ျမန္မာ့ႏိုင္ငံေရးမွာေဝဖန္သူမ်ားကတပ္ႏွင့္ဖြတ္ကတစ္ဖက္NLD ကတစ္ဖက္မိုလို႔တတိယအင္အားစုလိုသေရာင္ေျပာၾကပါတယ္။စာေရးသူကေတာ့ဒီအျမင္ကိုသေဘာမတူပါ။ဘာေၾကာင့္လဲ?
ယခင္ကစစ္အစိုးရနဲ႔စစ္အစိုးရဆန္႔က်င္ေရးအင္အားစုဆိုၿပီးရွိပါတယ္။စစ္အစိုးရဆန္႔က်င္ေရးအင္အားစုထဲမွာလက္ဝဲလက္ယာနဲ႔လူမ်ိဳးေရးေပၚအေျချပဳအဖြဲ႕ေတြရွိပါတယ္။
ယခု၂၀၁၆မွာDASSK အစိုးရအာဏာရလာပါတယ္။ယခုေျခဥျပင္ဆင္ေရးကိုၾကည့္ပါ။တပ္နဲ႔ဖြတ္က၂၀၀၈ကိုစြဲကိုင္ပါတယ္။ဘာမွမျပင္ဘူးေပါ့။ဒီေနရာမွာအခ်ိဳ႕တိုင္းရင္းသားမ်ားကလဲယခုထြက္သြားေပါ့။ဖယ္ဒရယ္ခ်က္ျခင္းေပးေပါ့။သူတို႔ေတာင္းေနပံုကယခုရန္ကုန္ကိုဝိုင္းထားလို႔ေပးရမယ့္ပံုမ်ိဳးပါ။ဒီေနရာမွာအခ်ိဳ႕လက္ဝဲနဲ႔လက္ယာစြန္းေရာက္ကလဲဒီမိုကေရစီစံႏႈန္းအတိုင္းခုခ်က္ျခင္းေပးေပါ့။မဟုတ္ရင္လက္ရွိဒီမိုအစိုးရလုပ္သမွ်ေဖာင္းထုမယ္ေပါ့။ဖယ္ဒရယ္တိုင္းျပည္အတြက္လိုတာကိုမျငင္းပါ။ေမးခြန္းကဘယ္ေလာက္ျမန္ျမန္ေပးမလဲဆိုတာပါ။
NLD ကသူသြားလိုတယ့္ပံုစံကိုခ်ျပလာပါၿပီ။တျဖည္းျဖည္းခ်င္းစစ္တပ္ရဲ႕အခန္းက႑ကိုေလွ်ာ့ခ်ေရးပါ။ဝကလဲသူလိုခ်င္တယ့္ပံုစံကိုခ်ျပလာပါၿပီ။ယခင္ကရခိုင္၊ရွမ္းနဲ႔ကခ်င္ကေျပာထားတာလဲရွိပါတယ္။ေလ့လာၾကည့္ရင္NLD ကအလယ္ကရပ္ေနတာေတြ႕ရပါတယ္။အျခားသူေတြကႏွစ္ဖက္စြန္းမွာပါ။ဒီေနရာမွာDASSK စာေရးေတာ့ဘေရႊရဲ႕သားမက္ေဟာင္းက်ရာေနရာကပါပါ့မယ္လို႔ေရးပါတယ္။
ဒါေပမယ့္ရဲဖြတ္တို႔ကေတာ့မိမိရဲ႕ဆရာဘစိန္ကဘေရႊေရွ႕ဒူးေထာက္ေနေပမယ့္DASSK ကိုပုတ္ခတ္ေရးပါတယ္။ဒါကနံနံတို႔လိုသူတို႔လိုလူေတြကဂြင္ေပ်ာက္မွာစိုးလို႔ပါ။ဒါကဖြတ္ဘက္က။အခ်ိဳ႕က၂၀၁၂ေနာက္ပိုင္းခိုးမိလို႔ျပန္ဆပ္ရမွာေၾကာက္လို႔ပါ။
ညိဳညိဳသင္းကလဲDASSK နဲ႔ဘေရႊေျပလည္ရင္တိုင္းျပည္ေကာင္းမွာမလိုလားလို႔စဖြပါၿပီ။ေနာက္လာဦးမွာပါ။အစြန္းေရာက္မ်ိဳးခ်စ္တိုင္းရင္းသားကလဲသူတို႔ကိုမေရးဘူးဘာညာ။ဒါကတိုင္းျပည္ရဲ႕ပကတိအေျခအေနကိုျပေနပါတယ္။
ဘက္အားလံုးသိရမွာကျမန္မာျပည္ထက္စစ္ေရး၊စီးပြားေရးသာတဲ့တ႐ုတ္ျပည္ရဲ႕လက္ေအာက္ခံေဟာင္ေကာင္မွာတရားခံလႊဲေျပာင္းေရးဥပေဒကိုျပည္သူကမႀကိဳက္လို႔ေဟာင္ေကာင္အစိုးရကတိုင္းျပည္မ်က္ႏွာၾကည့္ၿပီးရပ္ေပးလိုက္ပါတယ္။တ႐ုတ္ႀကီးလဲမန္ေလွ်ာ့ရပါတယ္။
ဒီေနရာမွာအစြန္းႏွစ္ဖက္ကအဖြဲ႕မ်ားအေနနဲ႔လဲတိုင္းျပည္မ်က္ႏွာၾကည့္ၿပီးDASSK ဦးေဆာင္တဲ့NLD အစိုးရနဲ႔ပူးေပါင္းေဆာင္ရြက္ပါလို႔ေျပာလိုပါတယ္။
Unicode version
တိုင်းပြည်မျက်နှာကြည့်ပါ
မြန်မာ့နိုင်ငံရေးမှာဝေဖန်သူများကတပ်နှင့်ဖွတ်ကတစ်ဖက်NLD ကတစ်ဖက်မိုလို့တတိယအင်အားစုလိုသရောင်ပြောကြပါတယ်။စာရေးသူကတော့ဒီအမြင်ကိုသဘောမတူပါ။ဘာကြောင့်လဲ?
