top of page
Search

တရုတ်လုံခြုံရေးကုမ္ပဏီက မအလကို နိုင်စေမှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 22, 2025
  • 2 min read

စာရေးသူတို့ဟာ ဖြစ်နိုင်ရင် အင်အားကြီးနိုင်ငံတွေနဲ့ ရန်မဖြစ်လိုပါ။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ မလိုအပ်ဘဲ ရန်မဖြစ်လိုပါ။ ဒါကြောင့်လဲ အမေစုက အနောက်ထောက်ပံ့တဲ့ NGO တွေ ကန့်ကွက်တဲ့ကြားက တရုတ်နဲ့ ဆက်ဆံရေးကိုကောင်းအောင် တတ်နိုင်သမျှ တည်ဆောက်ခဲ့ပါတယ်။ ယခုတော်လှန်ရေးအချိန်မှာတောင် စာရေးသူတို့ နယ်မြေစိုးမိုးတဲ့ကြားက တရုတ်စီမံကိန်းတွေကို ဝင်မတိုက်တာ၊ ပိုက်လိုင်းတွေကို မဖျက်ဆီးတာက NUG အောက်က PDF တပ်ဖွဲ့တွေရဲ့ စောင့်စည်းထိန်းသိမ်းမှုကို ပြနေတယ်ဆိုတာ တရုတ်နားလည်ဖို့လိုပါတယ်။ ဒါဆိုအများမေးနေတဲ့ မေးခွန်းတွေကို လေ့လာကြည့်ရအောင်။


တရုတ်လုံခြုံရေးကုမ္ပဏီက မအလတပ်ကို နိုင်စေမလား?

အလွယ်ဖြေရရင် ကိုးကန့်က အပစ်ရပ်လိုက်တာ၊ TNLA က အပစ်ရပ်တာ၊ AA က အပစ်ရပ်တာ၊ ရှမ်းက မတိုက်ဘဲနေတာတွေက မအလတပ်ကိုနိုင်စေဖို့ တရုတ်လုံခြုံရေးကုမ္ပဏီထက် ပိုဖြစ်နိုင်စေတယ်လို့ ဒဲ့ပြောပါရစေ။


ဒါဆို အင်အားကြီး တရုတ်နိုင်ငံရဲ့ လုံခြုံရေးကုမ္ပဏီက မအလကို မနိုင်စေတာက ဘာ‌ကြောင့်လဲ?

ပထမဆုံးက သမိုင်းကိုပြန်လေ့လာပါ။ အမေရိကန်က ဗီယက်နမ်၊ ဆိုမားလီးယားမှသည် အာဖဂန်၊ အီရတ်အထိ သူ့ပုဂ္ဂလိက လက်နက်ကိုင် Blackwater ကုမ္ပဏီရော၊ သူ့စစ်တပ်ကြီးရော ဝင်တိုက်တာတောင် မနိုင်ခဲ့ပါ။ ကမ္ဘာပေါ်မှာ ယခုအချိန်အထိ အမေရိကန်က စစ်အင်အားအကြီးဆုံးဆိုတာ မမေ့ပါနဲ့။ ထို့အတူပါဘဲ ၂၀၂၅ ပူပူနွေးနွေး ဆီးရီးယားတော်လှန်ရေး အောင်ပွဲကလဲ ရုရှားတပ်ကြီးက မြေပြင်ရော ဝေဟင်ကပါ ဝင်တိုက်တာတောင် မနိုင်ဘဲ အာဆတ်စစ်ရှုံးသွားတာ အားလုံးမျက်မြင် ကိုယ်တွေ့ပါ။ ဒါကြောင့် တရုတ်လက်နက်ကိုင်ကုမ္ပဏီ‌လောက်က မအလနိုင်အောင်အထိ မလုပ်ပေးနိုင်တာက သေချာပါတယ်။

နောက်တစ်ခုက တရုတ်လက်နက်ကိုင်တွေ ဗမာဒေသကိုဝင်လာခဲ့ရင် အာဆီယံရော၊ အမေရိကန်ကပါ ကြည့်နေလို့မရတော့ပါ။ ထရမ့်ဟာ တရုတ်ကို သူ့ကိစ္စနဲ့သူ ကိုင်မှာပါ။ ဗမာပြည်အတွက်ဆိုပြီး လုပ်မှာမဟုတ်ပေမယ့် သူ့အကျိုးအတွက် လုပ်မှာပါ။ ထရမ့်က ရုရှားထက်တရုတ်ကို ရန်သူအဖြစ် ပိုမြင်ပါတယ်။ သူ့ကိစ္စအတွက်လုပ်ရင်း ကိုယ့်ကိစ္စလဲ အကျိုးရှိလာမှာပါ။ တရုတ်တပ်တွေ မြန်မာထဲဝင်လာမှာကို တရုတ်အောက်မဟုတ်တဲ့ အာဆီယံက လိုလားမှာ မဟုတ်ပါ။ ဗီယက်နမ်တောင် မကြိုက်နိုင်ပါ။


