top of page
Search
Writer's pictureMyat Tun Oo

တရားမျှတခဲ့ရင် တရားမွ်တခဲ့ရင္


တရားမွ်တခဲ့ရင္

ယခုကုလစံုစမ္းေရးအဖြဲ႕ကတပ္ေခါင္းေဆာင္ပိုင္းရဲ႕မိသားစုေတြကိုစီးပြားေရးပိတ္ဖို႔၊မလုပ္ဖို႔ဆိုၿပီးအစီရင္ခံစာထုတ္ပါတယ္။ဒါကိုႀကိဳက္သူမႀကိဳက္သူရွိႏိုင္ပါတယ္။ဒီကိစၥဟာေကာင္းလား? ဒီလိုမ်ိဳးျဖစ္ေအာင္၁၉၈၈ေနာင္ပိုင္းဒီမိုေတြႏိုင္ငံျခားမွာႀကိဳးစားခဲ့ေပမယ့္အေၾကာင္းေၾကာင္းေၾကာင့္ကုလဆံုးျဖတ္ခ်က္အေနနဲ႔ျဖစ္မလာခဲ့ပါ။အေမရိကန္နဲ႔အီးယူကေတာ့လုပ္ခဲ့ပါတယ္။

ဒါကိုအခ်ိဳ႕ကေထာက္ခံပါတယ္။အခ်ိဳ႕ကမႀကိဳက္ပါ။တိုင္းျပည္တစ္ျပည္မွာမိမိအေရးကိုျပည္ပကဝင္ပါတာပံုမွန္အားျဖင့္မေကာင္းပါ။အိမ္တစ္အိမ္မွာအေဖကအရက္မေသာက္ဖဲမ႐ိုက္ဘိန္းမစားဘဲမိဘတာဝန္ေက်ေနရင္ဘာမွျပႆနာမျဖစ္ပါ။ဒါမွမဟုတ္ဘဲအရက္ေသာက္ၿပီးမိမိသားသမီးမိန္းမကိုႏွိပ္စက္ရင္ေတာ့ရပ္ကြက္ကဝင္ပါလာႏိုင္ပါတယ္။မိန္းမနဲ႔ကြဲရင္ဒါမွမဟုတ္မိန္းမကိုႏွိပ္စက္ရင္၊သားသမီးကိုႏွိပ္စက္ရင္ေတာ့ရပ္ကြက္႐ံုးေရာက္ႏိုင္ပါတယ္။ကိ္ုယ္ထိလက္ေရာက္က်ဴးလြန္ရင္ေထာင္က်ႏိုင္ပါတယ္။

ထို႔အတူပါဘဲျမန္မာႏိုင္ငံမွာကတရားမွ်တမႈရွိလားဥပေဒေအာက္မွာအားလံုးတေျပးညီရွိရဲ႕လားစဥ္းစားစရာပါ။ႏိုင္ငံေတာ္သီခ်င္းမွာ"ခြင့္တူညီမွ်ဝါဒျဖဴစင္တဲ့ေျမ" လို႔ေရးဖြဲ႕ထားပါတယ္။သာတူညီမွ်မႈရွိရဲ႕လားစဥ္းစားစရာပါ။ဘဂၤါလီကိစၥကထားလိုက္ပါ။ယခုတပ္ခ်ဳပ္သားကုမၸဏီကိစၥ။အဲ့ဒီေနရာမွာစီမံဘ႑ာဝန္ႀကီးဦးေက်ာ္ဝင္းသားကိုအဂတိကဝင္စစ္သြားတာသူ႔သားထံမွာကားအပ္တာမ်ားလို႔ဆိုၿပီးပါ။သူ႔သားကကုမၸဏီမေထာင္ခဲ့ပါ။ေဒါက္တာလဲ့လဲ့ေမာ္ကအိမ္စာခ်ဴပ္ေငြသိန္း၁၄၀ကြာလို႔ပါတဲ့။ဒါေပမယ့္အဂတိဟာအရပ္သားကိုသာစစ္ႏိုင္တာေတြ႕ရပါတယ္။ဒါကေငြေၾကးကိစၥ။တပ္ရဲ႕ဘတ္ဂ်က္ဟာတိုင္းျပည္အတြက္သံုးတဲ့ေငြရဲ႕ပမာဏတစ္ခုကိုယူထားတာပါ။ဒါေၾကာင့္အေရးႀကီးပါတယ္။

