top of page
Search

တရားမျှတမှုရလာပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 16, 2022
  • 1 min read



ဒီနေ့ တော်လှန်ရေးက တရားမျှတမှုတွေ စရလာပြီလို့ ခံစားလာနေရပါပြီ။ ယခင်က စာရေးသူတို့ကို ဖမ်းဖမ်း၊ထောင်ချချ၊ အလုပ်ဖြုတ်ဖြုတ် ပြီးရင်သူတို့ကအမိန့်အရဆိုပြီး ရူးချင်ယောင်ဆောင်သွားခဲ့ပါတယ်။ စာရေးသူတို့က အမိန့်ချတဲ့ တရားသူကြီးကို မုန့်ဟင်းခါးကျွေးဖို့ပြောချိန်မှာ မအလတပ်က ချက်ခြင်း Facebook ပေါ်ကဖြုတ်ချခဲ့ပါတယ်။ နောက်တရားရုံးတွေ ဗုံးပေါက်ချိန်မှာ မအလအလိုတော်ရိနဲ့ အသံလွှင့်ဌာနအချို့က တရားရုံးကို မလုပ်သင့်ကြောင်း လေသံလွှင့်ပါတယ်။ ဘီဘီစီ၊ ပေါ်ပြူလာနဲ့ Neopolitics ပါ။ ဒီနေရာမှာ သူတို့က တရားမျှတမှုကို ဘယ်လိုပေးမလဲလို့တော့ မပြောသွားခဲ့ပါ။ ICJ ကိုမျှော်ရင် နောင်ဘုရားပွင့်ချိန်အထိ စောင့်ရပါမယ်။

စာရေးသူတို့ကြီးစိုးတဲ့ ရွာတွေ မြို့တွေမှာ အိမ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကို မအလတပ်က မီးရှို့ချိန်မှာအဆိုပါလူများ၊ သတင်းဌာနများက ပါးစပ်ပိတ်နေကြပါတယ်။ ယခုလဲ ကျောင်းကိစ္စလာပါပြီ။ မအလကျောင်းဖွင့်ချိန် စစ်ခွေးတွေ၊ Gen Lee တွေရဲ့ သားသမီးတွေတက်ပြီး စာရေးသူတို့ ဘာမှမလုပ်ခဲ့ပါ။ ဒါပေမယ့် NUG ကျောင်းက ဆရာတွေဖမ်းတာ၊ ကျောင်းသားမိဘတွေဖမ်းတာကို မအလအကြမ်းဖက်အဖွဲ့က ယုတ်ညံ့စွာလုပ်လာနေတာကိုတွေ့ရပါတယ်။ မအလကို ယခုလိုလုပ်တာ ရပ်တန်းကရပ်ပြီး ဖမ်းထားသူဆရာများ၊ ကျောင်းသားမိဘများကိုချက်ခြင်းပြန်လွှတ်ပါလို့ သတိပေးလိုက်ပါတယ်။ မရပ်ဘဲ NUG ရဲ့ ဆရာ ဆရာမတွေ ကျောင်းသားတွေကိုဖမ်းဆီးထောင်ချ သတ်ဖြတ်နေရင် ရန်ကုန်မြို့က မအလစစ်တပ်ရဲ့ ဗိုလ်ကတော်များ ဆရာမလုပ်တဲ့ လသာ(၂)၊ဗိုလ်တထောင်(၅)၊ TTC တို့ဟာ နယူတန်နိယာမအရ တန်ပြန်အကျိုးသက်ရောက်ပါမယ်လို့ ကြိုတင်သတိပေးထားပါရစေ။ မအလအနေနဲ့ သူ့ဖွတ်ဆရာမအားလုံးကို လုံခြုံရေးပေးနိုင်မှာပါလား? ရင်ကြားစေ့တာက ရာဇဝင်ထဲမှာကျန်ခဲ့ပါပြီ။ မျက်လုံးတစ်လုံးယူရင် တစ်လုံးပြန်ပေးရတာက ဥပဒေပါ။ NUG ရဲ့ ဆရာမတစ်ယောက်ိုဖမ်းရင်လဲ မအလဘက်က တန်ပြန်ခံစားရမှာပါ။ ယခုပွဲမှာ ကြားနေမရှိပါ။ မအလအောက်အမှုထမ်းတာ မအလရဲ့ အကြမ်းဖက်အဖွဲ့ဝင်ပါ။ အကြမ်းဖက်ဥပဒေအရ အရေးယူတာခံရမှာပါ။ ယခုဟာ NUG နဲ့ ဘာမှမဆိုင်ဘဲ ပြည်သူတွေကတရားစီရင်သွားမှာပါ။ ယခင်က NUG က တားထားလို့ မလုပ်ခဲ့ပါ။ ယခုတော့ လုပ်စရာရှိတာကို ပြည်သူတွေကတရားဥပဒေစိုးမိုးအောင် တရားမျှတမှုရရှိအောင် လုပ်သွားမှာပါ။ ပြီးမှ ဆရာမရေလို့ မငိုပါနဲ့။ ဖွတ်မရေလို့သာ ငိုလိုက်ပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page