top of page
Search

တိုင်းထွေအုပ်မှ NLD ဝန်ကြီးချုပ်ကို သူတောင်းစားနဲ့ နှိုင်းတာကို ထွေအုပ်ဝန်ကြီး ဘယိလို အရေးယူမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 15, 2020
  • 1 min read

စာရေးသူက မြန်မာပြည်ရဲ့ ပြဿနာတွေဟာ ခြေဥနဲ့ မိုးကျတွေကို အခြေခံပြီး ဖြစ်တာပါလို့ ပြောလေ့ရှိပါတယ်။ လက်ရှိခြေဥက ဗဟိုကို အခြေခံထားပါတယ်။ ဥပမာ ထွေအုပ်တွေဟာ တိုင်းဒေသ၊ မြို့နယ်တွေမှာ ရှိပါတယ်။ သူတို့ကို ပြောင်းနိုင် ဖြုတ်နိင်တာက သူတို့ရဲ့ ဗဟိုကဝန်ကြီးဦးမင်းသူပါ။ သူတို့ရဲ့အချိုးဟာ သူတို့ဝန်ကြီးရဲ့ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု အရည်အချင်းပေါ်မှာ မူတည်ပြီး ပြောင်းလဲပါတယ်။

ဒါကို ပဲခူးက ဖြစ်စဉ်လေးက ဥပမာပေးသွားပါတယ်။ ပဲခူးမှာ ဖွတ်ဉာဏ်ဝင်း ဝန်ကြီးချုပ်လက်ထက်က ဦးဝင်းဆွေဆိုသူကို သစ်ပါးလွှာစက်အတွက် မြေဧက ၂၀ ကို မြေငှါးလုပ်ပိုင်ခွင့်ချပေးခဲ့ပါတယ်။ထိုသူက စည်းကမ်းဖောက်ပါတယ်။ သစ်ပါးလွှာအစား ဘိလပ်မြေဖျော်တဲ့ စက်ရုံဆောက်ပါတယ်။ ထိုစည်းကမ်းဖောက်ဖျက်သူဦးဝင်းဆွေက မြေငှါးဂရမ်လျှောက်တာကို နိုဝင်ဘာ ၂၅ အစည်းအဝေးမှာပဲခူးတိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက ခွင့်ပြုပေးဖို့ တိုင်းစက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းကို ပြောပါတယ်။ တိုင်းဝန်ကြီး ဦးသန်းဝင်းက စီစစ်ပြီးမှခွင့်ပြုမယ်လို့ပြောချိန်မှာ တိုင်းထွေအုပ် ဦးခင်မောင်ဆန်းက ဘယ်သူတောင်းစားက ခွင့်ပြုပေးထားတာလဲဆိုပြီး ပဲခူးဝန်ကြီးချုပ် ဦးဝင်းသိန်းနုတ်မိန့်ကို ကိုးကားပြီး တိုင်းဝန်ကြီးကို ဟောက်စားလုပ်ခဲ့ပါတယ်။ တကယ်ပြောခဲ့လားဆိုတာကလဲ မသေချာပါ။ အချို့အစည်းအဝေးတက်သူတွေက တိုင်းထွေအုပ် ခင်မောင်ဆန်းက ဝန်ကြီးကို ထိုးမလို ဒေါသအမူအယာနဲ့လုပ်လို့ ဝိုင်းဆွဲထိန်းလိုက်ရတယ်လို့တောင်ပြောကြပါတယ်။ သူ့ရဲ့ အပြုအမူဟာ bullying and harassment ပါ။ ဒီထွေအုပ်ဟာ တပ်ထဲကဗိုလ်မှူးကြီးအဆင့်လောက်ဆိုရင်တောင် ဖင်တုန်အောင် ကြောက်မယ့်ကောင်ပါ။