တရားဥပေဒစိုးမိုးလား? ဟိုVictoria အမႈကထားလိုက္ပါ။ဦးကိုနီကိုလုပ္ၾကံသူတစ္ေယာက္ကဖမ္းမမိသလိုတိုင္ပင္ရာမွာပါသူအမတ္ကိုလဲမ်က္ေစာင္းေတာင္မထိုးရဲပါ။ဒါတင္လားဆိုေတာ့ၿဖိဳးကိုကိုတင့္ဆန္းကိုျပစ္မႈက်ဴးလြန္တဲ့ေနရာမ်ားစြာမွာမစစ္ဘဲဥပမာေနျပည္ေတာ္ကေနရန္ကုန္ကိုမသြားခိုင္းဘဲတရားေရးကက်င္နာစြာနဲ႔ေနျပည္ေတာ္မွာစစ္ေပးေပမယ့္ျပည္သူေတြဘက္ကလိုက္တဲ့ကိုေနမ်ိဳးဇင္ကိုတစ္ၿမိဳ႕ဆီမွာ႐ံုးထုတ္ေနတာဟာတရားစီရင္ေရးရဲ႕သာတူညီမွ်မရွိမႈကိုျပေနပါတယ္။

ျဖစ္သင့္တာကမိမိတိုင္းျပည္ထဲမွာခြင့္တူညီမွ်ၿပီးဥပေဒေအာက္မွာအားလံုးရွိရင္ကုလအဖြဲ႕လဲဘာမွဝင္စြက္စရာမလိုေတာ့ပါ။ဒီအဖြဲ႕ေတာင္ေပၚလာစရာမရွိပါ။ယခုကုလအဖြဲ႕ကျပဳစုထားတဲ့စီးပြားေရးလုပ္ငန္းေတြကစာေရးသူမသိတာေတြေတာင္ပါပါတယ္။သူတို႔မွာအတြင္းလူရွိပံုပါ။အဘတို႔နဲ႔တြဲလုပ္ခဲ့သူေပါ့။သူကႏိုင္ငံျခားကေနအတြင္းလူနဲ႔ေပါင္းၿပီးအစစြဲထုတ္ပံုပါ။

ႏွစ္ဖက္စလံုးစဥ္းစားရမွာကတိုင္းျပည္မွာတရားဥပေဒစိုးမိုးေအာင္ဥပေဒအထက္မွာဘယ္အဖြဲ႕အစည္းမွမရွိေအာင္ဘယ္လိုလုပ္မလဲဘယ္လိုအေပးအယူလုပ္မလဲစဥ္းစားရမွာပါ။တပ္ခ်ဳပ္အေနနဲ႔ကဒီမိုအစိုးရကျပင္လိုတဲ့ေျခဥကိုျပင္ေပးၿပီးသူတို႔ေျပာသလိုလႊတ္ေတာ္ကရာခိူင္ႏႈန္းနဲ႔ထြက္သြားတာဟာအေကာင္းဆံုးလို႔ထင္ပါတယ္။ျမန္ေလေကာင္းေလပါ။သူတို႔ကကမ္းလွမ္းခ်ိန္မွာလက္ခံလိုက္ပါ။ျပည္တြင္းမွာတရားမွ်တမႈရွိရင္ကုလလဲမႈစရာမလိုပါ။

Unicode version

တရားမျှတခဲ့ရင်

ယခုကုလစုံစမ်းရေးအဖွဲ့ကတပ်ခေါင်းဆောင်ပိုင်းရဲ့မိသားစုတွေကိုစီးပွားရေးပိတ်ဖို့၊မလုပ်ဖို့ဆိုပြီးအစီရင်ခံစာထုတ်ပါတယ်။ဒါကိုကြိုက်သူမကြိုက်သူရှိနိုင်ပါတယ်။ဒီကိစ္စဟာကောင်းလား? ဒီလိုမျိုးဖြစ်အောင်၁၉၈၈နောင်ပိုင်းဒီမိုတွေနိုင်ငံခြားမှာကြိုးစားခဲ့ပေမယ့်အကြောင်းကြောင်းကြောင့်ကုလဆုံးဖြတ်ချက်အနေနဲ့ဖြစ်မလာခဲ့ပါ။အမေရိကန်နဲ့အီးယူကတော့လုပ်ခဲ့ပါတယ်။

ဒါကိုအချို့ကထောက်ခံပါတယ်။အချို့ကမကြိုက်ပါ။တိုင်းပြည်တစ်ပြည်မှာမိမိအရေးကိုပြည်ပကဝင်ပါတာပုံမှန်အားဖြင့်မကောင်းပါ။အိမ်တစ်အိမ်မှာအဖေကအရက်မသောက်ဖဲမရိုက်ဘိန်းမစားဘဲမိဘတာဝန်ကျေနေရင်ဘာမှပြဿနာမဖြစ်ပါ။ဒါမှမဟုတ်ဘဲအရက်သောက်ပြီးမိမိသားသမီးမိန်းမကိုနှိပ်စက်ရင်တော့ရပ်ကွက်ကဝင်ပါလာနိုင်ပါတယ်။မိန်းမနဲ့ကွဲရင်ဒါမှမဟုတ်မိန်းမကိုနှိပ်စက်ရင်၊သားသမီးကိုနှိပ်စက်ရင်တော့ရပ်ကွက်ရုံးရောက်နိုင်ပါတယ်။ကိ်ုယ်ထိလက်ရောက်ကျူးလွန်ရင်ထောင်ကျနိုင်ပါတယ်။

