top of page
Search

တရုတ်ငြိမ်းချမ်းရေးအလုပ်ဖြစ်မလား?

Writer's picture: Myat Tun OoMyat Tun Oo

တရုတ်ငြိမ်းချမ်းရေးအလုပ်ဖြစ်မလား?

တရုတ်ဟာ ကမ္ဘာ့အရေးတွေမှာ ယခင်ကဝင်ပါလေ့မရှိပါ။ တရုတ်ဟာ အမေရိကန်ကို ယူဂိုဆလားဗီးယားကိစ္စမှာဆန့်ကျင်ခဲ့ဖူးပါတယ်။  ကလင်တန်လက်ထက် ၁၉၉၉ မေလ ၇ ရက်မှာ ဘယ်ဂရိတ်က တရုတ်သံရုံးကို အမေရိကန်က ဗုံးကြဲခဲ့ပေမယ့်လည်း တရုတ်က အချိန်မတန်သေးလို့ ငြိမ်ခံခဲ့ရပါတယ်။ ရုရှားလက်အောက်က ယူဂိုဆလားဗီးယားကို နေတိုးကဝင်ပြီး တပ်စွဲခဲ့ပေမယ့်လည်း ရုရှားကလည်း အောင့်ခံခဲ့ရပါတယ်။ အီရတ်မှာအမေရိကန်က ဝင်တိုက်တာကို ရုရှား၊ တရုတ်နဲ့ပြင်သစ်တို့က ထိုအချိန်က ဆန့်ကျင်ခဲ့ကြပါတယ်။။ အမေရိကန်ဝင်တိုက်တဲ့အာဖဂန်ကိစ္စကိုသာလျှင် မကန့်ကွက်ခဲ့ကြတာပါ။ ဒါကသမိုင်းကြောင်းကို ပြန်ကောက်ပြတာပါ။


တရုတ်ရဲ့အကြီးမားဆုံးငြိမ်းချမ်းရေးအောင်မြင်မှုကတော့ ရန်ဆောင်နေတဲ့ ဆော်ဒီနဲ့အီရန်ကို သံတမန်ဆက်သွယ်မှုပြန်လုပ်အောင် လုပ်ဆောင်နိုင်ခဲ့တာနဲ့ ပါလက်စတိုင်းက ဖာတာနဲ့ ဟားမတ်စ်ကို ပြန်ဆွေးနွေးအောင် လုပ်

နိုင်ခဲ့တာပါ။ တရုပ်က ရုရှားနဲ့ ယူကရိန်းကို ငြိမ်းချမ်းရေးအတွက် အချက်၁၂ချက်ပါတဲ့အစီအစဉ်နဲ့ တိုက်တွန်းခဲ့ပေမယ့် ဘယ်သူကမှ နားမထောင်ခဲ့ပါဘူး။ ဒါကတရုတ်ဩဇာရဲ့အကန့်အသတ်ကိုပြပါတယ်။


တရုတ်ငြိမ်းချမ်းရေးကိစ္စက မြန်မာပြည်မှာ မအလ၊ မြောက်ပိုင်းသုံးဖွဲ့နဲ့ NUG သာ ပါဝင်တာမဟုတ်ပါ။ တကယ်က အဖွဲ့များစွာပါ။ ယခုရေးတာက NUG ကို ခဏဖယ်ထားပြီး မအလနဲ့ မြောက်ပိုင်းသုံးဖွဲ့တောင် ငြိမ်းချမ်းရေးဖြစ်နိုင်မလား လေ့လာကြည့်ရအောင်။


