top of page
Search

တရုတ်နှင့် ဂျပန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 14, 2021
  • 1 min read

ယခုနေပြည်တော်မှာ ရောက်နေတာက တရုတ်နဲ့ ဂျပန်ကိုယ်စားလှယ်ပါ။ အချို့က ဂျပန်ကိုယ်စားလှယ်က ရခိုင်မှာ ငြိမ်းချမ်းရေးရအောင် လုပ်ပေးခဲ့တယ် ဘာညာတင်စားပေမယ့် ရခိုင်ကိစ္စက မအလကအာဏာသိမ်းစရာရှိလို့ လိုက်လျောခဲ့တာပါ။ သူယခင်က ဆွေးနွေးပွဲတွေမှာ DASSK အဆင်မပြေအောင် ကန့်လန့်တိုက်ခဲ့ပြီး အာဏာသိမ်းချိန်အထိ တိုက်ပွဲဖြစ်နေရင် တပ်နှုတ်မရမှာစိုးလို့ AA တပ်ရခိုင်မှာ တပ်စွဲထားတာကို အရှုံးပေးလိုက်တာပါ။ ယခုလဲ AA နဲ့ ပြန်တိုက်ရင် သူ့တပ်တွေ အသေများနိုင်လို့ ဂျပန်ကိုခေါ်ပြီး အချိုသပ်တာပါ။ ယခင်က စစ်ကိုင်း၊ ကျောက်ထု၊ မင်းတပ်ကပို့ခဲ့တဲ့လမ်းဟာသူ့တပ်က အသေအပျောက်များနေလို့ AA လို လက်နက်ကောင်းတဲ့အဖွဲ့နဲ့တိုက်ရင် အလောင်းစည်သူဖြစ်သွားနိုင်လို့ပါ။ ဒါက ဂျပန်ကိစ္စပါ။

တရုတ်နဲ့က စာရေးသူ နိုဝင်ဘာ (၁) ရက်ထဲက ရေးခဲ့ပါတယ်။ နိုဝင်ဘာ ၂၂ တရုတ်-အာဆီယံအစည်းအဝေးအတွက် မအလကို ဖိတ် မဖိတ် တရုတ်က ဆုံးဖြတ်ရမှာပါ။ စာရေးသူ နိုဝင်ဘာ (၁) ရက်က ရေးခဲ့သလိုပါဘဲ တရုတ်ကိုယ်စားလှယ်က DASSK နဲ့ တွေ့ခွင့်တောင်းထားပါတယ်။ ပေး မပေးအပေါ်မူတည်ပြီး အခြားကိစ္စတွေက အဆုံးအဖြတ်ပေးသွားမှာပါ။တရုတ်ဟာ မအလက သယံဇာတထိုးကျွေးတာနဲ့ ငြိမ်သွားမလား ဒါမှမဟုတ် တကယ်ဝင်ပြီး ဒိုင်လုပ်မလား စောင့်ကြည့်ရပါမယ်။ သူကမအလထံက အချောင်ယူရင်တောင် PDF က ရှိနေလို့ ၁၉၈၈ ကလိုတော့ မလွယ်ပါ။

အကျဉ်းချုပ်က ဘယ်သူလာလာ မိမိအလုပ် မိမိဆက်လုပ်နေရမှာပါ။ မိမိတပ်က နယ်မြေစိုးမိုးရင်ဘယ်သူမဆို လေးစားလာမှာပါ။ လှူစရာရှိသူကလှူ တိုက်စရာရှိသူကတိုက်ပါ။ စစ်ဆိုတာ ဒုက္ခရောက်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ပြင်သစ်၊ ရုရှားနဲ့ အင်္ဂလိပ်လူမျိုးတွေ ဗုံးကြဲခံရတဲ့ကြားက နာဇီကို ခံချခဲ့လို့ ယခုလို လွတ်လပ်စွာနေနေကြရတာပါ။ ဘယ်သူမှ စစ်မဖြစ်ချင်ပါဘူး။ ဒါပေမယ့် လွတ်လပ်မှုအတွက် ပေးဆပ်ရတာတွေက ရှိစမြဲပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

3 Comments


ayeyarr
ayeyarr
Nov 14, 2021

FREEDOM IS NOT FREE!

