top of page
Search

တရားဥပဒေကို လေးစားလိုက်နာပါ

Writer's picture: Myat Tun OoMyat Tun Oo

စာရေးသူတို့ဟာ တိုင်းပြည်ထဲမှာရှိနေတဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာရပါတယ်။ ၂၀၀၈ခြေဥကို မြန်မာပြည်က ဘယ်ပြည်သူကမှ မကြိုက်ပါ။ အဆိုပါခြေဥဟာ ပြည်သူတင်တဲ့ ပြည်သူကချစ်တဲ့ DASSK ကို သမ္မတမဖြစ်အောင် လုပ်ထားပါတယ်။ တပ်မတော်ကို အလွန်အကျွံ အာဏာပေးထားပါတယ်။ ဒါ့ကြောင့် ဘယ်ပြည်သူကမှ မကြိုက်ပါ။ ဒါပေမယ့်လဲ NLD ဟာ အဆိုပါခြေဥကြားထဲက အာဏာရအစိုးရ ဖြစ်လာခဲ့ပါတယ်။ အဆိုပါခြေဥကို ပြင်ဖို့ကြိုးစားရာမှာလဲ တပ်နဲ့ဖွတ်ကိုယ်စားလှယ်များက ကန့်ကွက်လို့ မအောင်မြင်ခဲ့ပါ။

ယခု ၂၀၂၀ ရွေးကောက်ပွဲဟာ အဆိုပါခြေဥကို အခြေခံပြီး ကျင်းပခဲ့ပါတယ်။ ရွေးကော်ဥက္ကဌဟာNLD ပါတီဝင်မဟုတ်သလို တပ်ထွက်မဟုတ်ပါ။ ယခုအဆိုပါရွေးကောက်ပွဲရလာဒ်ကို မကျေနပ်ရင် မကျေနပ်သူများဟာ ခြေဥအရသာ သွားရပါမယ်။

ပထမက ရွေးကောက်ခံကိုယ်စားလှယ်ကို အထောက်အထားရှိရင် ကန့်ကွက်နိုင်ပါတယ်။ ရဲအရေးပိုင်ရင် ရဲစခန်းမှာ အမှုဖွင့်နိုင်ပါတယ်။ ယခု ရဲစခန်းမှာ အမှုဖွင့်နိုင်တဲ့ ကာလစည်းကမ်းသတ် ပြည့်သွားပါပြီ။ ကန့်ကွက်လွှာကို ရွေးကော်က အမှုစစ်ပြီး အမိန့်ချရပါမယ်။ မကျေနပ်ရင် ရွေးကော်ဗဟိုအထိအယူခံတက်လို့ရပါတယ်။ အမေရိကန်မှာက တရားရုံးချုပ်ပါ။ မြန်မာပြည်ရဲ့ ၂၀၀၈ ခြေဥက ရွေးကော်ရဲ့ အဆုံးအဖြတ်ကို နောက်ဆုံး အပြီးအပြတ်ပေးထားပါတယ်။ အမေရိကန်မှာ တပ်ကိစ္စရော၊ရွေးကော်ကိစ္စပါ တရားရုံးချုပ်က ဆုံးဖြတ်ပါတယ်။ မြန်မာ့ခြေဥက ရွေးကော်ဆုံးဖြတ်ချက်ကရွေးကောက်ပွဲအတွက် အပြီးသတ်ဖြစ်သလို တပ်ချုပ်ဆုံးဖြတ်ချက်ဟာလဲ တပ်ကိစ္စအတွက်အပြီးသတ်လို့ ရေးထားပါတယ်။ မကျေနပ်ရင် နှစ်ခုစလုံးကို ပြင်ရမှာပါ။

သာဝအနေနဲ့ ရွေးကော်ဥက္ကဌကို မကျေနပ်ရင် လွှတ်တော်မှာ စွပ်စွဲပြစ်တင် ရှုံ့ချလို့ရပါတယ်။ ဒါမှမဟုတ် သူ့ကို ခန့်တဲ့ သမ္မတကိုပေါ့။ ဒါဆိုရင် မဲခွဲရပါမယ်။ မဲရှုံးရင် ရှုံးပါတယ်။ ဒါဟာဒီမိုကရေစီပါ။အမေရိကန်မှာ ထရမ့်က ရွေးကောက်ပွဲကို တရားမမျှတာဖူးပြောပြီး တရားရုံးချုပ်ကို အမှုတင်ရာမှာရှုံးခဲ့ပါတယ်။ သူလဲ ဆင်းပေးခဲ့ရပါတယ်။ ဒီနေရာမှာ ထရမ့်ဟာ ၇၄ သန်းရပြီး ဆန္ဒမဲရဲ့ ၄၆.၉% ရပြီးမဲရှုံးခဲ့တာပါ။ မြန်မာပြည်မှာက ဖွတ်တွေဟာ ခွက်ခွက်လန်အောင် ရှုံးခဲ့တာပါ။

သာဝအနေနဲ့ ဒီ့ထက်မကျေနပ်သေးရင် ရွေးကော်လုပ်တာ၊ သမ္မတလုပ်တာဟာ အခြေခံဥပဒေနဲ့ ညီမညီကို ခြေဥရုံးမှာတင်ပြီး ဆုံးဖြတ်ချက်ခံယူလို့ရပါတယ်။ ခြေဥနဲ့ ညီမညီဆိုတာက တပ်ကဆုံးဖြတ်စရာမလိုပါ။ တပ်ကို အာဏာမပေးထားပါ။ ဥပမာ လွှတ်တော်မခေါ်ပေးလို့ မကျေနပ်ရင် လွှတ်တော်ဥက္ကဌကို စွပ်စွဲပြစ်တင်လို့ရသလို သူ့ဆုံးဖြတ်ချက်ဟာ ခြေဥနဲ့ ညီ မညီ(constitutional)ကိုလဲ ခြေဥခုံရုံးကိုတင်ပြီး မေးလို့ရပါတယ်။

တပ်ထဲမှာ NLD ကို ကြိုက်ကြိုက် မကြိုက်ကြိုက် ဒုတပ်ချုပ်ကအစ အောက်ခြေအထိ NLD ကရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်ဆိုတာ လက်ခံကြပါတယ်။ တပ်သတင်းမှန်က နာဂေးတစ်တောင် NLD နိုင်တာလက်ခံပြီးမှ အထက်ကညွှန်ကြားလို့ လုပ်နေရတာပါ။

တရားဥပဒေဆိုတာက အထူးသဖြင့် မိမိတို့အဖွဲ့စွဲခဲ့တဲ့ တရားဥပဒေဆိုတာက မိမိအဖွဲ့က ပိုလို့တောင်လိုက်နာရမှာပါ။ အဆိုပါဥပဒေကြောင့် မိမိအတွက်ကောင်းကွက်ရှိသလို ဆိုးကွက်လဲရှိမှာပါ။ အဆိုပါဥပဒေကို မကြိုက်ရင် NLD ရဲ့ ခြေဥပြင်ပွဲမှာ ပူးပေါင်းပါဝင်ပါ။ မပြင်ရသေးချိန်မှာတော့ တရားဥပဒေကို လေးစားလိုက်နာပါလို့ သာဝကို ကြိုပြောထားပါရစေ။


Data Credit: MIMU, CNN, Myanmar Harp

212 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page