top of page
Search

တရုတ်ငြိမ်းချမ်းရေး အလုပ်ဖြစ်မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 13, 2023
  • 2 min read


ဒီနေရာမှာ ဒီမိုရော၊ ဘောမရော တရုတ်ကို ဆဲနိုင်ပါတယ်။ မဆဲခင် ဒီကိစ္စအလုပ်ဖြစ် မဖြစ်လေ့လာရအောင်။

ပယ်စောက်ချိန်ဟာ ကြံ့ဖွတ်အတွက် ငွေရှာပေးခဲ့ပြီး အာဏာသိမ်းအပြီးမှာ မအလအတွက် နိုင်ငံခြားငွေရှာပေးခဲ့ပါတယ်။ မအလနဲ့ ယခင်ထဲကသိခဲ့သူများပါ။ ပယ်စောက်ချိန်ဟာ နေပြည်တော်မှာပါ။ မအလတပ်က စောင့်ရှောက်ပေးထားပါတယ်။ တရုတ်က သူ့ကိုဝရမ်းထုတ်သလို မအလကိုတိုက်ပေးမယ့် ပြည်သူ့စစ်ကိုလဲ ဝရမ်းထုတ်ထားပါတယ်။ မအလကဖမ်းပေးရင် သူတို့က မအလအတွက် MNDAA ကို တိုက်ပေးဖို့က မဖြစ်နိုင်တော့ပါ။ မအလမဖမ်းပေးရင်လဲ MNDAA က ဝိုင်းထားလို့ လောက်ကိုင်ဟာ အချိန်တစ်ခုအတွင်း ကျမှာပါ။ ထိုအချိန်မှာဘဲ မအလနိုင်ငံခြားရေးဝန်ကြီးနဲ့ ဝမ်ရီတို့တွေ့တာ ကြောငြာချက်ထုတ်တာတွေကို တွေ့လာရပါတယ်။ ဘာထူးပါသလဲ?

ဝမ်ရီနဲ့တွေ့အပြီးမှာ မအလကိုတရုတ်က တောင်းဆိုထားတာတွေရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်ပါ၊ အပစ်ရပ်ပါ၊ သူ့ကိုယ်စားလှယ်နဲ့ DASSK ကို ပေးတွေ့ဖို့တွေဖြစ်ပါတယ်။ စာရေးသူတို့တောင်းဆိုသလို NUG နဲ့တွေ့ဖို့ အာဏာအပ်ဖို့ မဟုတ်ပေမယ့် သူတို့ DASSK နဲ့ တွေ့လိုတာကိုတော့ ထပ်ပြောထားပါတယ်။ ပြီးတော့ အားလုံးပါတဲ့ ၂၀၀၈ အောက်က အာဏာပြန်အပ်ဖို့ပါ။ ဒါက မအလနိုင်ငံခြားရေးဝန်ကြီးက မအလထံတင်ပြထားပါတယ်။ နောက်တရုတ်က အပစ်ရပ်ဖို့ ဆွေးနွေးပါဆိုပြီး မအလကိုထပ်ပြောပါတယ်။ အခြားကိစ္စက တရုတ်က ဖမ်းဝရမ်းထုတ်သူတွေအားလုံးကို လွှဲပေးဖို့ပါ။ အားလုံးက တရုတ်နိုင်ငံသားမဟုတ်ပါ။ မအလက မြန်မာနိုင်ငံသားကို လွှဲပေးခဲ့ရင် တရုတ်က ထိုကိစ္စမှာ ပါဝင်ခဲ့တဲ့ စိုးထွဋ်၊ ဖွတ်ဥက္ကဌတွေကို ဖမ်းဝရမ်းထုတ်ရင် ပြဿနာပါ။ ဒါက DASSK ကို ပေးတွေ့တာထက် မအလထက် ပြဿနာပိုကြီးပါတယ်။


တရုတ်ငြိမ်းချမ်းရေးအစီအစဉ်အတွက် မအလအနေနဲ့ DASSK နဲ့ တရုတ်ကိုယ်စားလှယ်ကို ပေးတွေ့ရပါမယ်။ သူမနဲ့ပေးတွေ့ဖို့က သူမကို NLD CEC နဲ့ ပေးတွေ့ရပါမယ်။ ဒါတွေအားလုံး အဆင်ပြေရင် NLD ကို ရွေးကောက်ပွဲပေးဝင်ရမှာပါ။  လူတွေပြန်လွှတ်ရမှာပါ။ ဒါတွေကို မအလက တရုတ်ပြောသလို လိုက်လုပ်နိုင်မယ်လို့ သင်ထင်ပါသလား? သူ့ဝန်ကြီးက အထက်ကိုတင်ပြမယ်ဆိုပြီးသာ ပြောခဲ့တာပါ။ ယခုထပ်တင်ပြထားပါတယ်။ မအလက သဘောတူဖို့က မဖြစ်နိုင်ပါ။ DASSK ကို ယခင်ကလို သတင်းစာအမြဲပေးမဖတ်တာ၊ သူမရှေ့နေနဲ့ ပေးမတွေ့တာက သူမက သတင်းစာဖတ် ပြောင်းပြန်တွေးပြီး နိုင်နေတယ်ထင်လို့ သဘောထားတင်တယ်လို့ယူဆပြီး မအလက လုပ်နေတာပါ။ ဒါဆိုတိုက်ပွဲနဲ့ ညီနောင်သုံးဖော်ကရော။