မအလအခြေအနေ

ယခင်စစ်အစိုးရတွေက တရုတ်ကိုအားကိုးခဲ့ပါတယ်။ မအလလက်ထက်မှာတော့ တရုတ်ကိုမုန်းခဲ့ပြီး အားမကိုးပဲ ရုရှားထံကလက်နက်များဝယ်ယူ ဖြည့်တင်းခဲ့ပါတယ်။ ရုရှားကိုပေါ်ပေါ်တင်တင်ဆရာတင်ခဲ့ပါတယ်။ အာဏာသိမ်းပြီး တရုတ်ပြောတာကို ဘာမှ မလုပ်ခဲ့ပါ။။ သူ့ပြည်တွင်းက ရွေးကောက်ပွဲကိစ္စမပြောနဲ့ တရုတ်က ကျားဖြန့်ကိစ္စဖမ်းခိုင်းတာကိုတောင် နားမထောင်ခဲ့ပါ။ ဒါကြောင့် ၁၀၂၇ ပေါ်လာတာပါ။ အနောက်က ဗမာ့အရေးကျွမ်းကျင်သူဆိုသူများကတော့ တရုတ်ကမြောက်ပေးလို့ မအလက အာဏာသိမ်းတယ်ဆိုပြီးလော်နေကြပေမယ့် ဝမ်ယီက မအလကိုအာဏာသိမ်းဖို့ လုံးဝလုံးဝမပြောခဲ့ပါ။ မထောက်ခံခဲ့ပါ။ မအလက မဲစာရင်းတွေအကြောင်းပြောပြီး ဒီကိစ္စတွေကြောင့် သူကအရေးယူမယ်ဆိုတဲ့အကြောင်း တရုတ်ကိုတင်းတင်းမာမာပြောခဲ့တာပါ။ မအလလေသံဟာ ၁၀၂၇ ဒုတိယလှိုင်းအပြီးမှသာ တရုတ်ကို ကြောက်ရွံ့ကြိုးနွံသွားခဲ့တာပါ။


မြောက်ပိုင်းသုံးဖွဲ့

ထိုအဖွဲ့ထဲကအချို့ကို တရုတ်ကလက်နက်ထောက်ပံ့တယ်ဆိုတာ ငြင်းမရတဲ့အချက်ပါ။။ ဒါကြောင့်သူတို့ထဲကအချို့အဖွဲ့တွေကို တရုတ်ကဩဇာလွှမ်းမိုးမှုရှိမှာပါ။။ အထူးသဖြင့် သူနဲ့လူမျိုးတူနယ်မြေချင်း ဆက်စပ်နေတဲ့ အဖွဲ့ကသူ့သြဇာ အခံရဆုံးဖြစ်မှာပါ။ ဒါပေမယ့် မြောက်ပိုင်းက တစ်ဖွဲ့ထဲမဟုတ်ပါ။မြောက်ပိုင်းသုံးဖွဲ့လို့ နာမည်ရှိပါတယ်။ ဒါကြောင့်အခြားအဖွဲ့တွေကတရုတ်စကားကိုတစ်သွေမသိမ်းလိုက်နာဖို့ဆိုတာက သူနဲ့ဝေးလေ မဖြစ်နိုင်လေပါ။ သူတို့ကတရုတ်ကိုဆန့်ကျင်ပြီး အော်နေမှာမဟုတ်ပေမယ့် ပြန်မပြောနားမထောင် ဖြစ်နိုင်ပါတယ်။


