top of page
Search
Writer's pictureMyat Tun Oo

တရုတ်ဘယ်ဘက်ကလိုက်လဲ


တရုတ်ဘယ်ဘက်ကလိုက်လဲ

ဒီမေးခွန်းက လူတိုင်းသိချင်တဲ့ မေးခွန်းပါ။ ဘောမတွေကိုမေးရင် တရုတ်က မြောက်ပိုင်းသုံးဖွဲ့ကို လက်နက်ပေးပြီး တိုက်ခိုင်းတယ်လို့ ပြောကြပါလိမ့်မယ်။ ထို့အတူပါပဲ ဒီမိုတွေကိုမေးရင်လည်း တရုတ်ဟာ မအလဘက်ကလိုက်ပြီး မြောက်ပိုင်းသုံးပွဲကို ဖိအားပေးနေတယ်လို့ ပြောကြပါလိမ့်မယ်။

ဒါဆိုရင် တရုတ်ဘယ်ဘက်ကရပ်လဲ? စနစ်တကျ အထောက်အထားနဲ့ လေ့လာကြည့်ရအောင်။ အမေရိကန်ထောက်လှမ်းရေး သတင်းများအရ  အမေရိကန်က  မအလထံ ပေးပို့ခဲ့တဲ့သတင်းအရ တရုတ်ဟာ မြောက်ပိုင်းသုံးပွဲကို လက်နက်ထောက်ပံ့ခဲ့ပါတယ်။ လက်နက်ထောက်ပံ့ရခြင်းအကြောင်းက မအလဟာ ကျားဖြန့်ကို နှိမ်နင်းခိုင်းရာမှာ မနှိမ်နင်းဘဲ အကာအကွယ်ပေးထားခဲ့လို့ပါ။ မအလထံ တရုတ်ဝန်ကြီးတွေက ဖမ်းဆီးနှိမ်နင်းဖို့  ပြောခဲ့ပေမယ့် မာလက ရူးချင်ယောင်ဆောင်နေခဲ့ပါတယ်။ မအလက စကားနားမထောင်ခဲ့ပါ။ ကျားဖြန့်အဖွဲ့တွေဟာ မအလရဲ့လက်နက်ကိုင်တွေနဲ့  ရောထွေးနေခဲ့တာမို့ ထိုလက်နက်ကိုင်များကို  ဖယ်ရှားဖမ်းဆီနိုင်ဖို့က တရုတ်တပ် ဝင်တာထက် မြန်မာပြည်ထဲက ရှိပြီးသားအဖွဲ့ကို လက်နက်တပ်ဆင်ပေးထားတာက ပိုလွယ်မှာပါ။  ဒီနေရာမှာ တရုတ်ထောက်လှမ်းရေးရဲ့အမှားက မအလစစ်တပ်ကို အလွန်အထင်ကြီးပြီး လက်နက်အင်အားများစွာသုံးရမယ်ထင်ပြီး လက်နက်အမြောက်အများကို ပံ့ပိုးပေးခဲ့တာပါ။ မအလတပ်ဟာ ခံမတိုက်ပဲ ခွေးပြေးဝက်ပြေး ထွက်ပြေးပြီးလက်နက်ချခဲ့လို့ MNDAA, AA နဲ့ TNLA တို့က လက်နက်ပုံပေါ်  ထိုင်မိထားဖြစ်သွားခဲ့ပါတယ်။ ဒီနေရာမှာ တရုတ်ဟာ မြောက်ပိုင်းသုံးဖွဲ့ကို ချစ်လွန်းလို့ ဒီမိုကရေစီပေးချင်လွန်းလို့မဟုတ်ဘဲ သူ့အကျိုးစီးပွားအတွက် လုပ်ရာကနေ မအလက တိုက်ရည်ခိုက်ရေမရှိဘဲ ထင်တာထက် လျင်မြန်စွာရှုံးသွားခဲ့တာပါ။

