top of page
Search
  • Writer's pictureMyat Tun Oo
တိုက္ရမွာလားရပ္ရမွာလားအဘ တိုက်ရမှာလားရပ်ရမှာလားအဘ
တိုက်ရမှာလားရပ်ရမှာလားအဘ
မနေ့ညကတပ်ချုပ်ရုံးကကြေညာချက်ထုတ်တယ်။ပထမကဘင်္ဂါလီကိစ္စစုံစမ်းရာမှာဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွေ့လို့စစ်စည်းကမ်းအရအရေးယူမယ်လို့ကြေညာပါတယ်။ဒါကအထဲကလူတွေထပ်နာအုံးမယ်ဆိုတာကိုပြပါတယ်။အပြစ်ရှိသူများခံရပါမယ်။ဒါကဓာတ်ခဲကသူ့မှာအထောက်အထားရှိတယ်ပြောလို့ဓာတ်ခဲကိုကြိုကာတာလဲဖြစ်နိုင်ပါတယ်။
နောက်ဟာကအပစ်ရပ်တာကိုစက်တင်ဘာ၂၁အထိတိုးလိုက်တယ်လို့ကြေညာတာပါ။သာမန်ဗျူဟာထိုင်နေသူဆိုအဘကဘာလုပ်ချင်မှန်းမသိအောင်ဖြစ်သွားပါတယ်။သူပုန်တွေဟာသတင်းစစ်ပွဲမှာအောင်မြင်နေတယ်လို့ပြောရပါမယ်။
ရခိုင်ကမြောက်ဦးမှာတိုက်ကွက်မဖော်ပါလို့ဓာတ်ခဲကပြောထားတာမှတ်မိမှာပါ။နောက်ပိုင်းတပ်ကိုဝင်တိုက်တာပါဘဲ။ဒါပေမယ့်ရခိုင်မှာကတပ်ကသတင်းသမားအဝင်မခံလို့သတင်းတွေကထင်ယောင်ထင်မှားဖြစ်ခဲ့ပါတယ်။အရပ်သားတွေကိုပစ်ပြီးသူ့လိုမျိုးကလဲတပ်ပစ်တယ်ပြောသတင်းသမားတွေကလဲသူတို့ပြောတာရေးရမှာပါ။နောက်သူတို့ကျည်အချို့ဟာကပစထုတ်ဖြစ်နေတော့အခြေအနေကပိုရှုတ်သွားစေခဲ့ပါတယ်။နောက်ပိုင်းမှာအိန္ဒိယထောက်လှမ်းရေးကတပ်လက်နက်တွေသူပုန်ထံရောင်းတာပြောမှမိမိလက်နက်နဲ့ရန်သူရဲ့အပစ်ခံရသလိုအပြစ်လဲအတင်ခံရတာသိပါတော့တယ်။မိအေးနှစ်ခါနာပေါ့။နောက်ပိုင်းမှတပ်ထဲကလက်နက်ရောင်းသူတွေကိုဖမ်းပေါ့။
ယခုရှမ်းမြောက်မှာကဖြစ်တဲ့နေရာမှာလူမျိုးစုံနေပါတယ်။မီဒီယာဝင်လို့ရပါတယ်။သူပုန်ကသူသတ်တာ၊မီးရိှု့တာလူမိရင်တပ်ကား၊တပ်ပစ္စည်းတင်လာတာပြောလိုက်ရင်လူတွေကလဲလွှတ်တော်ထဲကတပ်ကန့်လန့်လုပ်တာကိုမုန်းတော့သူပုန်ပြောတာကိုမေးခွန်းမထုတ်တော့ပါ။ဟိုတက္ကဆီတွေမီးရိှု့တာတပ်နဲ့မဆိုင်တာတော့သိကြမှာပါ။မနေ့ကလဲပစ်တာကအမြှောက်ဒလက်ပေါ်မူတည်ပြီးသူပုန်လားတပ်လားပြောလို့ရပါတယ်။ဒါပေမယ့်တပ်ကမတင်ခင်မှာသူပုန်ကသူမဟုတ်ကြောင်းဝမ်းနည်းကြောင်းတောင်ပြောပြီးသွားပါင်္ပြ။တပ်ကလဲသူ့ဟာမဟုတ်လို့ငြင်းပြီးသားပါ။စာရေးသူကိုမေးရင်သူပုန်ပစ်တာလို့ပြောမှာပါ။ဒါပေမယ့်စာရေးသူလဲအဲ့ဒီနားမှာမရှိတော့တင်ထားတဲ့ပုံကြည့်ပြောရတာပါ။နောက်ဆုံးပိုင်ရှင်မဲ့ဖြစ်ဖို့များပါတယ်။
၂၀၀၈ခြေဥအရနိုင်ငံတော်ရဲ့ကာကွယ်ရေးကိုတာဝန်ယူထားတာကတပ်ချုပ်ပါ။ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင်လဲအပီအပြင်လုပ်ပါ။မဟုတ်ရင်လဲအတိုင်ပင်ခံနဲ့သမ္မတကိုတွေ့ပြီးမိမိအစီအစဉ်ကိုပြောပြပါ။ယခုဟာကဆင်ဖြူရှင်တွေနဲ့စစ်ရေးလေ့ကျင့်ပြီးမှသူပုန်တွေကလမ်းပိတ်တာကိုရက်ပေါင်းများစွာခံနေရတာရာဇဝင်ရိုင်းလှပါတယ်။တမင်လွှတ်ပေးထားတာဆိုရင်တော့မသိပါ။
တပ်ချုပ်ကြီးကအရေးကြီးအချိန်မှာရုရှားသွားလိုက်ငါးလွှတ်လိုက်၊သစ်ပင်စိုက်လိုက်၊သံအမတ်ကြီးတွေနဲ့တွေ့တာလဲတွေ့ပါ။မူလတာဝန်ကိုလဲကျေပြွန်စွာထမ်းဆောင်ပါလို့ပြောပါရစေ။အချို့ကစစ်ပွဲလားတိုက်ပွဲလားတောင်မေးလာနေကြပါပြီ။အောက်ခြေကလဲတိုက်ရမှာလားရပ်ရမှာလားမေးနေကြပါတယ်အဘ။
Credit : ကာကွယ်ရေးဦးစီးချုပ်ရုံး
Zawgyi version
တိုက္ရမွာလားရပ္ရမွာလားအဘ
881 views0 comments
Comments
bottom of page