ဒါဆိုရင် ဘာပိုဖြစ်နိုင်သလဲ? တရုတ်ဟာ သူ့လက်နက်ကိုင် ကုမ္ပဏီနဲ့တင် ဒေသကို စိုးမိုးလို့မရပါ။ ဥပမာ မြင်းခြံမြို့ထဲက စက်ရုံထဲမှာ သူ့လုံခြုံ‌ရေးတပ်ထိုင်နေပြီး စီးပွားရေးလုပ်လို့မရပါ။ ပိုက်လိုင်းတစ်လျှောက်လဲ လူတွေ၊ နည်းပညာတွေနဲ့တင် လုံခြုံရေးချလို့မရပါ။ သူ့ကိုကူညီဖို့ မြေပြင်က မအလတပ် (သို့) အခြားဗမာအမည်ခံ သူ့ဩဇာခံတပ်လိုပါတယ်။ မအလတပ်ကသာ အစထဲက လုံခြုံရေးပေးနိုင်ရင် သူ့တပ်မလိုပါ။ ဒါကြောင့် သူက NUG နဲ့ စကားမပြောလိုရင် NUG အောက်ကမဟုတ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတပ် (သို့) ဗမာအမည်ခံ အခြားတပ်တစ်ခုကို သုံးရမှာပါ။

ဒီနေရာမှာ NLD ကို ၉၀% ကျော် မဲပေးခဲ့တဲ့ ဗမာဒေသအညာက ဗမာတွေ ညီညာဖို့တော့လိုပါတယ်။ အားလုံးညီရင် တရုတ်လုံခြုံရေးတပ်ကို ပညာကောင်းကောင်း ပေးနိုင်ပါတယ်။ ဗမာတွေက မိမိကစပြီး မကျူးကျော်‌ ပေမယ့် ကျူးကျော်လာတဲ့ တရုတ်တပ်ကို ညီညီညာညာနဲ့ ဝိုင်းတိုက်ရင် တရုတ်တပ်လဲ ခံနိုင်မည်မဟုတ်ပါ။ သူက စရင်တော့ ကိုယ်ကလဲ ဘယ်အင်အားကြီးနိုင်ငံဖြစ်ဖြစ် ခံချရမှာပါ။ တရုတ်ကူမင်တန်ကို ခံချခဲ့တာလဲ အညာသားတွေဆိုတာ မမေ့ပါနဲ့။

တရုတ်အနေနဲ့ မအလကို မိမိပြောထားတဲ့အတိုင်း DASSK ကို ရွေးကောက်ပွဲမတိုင်ခင် လွှတ်ခိုင်းနိုင်ပြီး မအလမရှိတဲ့ ထင်ရှားတဲ့ အပြောင်းအလဲလုပ်နိုင်ရင်တော့ ပြည်သူက အမြင်ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် မအလက လုပ်မည်မထင်ပါ။ မအလက ဘရွှေကိုတောင် မဖမ်းရုံပါ။

ဒါမှမဟုတ်ဘဲ ဗမာပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ရင်တော့ ဗမာပြည်သူကလဲ တရုတ်ကို ရရာလက်နက်စွဲကိုင်ပြီး အသေခံတွန်းလှန်သွားမယ်ဆိုတာ ‌မမေ့ပါနဲ့။ ထိုအချိန်မှာ ယခုထက်ဆန်းတဲ့လက်နက်တွေက ဗမာ့‌ မြေကို‌ ရောက်လာမှာပါ။ တရုတ်တပ်ကြီး ဗီယက်နမ်မှာလို ဖြစ်သွားချင်ရင်တော့ လာခဲ့လိုက်ပါ။ ငါတို့က ရန်စမဖြစ်လိုပေမယ့် ငါတို့မြေကို လာကျူးကျော်လာရင်တော့ နယ်ချဲ့တရုတ်ကို အညာသားတွေက ခံချသွားမယ်ဆိုတာ မမေ့ပါနဲ့။

အကျဉ်းချုပ်ရရင် တရုတ်လုံခြုံရေးကုမ္ပဏီတွေကို ဗမာဒေသမှာ NUG အောက်က စုစုစည်းစည်း ဝိုင်းချရင် မအလတပ်က တရုတ်ကူလဲ နိုင်စရာမရှိပါ။ တရုတ်လက်အောက်ခံ NUG အောက်မရှိတဲ့ ဗမာတပ်ကတော့ အကြောက်ရဆုံးပါလို့ ပြောပါရစေ။

(Disclosure - စာရေးသူအား မအလ၊ အမေရိကန်၊ တရုတ်၊ ရုရှားနှင့်အနောက်တိုင်း အစိုးရများမှ ထောက်ပံ့မှုမရှိသလို USAIDs နှင့် NGO များထံမှလဲ ထောက်ပံ့မှုမရှိပါ။ အနောက်တိုင်း၊တရုတ်၊ရုရှားတို့ထံမှလဲ ပညာတော်သင်ဆု ရရှိခြင်းမရှိခဲ့ပါ။ စာရေးသူသည် DASSK ထောက်ခံသူသာ ဖြစ်ပါသည်။)

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page