တရုတ်က ကြားဝင်စေ့စပ်ပေးရာမှာလည်း မြောက်ပိုင်းနှစ်ဖွဲ့ကငြိမ်ခဲ့ပေမယ့် မအလဟာလူသစ်စုပြီးပြန်တိုက်ဖို့ပြင်တာ သူတို့ကိုရန်သွားစတာတွေလုပ်လို့ စစ်ပွဲက အနှေးနဲ့အမြန် ပြန်ဖြစ်ခဲ့ရတာပါ။ ထိုအချိန်မှာလည်း မအလဟာ တရုတ်ပြောတဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ရန် ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးရန် ရွေးကောက်ပွဲလုပ်ရန်တွေကို မလုပ်ခဲ့ပါ။

ဒုတိယလှိုင်းကတော့ တရုတ်က သူ့ကိစ္စပြီးလို့ အကျိုးစီးပွားအတွက်မရှိတော့ပေမယ့် ထိုထပ်တွေက ယခုအရှိန်အတိုင်းဆက်တိုက်ရင် သူတို့လက်ထဲမှာရှိတဲ့လက်နက်တွေနဲ့ မန္တလေးတောင်ကြီးထိ သိမ်းလာနိုင်ချေရှိတာကို တရုတ်ကရိပ်စားမိလာပါတယ်။ အဆိုပါမြောက်ပိုင်းသုံးပွဲက NUG နဲ့ တရားဝင် မဟုတ်ပေမယ့် ဟန်ချက်ညီညီတိုက်ခိုက်လာနေလို့  မအလဟာ အခြားနေရာတွေမှာ စစ်ရှုံးနေတာကိုလဲ တရုတ်ကရိပ်စားမိပါတယ်။

ဒီအချိန်မှာ တရုတ်ကြောက်တာက သူ့မြောက်ပိုင်းသုံးဖွဲ့ကလွဲရင် အခြားအဖွဲ့တွေက အမေရိကန်သြဇာ ကင်းမလားဆိုတာပါ။ ကရင်၊ ကရင်၊ ချင်းတို့ကို တရုတ်က အမြဲသံသယရှိခဲ့ပါတယ်။ NUG ကိုလဲ အမေရိကန်နဲ့နီးတယ်လို့ ယူဆထားပုံပါ။

စစ်ပွဲအရ မန္တလေးကျရင် မအလကျပြီး တရုတ်နဲ့အဆင်မပြေတဲ့ အစိုးရပေါ်လာမှာကိုလည်း တရုတ်ဟာ အကျိုးစီးပွားအရ လိုလားပုံမရပါ။ ဒါကြောင့် မန္တလေးလို မြို့ကြီးတွေ မကျအောင် သူ့အကျိုးစီးပွါး မထိခိုက်အောင် ကြားခံပေးထားဖို့ ကြားအချိန်မှာလဲ မအလကို ဖြုတ်နိုင်တဲ့၊ ရှင်းလင်းနိုင်တဲ့ နည်းလမ်းတွေကိုလဲ ရှာကြံနေပုံပါ။

တရုတ်အနေနဲ့သတိထားရမှာက မြန်မာပြည်သူတွေနဲ့ တစ်သားထဲဖြစ်လာနေတဲ့ မြောက်ပိုင်းသုံးဖွဲ့ကို အတင်းဖိအားသွားပေးခဲ့ရင် မလိုလားအပ်တဲ့ ပြည်သူတွေနဲ့ စစ်ဖြစ်ရမယ်ဆိုတာပါ။ တရုတ်တပ်တွေဝင်လာလည်း ယခုဘောမရော ဒီမိုရောက တရုတ်ကိုမုန်းနေလို့ ဂျပန်တွေ တရုတ်ပြည်ကိုဝင်သိမ်းစဉ်က တရုတ်ကွန်မြူနစ်ရော ကူမင်းတိုင်ရောက ဂျပန်ကိုဝိုင်းတိုက်ခဲ့သလို ပြန်တိုက်ခံရမှာပါ။ ဘောမထဲမှာ အချို့တွေက မအလကို ဘောမနေပေမယ့် တကယ့်အမျိုးသားရေးဝါဒီဆိုသူတွေလည်း ရှိကြပါသေးတယ်။ ထိုသူတွေက ဖြစ်လာရင် ဒီမိုတွေထက် ထိန်းရပိုခက်နိုင်ပြီး တရုတ်အကျိုးစီးပွားကို မဟုတ်တာလုပ်မှာ အင်မတန်စိုးရိမ်ရပါတယ်။ တကယ်ဖြစ်ရင်တောင် နှစ်ဖက်စလုံးကမုန်းနေလို့ ဘယ်သူက လုပ်သွားတာလဲဆိုတာ ခန့်မှန်းရခက်မှာပါ။

