top of page
Search
  • Writer's pictureMyat Tun Oo

တိုက်လိုက်ရမလားအဘ?


ရက်ပိုင်းက AA က တပ်ချုပ်က တိုင်းမှူးကိုကျိန်းအပြီးမှာ ဒီနေ့ ဗိုလ်ချုပ်ဂွမ်မော်က ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသူကို နောက်လိုက်ပါတယ်။ မအလကို ပါးရိုက်လိုက်တာပါ။ မအလဖိတ်တဲ့ပွဲကို

ALP

PNLO

KNLA/PC

NMSP

DKBA

RCSS

UWSA

မိုင်းလားအဖွဲ့

SSPP

တို့က တက်ပါမယ်။ ညီနောင်သုံးဖွဲ့ထဲက AA တက်မယ်လို့ စာရေးသူထင်ပေမယ့် ယခုစာမထွက်လာသေးပါ။ တက်မလိုလို မတက်မလိုလိုပါ။ စာရေးသူနားလည်သလောက် တရုတ်ကသူ့နယ်စပ်နားကလူအားလုံးကို တက်ခိုင်းမှာပါ။

ဒီနေရာမှာ တပ်ထဲက အမာခံများ၊ မျိုးချစ်များ၊ ဘောမများက အဘကို စော်ကားတာများနေပြီ မခံနဲ့ချလိုက်၊ ဒုံးနဲ့ပစ်လိုက်၊ ဗုံးကြဲလိုက်ဘာညာဆိုပြီး ရေးကြ မြှောက်ပေးကြတာတွေ့ရပါတယ်။ ဒီနေရာမှာ AA ကပြောလို့ မအလက အောက်ခြေကို ပြန်မေးရာမှာ အောက်ကတိုင်းမှူးက AA ဟာ NUG အောက်မဟုတ်တဲ့ PDF အဖွဲ့ကို သင်တန်းပေး လက်နက်ပေးလို့ ထောက်ပို့လမ်းကြောင်းဖြတ်ဖို့စစ်တာလို့ အစီရင်ခံတင်ပြထားပါတယ်။ ဖြစ်နိုင်ချေက AA က NUG ရဲ့PDF နဲ့ မပူးပေါင်းပေမယ့် သူ့အတွက်လိုအပ်ရင် မအလတပ်တွေကို မကွေး၊ ချင်းနဲ့ စစ်ကိုင်းနယ်အချို့က ဖြတ်တိုက်နိုင်အောင် ခွဲထွက် PDF အချို့ PRA နဲ့ အခြားအဖွဲ့တွေကို လေ့ကျင့်ပေးတာကို နပခကတိုင်းမှူးက ဖမ်းမိရာကနေ ပြဿနာစပုံရပါတယ်။

ဘောမတွေအနေနဲ့သိသင့်တာက PDF မတိုင်ခင် AA ကို KIA က အတိအလင်းစစ်ပညာသင်ပေးခဲ့တာပါ။ လက်နက်ပေးတဲ့အထဲမှာ ဝ လဲ ပါခဲ့ပါတယ်။ ထိုအချိန် NLD အစိုးရလက်ထက် မအလက အင်မတန်တင်းမာတဲ့ သဘောထားရှိချိန်မှာတောင် မတိုက်ရဲခဲ့ပါ။ ယခုမအလတပ်တွင်း စရဖထောက်လှမ်းရေးခန့်မှန်းချက်အရ NUG ဩဇာခံ ရွေးကောက်ခံအမတ်တွေ တိုက်ရိုက်ထိန်းချုပ်နိုင်တဲ့ PDF က နိုင်ငံအနှံ့မှာ လေးသောင်းငါးထောင်ခန့်လို့ စရဖအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူအရေအတွက်များလို့ NUG က အားလုံးကိုလက်နက်မထောက်ပံ့နိုင်သေးတာလဲ စရဖသိပါတယ်။ ဒါ့ကြောင့် လက်နက်ထောက်ပို့လမ်းကိုဖြတ်တောက်ပြီး အောက်ကတပ်တွေစိတ်ပျက်အောက် အဓိကလုပ်ဆောင်နေပါတယ်။ ဒါမှ NUG နဲ့ အောက်ခြေတပ်တွေ သွေးကွဲမှာပါ။ စရဖက ထိုင်းကသူချထားတဲ့ ယခင်ခင်ညွန့်လက်ထက်ထဲက မြုပ်နှံထားတဲ့သူလျှိုတွေကိုသုံးပြီး NUG ရဲ့ လက်နက်လမ်းကြောင်းကိုဖြတ်တောက်ဖို့ အပူတပြင်း ကြိုးစားနေပါတယ်။ လိုရင်းက အဆိုပါ NUG အောက် လက်နက်အပြည့်မရှိတဲ့ PDF တပ်အင်အားကိုတိုက်ဖို့တောင် စစ်တပ်မှာ မြေပြင်အင်အားအနည်းဆုံးတစ်သိန်းခွဲလိုပါတယ်။ ဒါက EAO ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်မပါသေးပါ။ ယခုဟာက NUG ရဲ့ MOD ကို အခြေခံတာမဟုတ်ဘဲ မအလတပ်ထဲက အစီရင်ခံစာကို အခြေခံပြီးဘောမများသိအောင် ပြောပြတာပါ။

ဒါဆိုရင် တိုက်ရမလားအဘဆိုပြီး ရာထူးတက်လိုလို့ အာခြောင်မေးသူ တပ်မှူးတွေ၊ တိုင်းမှူးတွေရှိပါတယ်။ မအလယခုအချိန်မှာ KNU နဲ့ KIA ကို တက်တိုက်ရင်တော့ ဖိနပ်သာတိုက်ရပါ့မယ်လို့ ပြောပါရစေ။ မအလက မလုပ်ရဲတာဘာမှမရှိတော့ ပြောရတော့ခက်ပါတယ်။ သူ့သေတွင်းသူတူးတာကလဲ မလုပ်ရဲတာ ဘာမှမရှိတဲ့အထဲ ပါနိုင်ပါတယ်လို့ ပြောပါရစေ။

486 views1 comment

Recent Posts

See All
bottom of page