ယခုဟာက ရိုင်းစိုင်းရုံတင်မက သူ့ရဲ့ အဆိုပါဥပဒေချိုးဖောက်သူကို မြေဂရမ် ရစေချင်ပုံက အာရကေယူထားတာ သိသာနေပါတယ်။ ဘယ်ထွေအုပ်ကမှ ပြည်သူ့အပေါ် ဂရမ်ထုတ်ပေးချင်စိတ် တဖွားဖွားပေါ်နေတာ မမြင်ဖူးပါ။ အဆိုပါလူဟာ ဒီဇင်ဘာ ၁၀ ရက်အထိ ထွေအုပ်ဝန်ကြီး ဦးမင်းသူနဲ့ video conference ကို သာသာယာယာတက်နေတာ တွေ့ရပါတယ်။ သူ့ကို လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှသာနေပြည်တော်ကို ဒုညွှန်ချုပ်အနေနဲ့ ပြောင်းလိုက်တာပါ။ သူဟာ NLD အစိုးရကို အငြိုးထားပြီး ဆက်ဒုက္ခပေးနေမှာပါ။


ဒီအဖြစ်အပျက်က ဘာကိုပြလဲဆိုတော့ ဒီထွေအုပ်ကောင်တွေဟာ သူတို့ဝန်ကြီး မိုးကျတွေနဲ့ပေါင်းပြီးပြည်သူ့အစိုးရရဲ့ တိုင်းဝန်ကြီးတွေ၊ တိုင်းဝန်ကြီးချုပ်တွေကို စနစ်တကျ အာခံပြီး ဒုက္ခရောက်အောင်လုပ်နေတယ်ဆိုတာပါ။ သူတို့တွေအတွက်က သူတို့ကို ရာထူးတိုး ပြောင်းရွှေ့ပေးတဲ့ ဗဟိုက ဝန်ကြီးနဲ့အဆင်ပြေနေရင် အေးဆေးလို ဖြစ်နေပါတယ်။ ဖြစ်သင့်တာက ဗဟိုက ထွေအုပ်ရုံးမှာ NLD က CEC အဆင့်လောက်က ဝန်ကြီးအနေနဲ့ ထိုင်နေရင် ဖုန်းဆက်တာနဲ့ ပင်စင်မပေးဘဲ တန်းဖြုတ်ရုံတင်မကအာဏာဖီဆန်မှု၊ အစိုးရဝန်ကြီးကို ကိုယ်ထိလက်ရောက်စော်ကား အကြည်ညိုပျက်စေမှု ၅၀၅ နဲ့ဖမ်းပြီး ထောင်ထဲ ထည့်လိုက်ရမှာပါ။ နောက်အဂတိကလဲ စစ်ရမှာပါ။


မဟုတ်လို့ကတော့ သူတို့က သူတို့ရဲ့ ဗဟိုကဝန်ကြီးကိုသာ အဖေခေါ်ပြီး တိုင်းပြည်အတွက်က ဝေးနေပါအုံးမယ်။ မေတ္တာထားရမယ့်အချိန် လွန်သွားပါပြီ။ ဒေဝဒတ်ဟာ ဘုရားနဲ့တွေ့တာတောင် မပြောင်းလဲသွားတာ မြေမြိုတဲ့ အချိန်အထိပါ။ ဒေဝဒတ်တွေဟာ ထွေအုပ်ဌာနနဲ့ ပြည်ထဲရေးထဲမှာ ရာထူးကြီးနေရာတွေမှာ အများကြီးပါ။ လွှတ်တော်အမတ်တွေအနေနဲ့လဲ တိုင်းအဆင့် ဦးစီးမှူး (ဒုညွှန်ချုပ်) ရာထူးအထက်ကို အကျဉ်းရုံး အလုပ်ထုတ်ရလွယ်အောင် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်သင့်ပါတယ်။ ပြောင်းပစ်ချိန်တန်ပါပြီလို့ ပြောပါရစေ။ မဟုတ်ရင်တော့ ဆက်ပြီး အစော်ကားခံကြပါ။


News Credit: Bago Times News

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page