top of page
Search

တိုက်ပွဲသတင်းအား မှန် မမှန် လေ့လာခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 13, 2019
  • 1 min read

တိုက်ပွဲသတင်းအား မှန် မမှန် လေ့လာခြင်း

ပုံမှန်မှာ သတင်းဌာနတွေဟာ ကျင့်ဝတ်အရ အနည်းဆုံး သတင်းရင်းမြစ်နှစ်ခုက အတည်ပြုပြီးမှ ထုတ်ရပါတယ်။ ဒါပေမယ့် နာမည်ကြီးသတင်းဌာနတွေဟာ ဆီးရီးယားစစ်ပွဲကစလို့ တစ်ဖက်ကနေ သေချာမစုံစမ်းဘဲ စတင်လာပါတယ်။ သူတို့ရည်ရွယ်ချက်က သူတို့ရန်သူ ဆီးရီးယားသမ္မတ အာဆတ်ကို အပုတ်ချဖို့ပါ။ စစ်အစပိုင်းမှာ မနက်ဖြန် မြို့ပေါ်တက်သိမ်းတော့လို လွှင့်ပေမယ့် ယခုဆီးရီးယားစစ်မှာဘယ်သူနိုင်လာလဲ အားလုံးသိမှာပါ။

စနေနေ့မှာ ဓာတ်ခဲက မီးသတ်နဲ့ ဆောက်လုပ်ရေးသမား စုစုပေါင်း ၃၃ ယောက်ကိုဖမ်းခေါ်သွားပါတယ်။ ဒါက ကားဂိတ်က သတင်းပေးလို့ပါ။ ရဲက ယခုအချိန်အထိ ကားဂိတ်ကလူတွေကို မဖမ်းသေးပါ။ တပ်ကတော့ လိုက်ရှင်းနေပါတယ်။ ဒါက အဖမ်းခံရသူ မိသားစုရော အခြားခရီးသည်တွေကပါပြောလို့ သတင်းက ခိုင်လုံပါတယ်။

ဒါပေမယ့် တနင်္ဂနွေနေ့မှာ ရခိုင်ရွာသား ၁၀ ယောက်ကို တပ်က လူသားဒိုင်းအဖြစ် တောင်ပေါ်တက်ရာမှာ သုံးတယ်ဆိုပြီး ဘီဘီစီက ရွာသူအမျိုးသမီးကို အင်တာဗျူးပါတယ်။ ဒီအထိက ထားလိုက်ပါ။ သူမက တပ်က ရွာသားတွေကို အစည်းအဝေးလုပ်မယ်ဆိုပြီးခေါ်ကြောင်း ခေါ်မရလို့ တစ်အိမ်နှစ်ယောက်သေနတ်ထောက်ခေါ်ကြောင်းပြောပါတယ်။ သူက ဆက်ပြောရာမှာ သူ့အမေ အသက် ၇၀ ကျော်ကိုလဲခေါ်ကြောင်း သူ့အမေကိုယ်စား သူကလိုက်သွားကြောင်းပြောပါတယ်။ ဒီမှာ သူပြောတာ ဘာမှားလဲဆိုတော့ တပ်က သူ့ကို လူသားဒိုင်းအဖြစ် အစကထဲက မခေါ်ဘဲ သူ့အမေ ၇၀ ကျော်ကိုခေါ်ပြီး သူကအစားလိုက်သွားတယ်ဆိုတာက လွဲနေပါတယ်။ တပ်ကတော့ သူတို့မလုပ်ပါလို့ ငြင်းပါတယ်။ ဒါဆိုအမှန်က ဘာဖြစ်မလဲ။ သတင်းသမားအနေနဲ့ မိမိသတင်းရင်းမြစ်ကို သေချာမေးသင့်ပါတယ်။ ဘာလို့တပ်က အမေအိုကိုခေါ်တာလဲ ညီမကိုဘာလို့မခေါ်လဲပေါ့။ တပ်က သူမကိုခေါ်တယ်ဆိုရင် စာရေးသူလဲအဲ့ဒီနားမှာမရှိလို့ ယုံလိုက်လို့ရပါတယ်။ ဒါပေမယ့် သူ့အမေ ၇၀ ကျော်ကို တောင်ပေါ်တက်ဖို့ခေါ်ပြီးသူမကိုမခေါ်တာက ပုံမှန်စဉ်းစားလိုက်ရင် မှားနေပါတယ်။ ဘီဘီစီသတင်းထောက်က ခေါင်းရှိရင် မေးသင့်ပါတယ်။

အချို့နေရာတွေမှာက စာရေးသူတို့တပ်ကလဲ သူခိုးကို အဖေတော်ထားရတော့လူတိုင်းကမုန်းပြီး ဝိုင်းသမတာ သူပုန်က လိမ်ပြီး ဝါဒဖြန့်တာခံရတာဟာ ခံပြင်းစရာပါ။ စာရေးသူလဲ ရေးပြတာကလွဲပြီး ဘာမှ မတတ်နိုင်ပါ။

news Sourc: BBC Burmese

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page