Like

Myint Soe Oo
Myint Soe Oo
Nov 14, 2021

ဦးမြတ်!!လူသားမှန်သမျှ အမှား မကင်း

ကြပါ။ အနည်းနှင့် အများသာ ကွာခြားပါသည်။ မိမိ အမှားကို အချိန်မီ သိပြီး ပြင်နိုင်သူသည် ပညာရှိလူလိမ္မာဟူသော အဆုံးအမကို ဦးစွာဖော်ပြအပ်ပါသည်။

လူသားအများစုသည် ငွေ(လာဘ်)နှင့်ပတ်သက်လာလျှင် ကိုယ်ကျင့်တရားပျက်၍ အမှားအယွင်းများ ဖြစ်ပေါ်တတ်ပါသည်။ သို့ပါ၍ သည်းခြေကြိုက်ဟု ကင်းပွန်းတပ်ခံရပါသည်။သို့သော် ထိုအမှားသည် အမှန်တရားနှင့်ရင်ဆိုင်ရသည့်အခါ ဟာကွက် ပျော့ကွက်များဖြစ်ကာ အမှန်လိုသူတို့၏ ထောက်ကွက်အောက်မှာ ဒူးထောက်ကျဆုံးကြရပါသည်။

ယနေ့ ကုလ။ ဟာကွက် ပျော့ကွက်များဖြင့်။ ရခိုင်ပြည်နယ်မှာ WHO ၏ ယာဉ်နှင့် ယာဉ်မောင်း ပစ်သတ်ခံခဲ့ရပါသည်။

ဟိုလိုလို သည်လိုလိုနှင့် ပြီးသွားပါပြီ။

**ကုလဟာ လူအိုရုံကြီးမျှသာ** ဟု ခေါင်းဝါကြီးက ပြောခဲ့ပါသည်။ကြိုသိပါသည်။သို့ပါ၍လည်း

Great American Again ;ဟူ၍ ကြားအောင် အော်ပြောခဲ့ပါသည်။

အကျမှာ ထ လာမည့်သူတွေကို ကြိုမြင်ခဲ့သောကြောင့်။

ထလာမည့်သူတွေကပဲ ခေါင်းဝါကြီးကို ကျ အောင်လုပ်ခဲ့ကြောင်း တချိန်က သတင်းများက ဖော်ပြလျက်ရှိပါသည်။

ကိုဗစ်ကိစ္စ ကုလ ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းခြင်း မပြုနိုင်ရာမှ

အမှန်မြင်သူတို့၏ ထောက်ကွက်ကို ခံခဲ့ရပါသည်။

မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသော NUG ။ အစကတော့

လေသံလား ? မြွေသံလား ?အငြင်းပွါးကြပါသည်။ ခုတော့ မြွေမှ ထိပ်တက်ပေါက်တတ်သည့် တောကြီးမြွေဟောက်။

လူများ စတင်သေခါစက ကူကယ်ပါရန် အဖွဲ့အသီးသီးသို့ မေတ္တာရပ်ခံခဲ့ပါသည်။

ကူရာကယ်ရာ မဲ့လာသောအခါ၊ အသက်ရှင်သန် တင်ကျန်ရစ်ရန် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့်မူ စွဲကိုင်၍ D Dayကြေညာကာ ခုခံကာကွယ်မှုများပြုလုပ်ခဲ့ကြပါသည်။ အရှိန် မြှင့်လာသော် တဖက်အဖွဲစည်းက (လူသားဆန်သူအားလုံး လက်မခံနိုင်သော )ပရမ်းပတာနှိပ်ကွပ်မှုများပြုလာသောအခါ မှတ်တမ်းမှတ်ရာနှင့်တကွ ဆိုင်ရာအဖွဲ့အသီးသီးသို့ အရောက်ပို့ တင်ပြခဲ့ပါသည်။ သို့သော် မလုံမခြုံ ဘဝတွေများလေလေ၊ လူသားဆန်သူ အမှန်မြင် အမှန်တရား လိုလားသူအများစုက

လုံခြုံရေးကောင်စီသည် အပေါက်…


Like

Kyaw Thiha
Kyaw Thiha
Nov 14, 2021

https://www.facebook.com/100057076470931/posts/387728709806342/

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page