက်ဆံကိုနည်းမျိုးစုံနဲ့ အဖြတ်ခံနေရတာတွေ၊ မိသားစုဝင်တွေကို အဆင်လိုက် ခွဲခြားဆက်ဆံခံရတာတွေကို မကြိုက်ကြပါ။ အဆိုပါတပ်ဖွဲ့ဝင်များနဲ့ မိသားစုများဟာ တပ်ပြင်ပမှာ လွတ်လပ်စွာမဲပေးခွင့်ရရင် USDP မဟုတ်တဲ့ ဓမ္မပါတီကို မဲပေးဖို့ ပြင်ဆင်နေကြပါတယ်။ ဒါဟာ အနုနည်းနဲ့ တော်လှန်တာလို့ ခံယူထားသူများလဲ များစွာရှိနေပါတယ်။

အကယ်၍ ဇေယျာသီရိကသာ နီသွားခဲ့ရင် အဘပုအတွက် မိမိတပ်က မိမိကို အယုံအကြည်မရှိအဆိုတင်သလို ဖြစ်သွားမှာပါ။ ဒါဆိုရင်တော့ ပြောင်းလဲမှုဟာ ငြင်သာသွားနိုင်ပါတယ်။ ဒါကြောင့်မိုလို့ဇေယျာသီရိဟာ တပ်ထဲမှာ သူ့ဩဇာဘယ်လောက်ရှိမလဲဆိုတာ စောင့်ကြည့်ရမယ့်မြို့နယ်လို့ ပြောပါရစေ။ ဇေယျာသီရိနီရင် မြန်မာပြည်နီပါပြီ။


Photo credit: Than Htay, Moe Swe

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

3 Comments


tinsein.mdy
tinsein.mdy
Oct 27, 2020

ဆရာမြတ်ခင်ဗျား။မနေ့ကf.b မှာစာရေးဆရာမဝင့်ပြုံးမြင့်မှ is with Thu Ya ဆိုပြီး---------

သဘောမတူရင် အမြင့်စား ဆွေးနွေးမှု နဲ့ ငြင်း ချက်ထုတ်ပါ။ တွေ့ကရာ ရမ်းမပြောနဲ့။ ဖြေတဲ့ လူကလည်း အချက်အလက်နဲ့ ဖြေပါ။ ငါ့စကားနွားရ မလုပ်ပါနဲ့။ ဆိုတဲ့ပြီးတင်ထားတဲ့postကအစိတ်သားလွှတ်တော်ထဲရှိနေတာဘဲမှန်သလို။NLDအစိုးရနဲ့ပြည်သူတွေကဘဲစစ်တပ်ကိုယ်စားလှယ်တွေကိူမလိုမုန်းထားနေတာတဲ့။

အင်္ဂလန်လွှတ်တော်မှာတောင်မင်းဆွေမင်းမျိုးတွေကရာခိုင်နှုန်းဘယ်လောက်ထည့်ထားတာဆိုတော့မြန်မာနိုင်ငံလိုဒီမိုကရေစီမစစ်တစစ်နိုင်ငံမှာမူလက၃၅%စစ်အဘကြီးကထည့်ဘို့စဉ်းစားတာနောက်မှ၂၅% လောက်ဘဲတော်ပါပြီဆိုပြီးထားခဲ့တာတဲ့။အတာ်များများကဒီစာရေးဆရာမရဲ့ပညာရှင်မဆန်တဲ့postတင်မှုကိုလက်မခံကြပေမဲ့အချို့လူငယ်တွေဒီဂျင်းအမှားကြီးကိုလက်ခံမိသွားရင်နိုင်ငံအတွက်တော်အန္တရယ်ရှိနိုင်မယ်ထင်မိပါသဖြင့်ဆရာမြတ်သိရှိဖေါ််ထုတ်နိုင်စေရန်တွဲတင်ပြပေးလိုက်ပါတယ်ခင်ဗျား။ဆရာမြတ်ကဇာနည်တိုက်postကလွဲပြီးအခြားpostများဖတ်ဖြစ်ဘူးဆိုထားသဖြင့်ယခုတင်ထားသောစာရေးဆရာမဝင့်ပြုံးမြင့်၏postအားခြေပပေးစေလိုပါသည်ခင်ဗျား။လေးစားစွာဖြင့်။တင်စိန်။


