top of page
Search

တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမှု အသစ်လုပ်မလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 10, 2021
  • 2 min read

လွန်ခဲ့တဲ့ ရက်ပိုင်းက ဖက်ဆစ်မအလက MIC မှာ အသစ်ခန့်လိုက်တဲ့ တရားဝင်သမ္မတကို ဝင်ဖမ်းခဲ့သူသူခိုးမိုးမြင့်ထွန်းက တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံတဲ့ လျှပ်စစ်ကဏ္ဍကို ခွင့်ပြုလိုက်တယ်ဆိုတာကြေညာသွားပါတယ်။ သူတို့လုပ်ပုံက တရုတ်နိုင်ငံကို ပေါပေါနဲ့ စီးပွါးရေးပေးလုပ်မယ် သူ့ကိုထောက်ခံပေါ့။ ဒါတွေက ဖြစ်နိုင်မလား? စီးပွါးရေးနဲ့ နိုင်ငံရေးအရ လေ့လာကြည့်ရအောင်။

စီးပွါးရေးအရ လျှပ်စစ်မီးဆိုတာ စီးပွါးဖြစ်မှ သုံးနိုင်တာပါ။ DASSK လက်ထက် ကိုဗစ်မဖြစ်ခင်က မအလဖက်ဆစ်အလိုတော်ရိတွေ ဘာမကောင်းပြောပြော စီးပွါးရေးဟာ ထောင်တက်နေခဲ့တာပါ။ အညွန့်တလူလူပေါ့။ ယခုမအလတက်အပြီး ကိုဗစ်နဲ့ ဖက်ဆစ်မအလအာဏာသိမ်းတာပေါင်းပြီး စီးပွါးရေးကအဝီစိကို သွားနေပါပြီ။ ဒါ့ကြောင့် ဝယ်လိုအားကျမှာပါ။ နောက်ဒီစီမံချက်ဟာ ပိုက်ဆံချေးပြီး ရင်းနှီးမြုပ်နှံရမှာမိုလို့ ဘယ်အနောက်နိုင်ငံကမှ ငွေချေးမှာမဟုတ်ဘဲ တရုတ်ကသာ အတိုးကြီးနဲ့ ချေးနိုင်မှာပါ။ ဒါ့ကြောင့် မိအေးနှစ်ခါနာကိစ္စပါ။ တရုတ်နိုင်ငံက ကုမ္ပဏီတွေကလဲ ကိုဗစ်ကာလမှာ ဒီလောက်မမိုက်လောက်ပါ။ ဒါ့ကြောင့် တရုတ်အစိုးရက နိုင်ငံရေးအရ မအလကို သိပ်ကြိုက်လို့ ရင်းနှီးမြုပ်နှံတာကလွဲပြီး မဖြစ်နိုင်ပါ။

ဒါဆို နိုင်ငံ​ရေးအရ ကြည့်ကြရအောင်။ ဒီစီမံချက်ကို NLD အစိုးရလက်ထက်မှာ ပဏာမသဘောတူခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ဒါကို NLD အစိုးရက လေ့လာဆဲကာလသာ ရှိခဲ့ပါတယ်။ အတည်မပြုသေးပါ။ ဒါ့ကြောင့်တရုတ်နိုင်ငံအနေနဲ့ ယခင်အစိုးရက အတည်ပြုခဲ့လို့ ယခုဟာကို အကာအကွယ်ပေးပါလို့ NUG ကို တောင်းဆိုလို့မရပါ။ ရင်းနှီးမြုပ်နှံမှုအသစ်တိုင်းကို NUG အစိုးရကို တင်ပြရမှာဖြစ်ပြီးNUG ကို အခွန်ပေးဆောင်ရမှာပါ။ မတင်ပြတဲ့စီမံချက် NUG ခွင့်ပြုချက်မရဘဲလုပ်တဲ့ ဘယ်နိုင်ငံရဲ့စီမံချက်မဆို NUG ကို အခွန်မပေးတဲ့ ကုမ္ပဏီတွေဟာ ပြည်သူတွေရဲ့ ဒဏ်ခတ်တာကို ခံရမှာပါ။ အဲ့ဒီကုမ္ပဏီဝန်ထမ်းတိုင်းရဲ့ လုံခြုံရေးကို မအလဖက်ဆစ်တပ်က မပေးနိုင်ပါဘူး။

