top of page
Search

တရုတ်နဲ့ အမေရိကန် ပူးပေါင်းပြီး မအလကို ကျပ်လို့ရမလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 23, 2021
  • 1 min read

မြန်မာပြည်ဟာ သဘာဓာတ်ငွေ့တင်ပို့တာပြီးရင် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးကနေ ဝင်ငွေတွေရပါတယ်။ ရုရှားထံက လက်နက်ဝယ်တာသာရှိပြီး ဝင်ငွေမရပါ။ တရုတ်ပြီးရင် အာဆီယံနိုင်ငံတွေ အထူးသဖြင့် စင်ကာပူ၊ ထိုင်း၊ မလေးရှားတို့နဲ့ ကုန်သွယ်ပါတယ်။ ဗီယက်နမ်ကလဲ မြန်မာပြည်ထဲမှာ ရင်းနှီးမြုပ်နှံမှုတွေ များစွာရှိနေပါတယ်။

ယခင်စစ်အစိုးရလူကြီးများနဲ့ မအလရဲ့ ရှယ်ယာတွေဟာ တရုတ်ပြည် ရှန်ဟိုင်းနဲ့ ဟောင်ကောင်မှာရှိပြီးငွေကြေးတွေက စင်ကာပူ၊ ဘန်ကောက်နဲ့ ဟောင်ကောင်က ဘဏ်တွေမှာ ထားပါတယ်။ ဟို ဦးကိုနီကိုသတ်ရာမှာ အဓိက ဦးဆောင်ပါခဲ့တဲ့ မအလရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီးလင်းဇော်ထွန်းဟာ ထိုဘဏ်တွေကို ကြားခံဆက်သွယ်လှုပ်ရှားပေးရသူပါ။

ဒါဆိုရင် အမေရိကန်အနေနဲ့ စင်ကာပူနဲ့ ထိုင်းဘက်က မအလက နိုင်ငံခြားငွေ ခဝါချမှုကို တိုက်ဖျက်ရမှာဖြစ်သလို တရုတ်နိုင်ငံကလဲ စစ်တပ်နဲ့ မအလရဲ့ တရုတ်နိုင်ငံထဲက ပိုင်ဆိုင်မှုတွေကို ယာယီထိန်းချုပ်ဖို့ ကြိုးစားပေးနိုင်ရင် ပိုကောင်းပါမယ်။

လောလောဆယ် တရုတ်နိုင်ငံက ကိုဗစ်အကြောင်းပြပြီး နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားလို့ မအလကို စီးပွါးရေးပိတ်ထားသလို ဖြစ်နေပါတယ်။ တရုတ်အနေနဲ့ ကိုဗစ်ကိုကြောက်လို့ ဆက်ပိတ်ခဲ့ရင် မအလကို ပိတ်ထားသလို ဖြစ်သွားနိုင်ပါတယ်။

တိုက်ပွဲတိုင်းမှာ နောက်ဆုံးကတော့ ပြည်သူကသာ ဆုံးဖြတ်မှာပါ။ လက်နက်ကြီးတွေရခဲ့ရင်တော့ပန်းတိုင်ဟာ မဝေးပါ။ တရုတ်၊ အမေရိကန်နဲ့ အာဆီယံက မအလကို စီးပွါးရေးပိတ်ဆို့နိုင်ခဲ့ရင်တော့ ပိုမြန်သွားမှာပါ။ အမေရိကန်ဟာ ဟာဝေးကုမ္ပဏီကိုတောင် သူ့ အီရတ်ကို ပိတ်ဆို့တဲ့ ဥပဒေချိုးဖောက်လို့ ကနေဒါမှာ ဖမ်းခိုင်းတဲ့ သာဓက ရှိခဲ့ပါတယ်။ စင်ကာပူနဲ့ ထိုင်းဟာ အမေရိကန် အရိပ်ပြရင် သိပါတယ်။ မအလဘဏ့်အကောင့်ကို ပိတ်ရတာဟာ စင်ကာပူအတွက် မခက်ပါဘူး။ ပြည်တွင်းပြည်ပပူးပေါင်းကျပ်ရင် မုချနိုင်မှာပါ။

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page