အစိတ်သားအကြောင်းပြောပါရစေ

ဒီကနေ့တင်တဲ့post ရဲ့ရည်ရွယ်ချက်က

အစိတ်သားတွေအပေါ် တချို့သော

လူတွေရဲ့ ပိတ်နေတဲ့မျက်လုံးတွေကို ဖွင့်ပေးဖို့

ကောက်နေတဲ့ လမ်းကို ဖြောင့်ပေးဖို့

မှောင်နေတဲ့ ဉာဏ်တွေကို လင်းစေဖို့ပါ

########################

*Nld တွေ ရမ်းသမ်းပြီးပြောနေတဲ့ တပ်မတော်သား

၂၅ % ရဲ့အကြောင်းပါ။

အဲ့ဒီပြောနေတဲ့သူတွေက သူတို့ကိုယ်တိုင်လည်းစာမဖတ်ဘူး

ဖတ်တယ်ဆိုရင်လည်းနားလည်အောင်မဖတ်တတ်ကြပါဘူး

ပိုပြီးဆိုးတာက ကိုယ်က အဓိပ္ပါယ်ကို နားမလည်ရင်

မေးပါ မြန်းပါ စူးစမ်းပါ အဲ့လိုလည်းမမေးဘူး

သိသလိုလို တတ်သလိုလိုနဲ့ ကိုယ်ထင်ရာတွေ စွတ်ပြော

နေကြတာတွေ့နေရလို့ ဒီpost ကိုရေးတာပါ။

မြန်မာနိုင်ငံရဲ့ လွှတ်တော်မှာ ဆုံးဖြတ်ချက်တွေ ကို

မဲခွဲပြီးဆုံးဖြတ်ကြပါတယ်။

အမျိုးသားလွှတ်တော်

ပြည်သူ့လွှတ်တော်

ပြည်ထောင်စုလွှတ်တော်ဆိုပြီးတော့ လွှတ်တော် သုံးရပ်

ရှိပါတယ်။

အဲ့ဒီလွှတ်တော်ထဲမှာ လက်ရှိအနေအထားအရ

တပ်မတော်သားတွေက ၂၅% ပါဝင်နေပါတယ်။

အမျိုးသားလွှတ်တော်မှာ ပြည်သူ့ကိုယ်စားလှယ် ၁၆၈ယောက်နဲ့

တပ်မတော်သားကိုယ်စားလှယ် ၅၆ ယောက် စုစုပေါင်း ၂၂၄

ပြည်သူ့လွတ်တော်မှာ ပြည်သူ့က်ုယ်စားလှယ် ၃၃၀ယောက်နဲ့

တပ်မတော်သားကိုယ်စားလှယ် ၁၁၀ယောက် ပေါင်း၄၄၀

ပြည်ထောင်စုလွှတ်တော်ကတော့

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပေါင်းထားတာမို့လို့

ပြည်သူ့က်ုယ်စားလှယ်က ၁၆၈+၃၃၀=၄၉၈ ယောက်

တပ်မတော်သားကိုယ်စားလှယ်က ၁၆၆ ယောက်

စုစုပေါင်း ၆၆၄ ယောက် ရှိပါတယ်။

လွှတ်တော်တွေက မဲခွဲဆုံးဖြတ်ပြီး မှအတည်ပြုရတာပါ

nldတွေ ထင်သလို ရမ်းသမ်းပြီး အတည်ပြုလို့မရပါဘူး။

ဒါကြောင့်ပြည်ထောင်စုလွှတ်တော်မှာဆိုရင်

အတည်ပြုနိုင်ဖို့ မဲအရည်အတွက်က

စုစုပေါင်း၆၆၄ မဲရဲ့…

Like

Myint Soe Oo
Myint Soe Oo
Oct 27, 2020

ဦးမြတ်! မနိုင် နိုင်သောအခါ၊ မိုင်းကိုင်၊ဇေယျာသီရိ။ ၃ ပုဒ်အတွက်