ဒီခွင့်ပြုချက် မချပေးခင်မှာဘဲ တရုတ်နိုင်ငံက ယခင်လက်မှတ်ထိုးထားတဲ့ စီမံကိန်းတွေတောင် ဝင်မလာနိုင်တော့ဘူးလို့ NIKKEI Asia မှာ ရေးထားပါတယ်။ စာရေးသူအနေနဲ့ ဘယ်နိုင်ငံဆန့်ကျင်​ရေးမှ မရေးသားလိုပါ။ တရုတ်နိုင်ငံအနေနဲ့ နောက်ကွယ်ကနေ ပြေလည်အောင်လုပ်ပေးနေပေမယ့် ယခုထက်ထင်သာမြင်သာနဲ့ ပြည်သူတွေဘက်က ကူညီပြီး မအလနဲ့ ဝေးဝေးနေပေးပါလို့သာ ပြောပါရစေ။ ပြည်သူတွေက ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး ဖက်ဆစ်မအလနဲ့ သူ့ကိုထောက်ခံသူ ဒေါက်တိုင်အားလုံးကို တိုက်သွားမှာပါလို့ ပြောထားပါရစေ။ ပြည်သူကို လျှော့မတွက်ပါနဲ့။ ပြည်သူသာ အဓိကပါ။

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

1 Comment

Myint Soe Oo
Myint Soe Oo
May 10, 2021

ဦးမြတ်!! ဘာသာသာသနာနဲ့ စ ပြောပါရစေ။

~ဘုရားမှာ စိန်

~သာသနာမှာ သိမ်

စိန် = စိန်ဖူးတော် ၊ ဘုရားပစ္စည်း ငရဲမီး။

ဝလပ်သျှားမှာ အကြီးအကျယ် စံတင် လောင်ကျွမ်းသွားခဲ့ပါသည်။

သိမ် = အရတ္တမဂ်ဉာဏ်ကိန်းပြီးသော ရဟန္တာကြီး သမုတ်ခဲ့သော သိမ်။

အကျိုးပေးဖို့ အချိန် ရင့်သန် ကာလ ရောက်လာပြီဟု ယူဆရပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အနည်းငယ်သော မိတ်ဆွေတွေမို့

အားငယ်သူ အားပေးတာလား? ရေထဲကလူ ဆယ်ယူတာတော့မဖြစ်နိုင်ပါ။

အချင်းချင်း အားပေးတဲ့အနေနဲ့ ကျောချင်းကပ်လေသည်လား??အများကို အထီးမကျန်ကြောင်းပြပြီး စည်းလုံးမှု သရုပ်သကန် ဖော်ခြင်းလား??။ ကာယကံရှင်များသာ သိပါမည်။

နှစ်ကိုယ့် တစ်စိတ်မို့။

မဆယ်ယူလောက်ပါဟုပြောရသည်မှာ

သည်မှလည်း ခုတလော ရို အသံက ပြန်ညံလာ။ သူ့မှလည်း ဝီဂါအသံကြောင့် ဣန္ဒြေ မရ ဖြစ်နေချိန်။ သည်က ရိုကိ္စ္စ လက်သည်သည်?? မီးပုံကြား ဗျာများနေရပြီ။

ဘုရားရှင်နုစဥ် ဆေးသမားဘဝက နေကောင်းသွားတဲ့လူနာ ဆေးကုခမပေးချင်လို့ မကောင်းသေးဖူး ပြောသူကို ဝမ်းနုတ်ဆေး တိုက်ကျွေးသော သာဓက ရှိပါသည်။

မျှော်လင့်ချက်မဲ့နေသော လူနာအတွက် ပွေးကိုင်းအုပ်ဆေး တိုက်ကျွေးက လူနာ ??

သမားတော်လည်းဟုတ် ဆရာလည်း ဟုတ်သူ၏ ဆန္ဒပေါ် မူတည်ပါသည်။ပျားရည်နှင့် ဝမ်းချ စကား

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page