ထို့အတူပါဘဲမြန်မာနိုင်ငံမှာကတရားမျှတမှုရှိလားဥပဒေအောက်မှာအားလုံးတပြေးညီရှိရဲ့လားစဉ်းစားစရာပါ။နိုင်ငံတော်သီချင်းမှာ"ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ" လို့ရေးဖွဲ့ထားပါတယ်။သာတူညီမျှမှုရှိရဲ့လားစဉ်းစားစရာပါ။ဘင်္ဂါလီကိစ္စကထားလိုက်ပါ။ယခုတပ်ချုပ်သားကုမ္ပဏီကိစ္စ။အဲ့ဒီနေရာမှာစီမံဘဏ္ဍာဝန်ကြီးဦးကျော်ဝင်းသားကိုအဂတိကဝင်စစ်သွားတာသူ့သားထံမှာကားအပ်တာများလို့ဆိုပြီးပါ။သူ့သားကကုမ္ပဏီမထောင်ခဲ့ပါ။ဒေါက်တာလဲ့လဲ့မော်ကအိမ်စာချူပ်ငွေသိန်း၁၄၀ကွာလို့ပါတဲ့။ဒါပေမယ့်အဂတိဟာအရပ်သားကိုသာစစ်နိုင်တာတွေ့ရပါတယ်။ဒါကငွေကြေးကိစ္စ။တပ်ရဲ့ဘတ်ဂျက်ဟာတိုင်းပြည်အတွက်သုံးတဲ့ငွေရဲ့ပမာဏတစ်ခုကိုယူထားတာပါ။ဒါကြောင့်အရေးကြီးပါတယ်။

တရားဥပဒေစိုးမိုးလား? ဟိုVictoria အမှုကထားလိုက်ပါ။ဦးကိုနီကိုလုပ်ကြံသူတစ်ယောက်ကဖမ်းမမိသလိုတိုင်ပင်ရာမှာပါသူအမတ်ကိုလဲမျက်စောင်းတောင်မထိုးရဲပါ။ဒါတင်လားဆိုတော့ဖြိုးကိုကိုတင့်ဆန်းကိုပြစ်မှုကျူးလွန်တဲ့နေရာများစွာမှာမစစ်ဘဲဥပမာနေပြည်တော်ကနေရန်ကုန်ကိုမသွားခိုင်းဘဲတရားရေးကကျင်နာစွာနဲ့နေပြည်တော်မှာစစ်ပေးပေမယ့်ပြည်သူတွေဘက်ကလိုက်တဲ့ကိုနေမျိုးဇင်ကိုတစ်မြို့ဆီမှာရုံးထုတ်နေတာဟာတရားစီရင်ရေးရဲ့သာတူညီမျှမရှိမှုကိုပြနေပါတယ်။

ဖြစ်သင့်တာကမိမိတိုင်းပြည်ထဲမှာခွင့်တူညီမျှပြီးဥပဒေအောက်မှာအားလုံးရှိရင်ကုလအဖွဲ့လဲဘာမှဝင်စွက်စရာမလိုတော့ပါ။ဒီအဖွဲ့တောင်ပေါ်လာစရာမရှိပါ။ယခုကုလအဖွဲ့ကပြုစုထားတဲ့စီးပွားရေးလုပ်ငန်းတွေကစာရေးသူမသိတာတွေတောင်ပါပါတယ်။သူတို့မှာအတွင်းလူရှိပုံပါ။အဘတို့နဲ့တွဲလုပ်ခဲ့သူပေါ့။သူကနိုင်ငံခြားကနေအတွင်းလူနဲ့ပေါင်းပြီးအစစွဲထုတ်ပုံပါ။

နှစ်ဖက်စလုံးစဉ်းစားရမှာကတိုင်းပြည်မှာတရားဥပဒေစိုးမိုးအောင်ဥပဒေအထက်မှာဘယ်အဖွဲ့အစည်းမှမရှိအောင်ဘယ်လိုလုပ်မလဲဘယ်လိုအပေးအယူလုပ်မလဲစဉ်းစားရမှာပါ။တပ်ချုပ်အနေနဲ့ကဒီမိုအစိုးရကပြင်လိုတဲ့ခြေဥကိုပြင်ပေးပြီးသူတို့ပြောသလိုလွှတ်တော်ကရာခိူင်နှုန်းနဲ့ထွက်သွားတာဟာအကောင်းဆုံးလို့ထင်ပါတယ်။မြန်လေကောင်းလေပါ။သူတို့ကကမ်းလှမ်းချိန်မှာလက်ခံလိုက်ပါ။ပြည်တွင်းမှာတရားမျှတမှုရှိရင်ကုလလဲမှုစရာမလိုပါ။

742 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comentarios


bottom of page