စာရေးသူတို့ ဒီမိုအချို့က အဆဲမြန်တတ်ပါတယ်။ ဥပမာ စရဖကထောင်ပေးတဲ့ ကွီးဖြိုးနဲ့ NLD တိုက်ပေးတဲ့အကွက် NLD အမတ်တွေမကောင်းတာ တိုက်ပေးတဲ့အကွက်တွေဆိုရင် ကျော်မျိုးမင်းနဲ့ အပြိုင်လိုက်ဆဲလေ့ရှိပါတယ်။ စာရေးသူ ယခင်ကရေးခဲ့သလို ဒီပွဲက အမေစုဘာပြောမှာလဲဆိုတာမဟုတ်ဘဲ လောက်ကိုင်ကျလို့ လွိုင်ကော်ကျလို့ မြောက်ဦးကျလို့ မအလက MNDAA၊ TNLA, AA နဲ့ KNDF တို့ကို သူတို့နယ်အပိုင်ပေးချိန်မှာ သူတို့ကရပ်မှာလား ဆက်တိုက်မှာလားအပေါ်မှာ မူတည်တယ်လို့ စာရေးသူ ရေးခဲ့ ပြောခဲ့ပြီးသားပါ။ https://www.myattunoo.com/post/လ-က-က-င-က-ပ-ရင-အဘ-ဘ-ဆက-လ-ပ-မလ

ဒါကြောင့် ယောင်ပြီး ညီနောင်သုံးဖော်ကို မဆဲမိပါစေနဲ့။ ယခုဘောမတွေက ဒီမိုနဲ့ ညီနောင်သုံးဖော်သွေးကွဲအောင် ရေးနေကြပါတယ်။ အချို့က ဒီမိုအကောင့်တုတွေနဲ့ပါ။ မအလတပ်က လောက်ကိုင်၊ လားရှိုးကနေ ခံတိုက်ပြီး စစ်ကူနဲ့ ပြန်ထိုးစစ် ဆင်လိုပေမယ့် တပ်တွေက ပိတ်မိနေပြီး အင်အားကလဲ စစ်သဘောအရမရှိလို့ မအလအနေနဲ့က ကိုးကန့်ဒေသကို ပြန်သိမ်းဖို့က လုံးဝ မဖြစ်နိုင်ပါ။ ယခုက ၁၀၅ မိုင်၊ မူဆယ်မကျရေးသာ အဓိကပါ။ ထိုနေရာတွေကို စစ်ကူပေးဖို့နဲ့ ဗမာဒေသတွေကိုပြန်တိုက်ဖို့ KIA ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့က လူအင်အားလိုပါတယ်။ ဒါကြောင့် မအလက အပြစ်ရပ်ဖို့ အသည်းအသန်လိုအပ်နေပါတယ်။

ဒီမိုအချို့က ညီနောင်သုံးဖွဲ့ ကိုတရုတ်စကားအရ အပစ်ရပ်မှာကိုလဲ စိုးရိမ်ကျတာ သဘာဝပါ။ သူတို့ကိစ္စ မစိုးရိမ်ခင် ညီနောင်သုံးဖွဲ့က တရုတ်ပြောတာ လုပ် မလုပ်ကို NUG နဲ့ ရောမတွေးဘဲ သစ္စာသောက် ညီနောင်သုံးဖော်ဘက်ကနေဘဲ ဗျူဟာအရ ရေးပါ့မယ်။