ယခင်ကစစ်အစိုးရနဲ့စစ်အစိုးရဆန့်ကျင်ရေးအင်အားစုဆိုပြီးရှိပါတယ်။စစ်အစိုးရဆန့်ကျင်ရေးအင်အားစုထဲမှာလက်ဝဲလက်ယာနဲ့လူမျိုးရေးပေါ်အခြေပြုအဖွဲ့တွေရှိပါတယ်။
ယခု၂၀၁၆မှာDASSK အစိုးရအာဏာရလာပါတယ်။ယခုခြေဥပြင်ဆင်ရေးကိုကြည့်ပါ။တပ်နဲ့ဖွတ်က၂၀၀၈ကိုစွဲကိုင်ပါတယ်။ဘာမှမပြင်ဘူးပေါ့။ဒီနေရာမှာအချို့တိုင်းရင်းသားများကလဲယခုထွက်သွားပေါ့။ဖယ်ဒရယ်ချက်ခြင်းပေးပေါ့။သူတို့တောင်းနေပုံကယခုရန်ကုန်ကိုဝိုင်းထားလို့ပေးရမယ့်ပုံမျိုးပါ။ဒီနေရာမှာအချို့လက်ဝဲနဲ့လက်ယာစွန်းရောက်ကလဲဒီမိုကရေစီစံနှုန်းအတိုင်းခုချက်ခြင်းပေးပေါ့။မဟုတ်ရင်လက်ရှိဒီမိုအစိုးရလုပ်သမျှဖောင်းထုမယ်ပေါ့။ဖယ်ဒရယ်တိုင်းပြည်အတွက်လိုတာကိုမငြင်းပါ။မေးခွန်းကဘယ်လောက်မြန်မြန်ပေးမလဲဆိုတာပါ။
NLD ကသူသွားလိုတယ့်ပုံစံကိုချပြလာပါပြီ။တဖြည်းဖြည်းချင်းစစ်တပ်ရဲ့အခန်းကဏ္ဍကိုလျှော့ချရေးပါ။ဝကလဲသူလိုချင်တယ့်ပုံစံကိုချပြလာပါပြီ။ယခင်ကရခိုင်၊ရှမ်းနဲ့ကချင်ကပြောထားတာလဲရှိပါတယ်။လေ့လာကြည့်ရင်NLD ကအလယ်ကရပ်နေတာတွေ့ရပါတယ်။အခြားသူတွေကနှစ်ဖက်စွန်းမှာပါ။ဒီနေရာမှာDASSK စာရေးတော့ဘရွှေရဲ့သားမက်ဟောင်းကျရာနေရာကပါပါ့မယ်လို့ရေးပါတယ်။
ဒါပေမယ့်ရဲဖွတ်တို့ကတော့မိမိရဲ့ဆရာဘစိန်ကဘရွှေရှေ့ဒူးထောက်နေပေမယ့်DASSK ကိုပုတ်ခတ်ရေးပါတယ်။ဒါကနံနံတို့လိုသူတို့လိုလူတွေကဂွင်ပျောက်မှာစိုးလို့ပါ။ဒါကဖွတ်ဘက်က။အချို့က၂၀၁၂နောက်ပိုင်းခိုးမိလို့ပြန်ဆပ်ရမှာကြောက်လို့ပါ။
ညိုညိုသင်းကလဲDASSK နဲ့ဘရွှေပြေလည်ရင်တိုင်းပြည်ကောင်းမှာမလိုလားလို့စဖွပါပြီ။နောက်လာဦးမှာပါ။အစွန်းရောက်မျိုးချစ်တိုင်းရင်းသားကလဲသူတို့ကိုမရေးဘူးဘာညာ။ဒါကတိုင်းပြည်ရဲ့ပကတိအခြေအနေကိုပြနေပါတယ်။
ဘက်အားလုံးသိရမှာကမြန်မာပြည်ထက်စစ်ရေး၊စီးပွားရေးသာတဲ့တရုတ်ပြည်ရဲ့လက်အောက်ခံဟောင်ကောင်မှာတရားခံလွှဲပြောင်းရေးဥပဒေကိုပြည်သူကမကြိုက်လို့ဟောင်ကောင်အစိုးရကတိုင်းပြည်မျက်နှာကြည့်ပြီးရပ်ပေးလိုက်ပါတယ်။တရုတ်ကြီးလဲမန်လျှော့ရပါတယ်။
ဒီနေရာမှာအစွန်းနှစ်ဖက်ကအဖွဲ့များအနေနဲ့လဲတိုင်းပြည်မျက်နှာကြည့်ပြီးDASSK ဦးဆောင်တဲ့NLD အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ပါလို့ပြောလိုပါတယ်။
コメント