အကျဉ်းချုပ်ရရင် တရုတ်ဟာဘယ်သူဘက်မှမလိုက်ဘဲ တရုတ်အကျိုးစီးပွါးဘက်ကသာ လိုက်နေတာကိုတွေ့ရမှာပါ။ စာရေးသူတို့ ပြည်သူတွေက ဖြစ်လာတဲ့အခြေနေကို မိမိဒီမိုအကျိုးစီးပွားအတွက် ရသလောက်အသုံးချရမှာပါ။ တရုတ်ကိုမုန်းဖို့မလိုသလို ချစ်ဖို့လဲ မလိုပါ။ ဒါပေမယ့် တရုတ်ကို ဦးအောင်ရန်စစရာလဲမလိုပါ။ တရုပ်က ထင်ထင်ရှား ရန်စလာရင်တော့ ထိထိရောက်ရောက် တုန့်ပြန်ရုံမှတပါး အခြားမရှိပါ။ တရုတ်က မြောက်ပိုင်းအဖွဲ့ကို ဖြတ်လေးဖြတ်လုပ် ဖိအားပေးနိုင်သလို အမေရိကန်နဲ့အင်္ဂလိပ်ကလည်း ရခိုင်ကို ရိုဟင်ဂျာကိစ္စမှာ သူတို့စကားနားမထောင်ရင် စီးပွါးရေးပိတ်ဆို့ပြီး ဖြတ်လေးဖြတ်လုပ် ဖိအားပေးမှာပါ။ လုပ်ပုံတော့ ကွာမှာပါ။ ယခုထဲက နိုင်ငံခြားက သတင်းစာတွေမှာ ရခိုင်က ပြန်လည်ထူထောင်ရေးအတွက်ငွေလိုမှာ အကူအညီလိုမှာဖြစ်ပြီး ထိုအချိန်ဟာ အနောက်အုပ်စုအတွက် ရခိုင်ကိုဖိအားပေးဖို့ ကောင်းတဲ့အချိန်ဆိုပြီး ရေးသားနေကြပါပြီ။ ဒါကြောင့် အားလုံးသိထားရမှာက ဘယ်အရာမဆို အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေမရှိဘဲ မိမိလိုအပ်ချိန်မှာ တရုတ်က သူ့ကိုယ်ကျိုးအတွက်လုပ်ချိန်မှာ မိမိအကျိုးရှိအောင်ကစားပြီး မိမိပန်းတိုင်ရောက်အောင်သာ ရောက်နိုင်အောင်သာကြိုးစားရမှာပါ။  တရုတ်က အမေရိကန်က သူတို့အကျိုးစီးပွားဘက်ကသာရပ်သလို စာရေးသူတို့ကလည်း မိမိနိုင်ငံအကျိုးစီးပွားဘက်က ရပ်တည်နိုင်အောင် မိမိတပ်အားကောင်း NUG အောက်က PDF ကို ဆက်ပြီးထောက်ပံ့ပေးပါ။ NUG ရဲ့ PDF အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာပါ။ ပြည်သူတွေအနေနဲ့ အညာဒေသမှာ တရုတ်ဩဇာခံအဖွဲ့တွေ အနောက်ဩဇာခံအဖွဲ့တွေကို မထောက်ပံ့မိစေဘဲ NUG အောက်က PDF ကိုသာ ထောက်ပံ့ပါလို့ ထပ်ခါထပ်ခါပြောပါရစေ။

270 views0 comments

Comments


bottom of page