ဒီနေရာမှာ MNDAA က ရုတ်တရက် ထတိုက်တယ်လို့ စာရေးသူမထင်ပါ။ ယခင်ရေးခဲ့သလိုဘဲ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံရေးအရ၊ စစ်ရေးအရပါ ပြင်ဆင်ခဲ့ပုံပါ။ ယခုလောက်အောင်မြင်မယ်လို့တော့ ထင်မထားလောက်ပါ။ မအလတပ်က ထင်တာထက်ပိုအသုံးမကျဖြစ်ခဲ့ပုံပါ။ ဒီနေရာမှာ အများစု စိုးရိမ်သလို စာရေးသူက မစိုးရိမ်ပါ။ သူက အပစ်ရပ်တယ်ဆိုပါစို့။ မအလက ကတိတည် မတည်အပေါ်ကျန်တာက မူတည်သွားပါပြီ။ မအလဟာ ဒရုံးဖျက်ဖို့ အီရန်ကမှာထားတာ၊ စင်ကာပူကတဆင့် လိုက်ဝယ်နေတာက အချိန်လိုပါတယ်။ ဖေဖော်ဝါရီဆိုရင် အများကြီး မအလအတွက်အဆင်ပြေသွားနိုင်ပါတယ်။ နောက် ဗမာဒေသအသာထား မအလက ညီနောင်သုံးဖွဲ့ထဲက TNLA နဲ့ AA ကို ဆက်ထိုးစစ်ဆင်မှာပါ။ တရုတ်နယ်စပ် လောက်ကိုင်ကို MNDAA က သေနတ်မဖောက်ဘဲ ပြန်ရတယ်ဆိုရင်တောင် တရုတ်နယ်စပ်ကိုတက်တဲ့လမ်းတွေက TNLA နဲ့ မန္တလေး PDF ထိန်းချုပ်ရာကို ဖြတ်ရပါမယ်။ မန္တလေး PDF က NUG အောက်မှာမိုလို့ မေ့လိုက်ရင်တောင် TNLA က သူ့ညီနောင်အဖွဲ့ဝင်ပါ။ နောက်ရခိုင်မှာလဲ AA က မြို့တွေ မသိမ်းရသေးပါ။ ယခုအချိန်မှာ ဘာမှမသိမ်းရသေးဘဲ အပြစ်ရပ်ရင် သူ့အတွက် အကျိုးမရှိပါ။ ဒါကြောင့် NUG ကိုမငဲ့ဘဲ KIA ကိုမငဲ့ဘဲ အပစ်ရပ်ချင်ရင်တောင် TNLA နဲ့ AA တို့ကို နယ်မြေပေးဖို့ မအလက သဘောမတူရင် မဖြစ်နိုင်ပါ။ မအလအောက်ကကောင်တွေ တောင်းဆိုထားတာကလဲ မဖြစ်နိုင်တာတွေပါ။ သူတို့က တရုတ်အားကိုးနဲ့ သုံးဖွဲ့ကိုခေါ်ပြီး ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ ကြိုးစားတာပါ။ သူတို့လေသံက လွှတ်တော်ထဲမှာ အမတ်တွေကို ဟောက်သလိုမျိုး ညီနောင်သုံးဖော်တွေ့ဆုံပွဲကို သွားလုပ်တာပါ။ ဒါကြောင့် သူအပစ်ရပ်ရင် ရေတိုမှာ လောက်ကိုင်ရနိုင်ပေမယ့် မအလအတွက် အချိန်ရသွားနိုင်ပါတယ်။

အကယ်၍ အပစ်မရပ်ခဲ့ရင် မအလကြောက်တာက တရုတ်ကုန်သွယ်ရေးလမ်း၊ ထိုင်းလမ်း၊ အိန္ဒိယလမ်းတွေ အကုန်ပိတ်ပြီး သူ့ကိုစီးပွါးရေးပိတ်ထားသလိုဖြစ်ပြီး သူ့ စကစ သေသွားနိုင်ပါတယ်။ မအလဟာ တရုတ်တောင်းဆိုတာတွေကို လုပ်မလုပ်ဆိုတာကလဲ မေးခွန်းထုတ်စရာပါ။ သူတို့တွေဟာ တရုတ်ဖိအားကြောင့် ထပ်ဆွေးနွေးကြမှာပါ။ မအလအတွက် ကိုးကန့်ဒေသကို ပြန်ပေးလိုက်ရရင်တောင် သိက္ခာကျစရာပါ။ နောက်ပယ်စောက်ချိန်ကို မလွှဲရင်လဲ မအလက ပြဿနာတက်နိုင်ပါသေးတယ်။

အကျဉ်းချုပ်ရရင် မိမိတို့လွတ်မြောက်ဖို့ မိမိတို့ဖာသာ တိုက်ရမှာပါ။ အဓိကက ပြည်သူသာ အဓိကဖြစ်ပြီး စာရေးသူပြောခဲ့သလို NUG ကို ဆက်ထောက်ပံ့ပါ။ မိမိတို့လိုအပ်ချိန်မှာ လက်နက်ရှိအောင် အားရှိအောင် ဆက်ထောက်ပံ့ထားပါ။ နောက်ဆုံးက ပြည်သူသာ အဓိကပါလို့ ထပ်ခါထပ်ခါပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Maung Chit Khaing
Maung Chit Khaing
Dec 13, 2023

MNDAA လောက်ကိုင် မသိမ်းရသေးပါ။ အပြစ်ရပ်ရင် သူ့အတွက် အကျိုးမရှိပါ။


MNDAA သည် နိုင်ငံတကာ သတ်မှတ်ချက်အရ တရားမဝင်သော ပြည်တွင်းအဖွဲ့အစည်းဖြစ်သည်။ NUG သည်   အစိုးရ ဖြစ်သည်။
Edited
Like

ayeyarr
ayeyarr
Dec 13, 2023

Reasonable thought!

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page