ဉာဏ်မီသမျှ သုံးသပ်မိပါသည်။

လှတာလေးမှ လိုချင်တယ်၊ လှတယ်ပြောမှ သဘောကျတယ်။

ကောင်းပေ့ ညွန်ပေ့ဆိုတာမှန်သမျှ ရယူခံစားလိုကြတာ လူသားတိုင်း၏ မွေးရာပါဗီဇပါ။

ကံ နှင့် ဝန်းကျင်အ ​ေ ​​ခြ နေတရပ်ကြောင့်သာ။ အခွင့်သာခိုက် မနှိုက်၊ အမိုက် နင့်ပြင်ရှိပါဦးမလားဆိုတဲ့ အယူနဲ့မူ အရပါ။သက်သေပြပါမည်။ အကောင်းလောကဓံနဲ့ (လာဘ်၊ အကျော်အစော၊ ချမ်းသာများ)ကြုံခိုက်မှာ

လောကဓံလို့ အသိအမှတ်ပြုကြသူ ရာနှုန်း ဆယ်ဂဏာန်းအောက်မှာသာရှိပါသည်။ ငွေခမ်း၊ ဝန်းရံသူမရှိ၊ ဆင်းရဲ ကာမှ**နင်လားဟဲ့!လောကဓံ**ထကြုံးဝါး အံကြိတ်သူများကတော့ ရာနှုန်းအားဖြင့်? ?+++? ။

ရခဲ့ပြီးသူများ၊ ရဆဲသူများ ၊ ရလတ္တံ ဟု မျှော်နေသူများ။

ရခဲ့ပြီးသူကလည်း ဆုံးရှုံးရမှာ ကြောက်ပါသည်။(မဆုံးရှုံးအောင် ကာကွယ်ရပါမည်){ ဒေါက်ဖိနပ် အဖျက်သီချင်း ဖန်တီးသူ ၊ မင်းကင်း တို့က သက်သေ }

ရဆဲ ရခိုက် သူများကလည်း ဆက်ရနေချင်ပါသေးသည်။(သို့ကြောင့် ကာကွယ်ရပါမည်){ ကိုကိုးကျွန်းက ထ ထ ကန့်ကွက်တာမှတ်မိပါလိမ့်မည်။ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်တဖက်ကမ်း ရွာက၊}{ ဘုန်းဘုန်းလေး ဘုန်းကျော့မှုး ဟိုဟာနဲ့နှိုင်တဲ့

သူများ အရေတွက်ကလည်း ထည့်စဥ်းစားစရာ }

ရလတ္တံ့ မျှော်နေသူများ (အမ ဝမ်းကွဲ၊ သူ့သားအတွက် ယိမ်းလို့၊ ခုခါ စိမ်း နေရပါသည်။ သူငယ်ချင်းလည်း သူ့သားကြောင့်

စိမ်း၊ ကျွန်တော်သိသလောက်၊ ဆက်ဆံမိသမျှ မ ပွင့် နိုင်၍ ရစ် ဝဲ နေသူများကလည်း သူတို့မရှိရင်

တိုင်းပြည်ပျက်မဲ့ သဘော }

ဘုံပျောက်မှာတော့ ကြောက်ကြသူချည်းပါ။ သူသူ ကိုယ်ကိုယ်။

**လက်တဆုပ် ဘုံဆောက်ဖို့

အများစု ဘုံ ပျောက်ပေးရမှာလား

ဓမ္မ နှင့် အဓမ္မ

ဓမ္မ နှင်…


Like

Albert Wint
Albert Wint
Oct 27, 2020

ဘရိမ်းဝါရှ်တွေက တဖြေးဖြေး နေလာ နှင်းပျောက် ပီပြင်လာနေပါပြီ အမှန်တရားသည်နောက်ဆုံးမှာအောင်ပွဲခံရစမြဲပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page