အဆိုပါနှစ်ဖက်ကိုပဲပြန်ကြည့်ရအောင်။။ ယခု MNDAA ကကျွန်တော်တို့ မတိုက်တော့ပါ တရုတ်စကားနားထောင်ပါမယ်လို့ပြောပါတယ်။ သူကလားရှိုးကနေ ပြန်ဆုတ်မယ်လို့မပါပါ။ မအလဘောမတွေကတောင် MNDAA ရဲ့ကြေညာချက်ကိုလက်မခံပါ။ မအလအနေနဲ့လည်း လားရှိုးကနေပြန်မဆုတ်ဘဲနေနေတဲ့ MNDAA ကိုလက်ခံဖို့ မဖြစ်နိုင်ပါ။ ဒါကြောင့်မအလဟာ သူကသွားတိုက်ခဲ့ရင် တရုတ်ကငြိုငြင်မှာဖြစ်သလို မတိုက်ပဲနေပြန်ရင်လည်း ဘောမတွေရဲ့ ဝေဖန်တာကိုခံရမှာပါ။ ယခုလည်းမအလက လားရှိုးကိုပြန်ရဖို့အတွက် တိုက်စစ်ဆင်ဖို့အတွက်ပြင်နေပါတယ်။ နေပြည်တော်မှာ ဒရုန်းအဆင့်မြင့်တာ၊ ရုရှားကြေးစားအဖွဲ့ထံက သင်ယူတာ လေကြောင်းတိုက်ခိုက်မှုပညာပြောင်းလဲတာ ရဟတ်ယာဉ် အသစ်ဖြည့်တာတွေကို လုပ်ဆောင်နေပါတယ်။ သင်ယူတာက ဆီရီးယားမှာတိုက်ခဲ့တဲ့ ဗုံးကြဲနည်းတွေ တိုက်ခိုက်ပုံတွေပါ။ Y12 နဲ့ ဗုံးကြဲတာက ထိုကလာပါတယ်။ ဒါတွေကတရုတ်ထံကမဟုတ်ဘဲရုရှားထံကပါ။ ဒရုံးက တရုတ်နဲ့ အီရန်ကပါ။ ဒါကြောင့် မအလက အနှေးနဲ့အမြန် တန်ပြန်ထိုးစစ်ဆင်မှာပါ။ ယခုအချိန်မှာက ရန်သူတွေ စုဖွဲ့မှုမပြုနိုင်အောင် ဗုံးကြဲနေပြီး တောင်ခမ်းက တောင့်ခံထားတာပါ။ ထိုအချိန်မှာ MNDAA ရဲ့ကြေညာချက်ကြောင့် BPLA  နဲ့  PLA အဖွဲ့တွေက ကိုးကန့်ဘက်ကတိုက်ပေး မပေး စောင့်ကြည့်ရမှာပါ။  ဒါကအခြားအဖွဲ့တွေမပါသေးဘဲ မအလနဲ့ mndaa နှစ်ဖွဲ့ထဲကိုတောင် တရုတ်ဩဇာသက်ရောက်မှုအကန့်အသတ်ကို ပြောပြတာပါ။

MNDAA ရဲ့ လက်ရှိကြေညာချက်က ပညာသားပါပြီး သူကလားရှိုးယူပြီးလားရှိုးမှာရပ်နေမယ် တရုတ်စကားနားထောင်မယ်ဆိုပြီးတော့ တရုတ်ကိုလည်း အချိုသတ်လိုက်တာပါ။ မအလကလက်ခံလိုက်ရင် သူကလားရှိုးကိုအလိုလိုရပြီးဖြစ်သွားမှာပါ။ ဒါကြောင့်မိုလို့ ယခုငြိမ်းချမ်းရေးအစီအစဉ်အရ ရှုံးမှာက မအလ ပါ။ လားရှိုးကိုမတိုက်ရင် ဝ နယ်မှာဖြစ်သလို ယခင်က ကိုးကန့်က ဝ နယ်ထဲကနေ ထွက်လာပြီးသူ့ကိုတိုက်သွားခဲ့တာပါ။ ယခုလည်း PDF တွေက လားရှိုးကနေထွက်လာပြီး သူ့ကိုလာမတိုက်ဘူးလို့မပြောနိုင်ပါ။ ကိုးကန့်တွေက PDF ဝတ်စုံနဲ့ထွက်မလာဘူးလို့လည်းသူကမပြောနိုင်ပါ။

နောက်မအလမှားသွားတဲ့အချက်က မြောက်ပိုင်းသုံးဖွဲ့အား အကြမ်းဖက်အဖွဲ့ကြေညာလိုက်တာပါ။ ဒါကလည်းဟိုအဖွဲ့သုံးပွဲကတရုတ်စကားနားထောင်ပြီး သူနဲ့တွေ့ဆုံဆွေးနွေးမယ်ဆိုရင်တောင်မှ မအလ ကသူ့ကြေညာချက်ကိုဖောက်ဖျက်ပြီး အောက်ကျို့ပြီး သွားပြန်တွေ့ရမှာပါ။ ဒါကြောင့်သာမန်တွေ့ဆုံမှုကတောင်မှ မအလအတွက်အရှက်ကွဲခံပြီးမှသွားတွေ့ရမယ့်ပုံဖြစ်သွားခဲ့ပါတယ်။ ဒါကအကွက်မှားသွားတာပါ။ ယခုပြောနေတာတွေကဒီမိုကရေစီအရေးတွေလွတ်လပ်ရေးတွေမပါသေးဘဲ MNDAA နဲ့မြောက်ပိုင်းသုံးဖွဲ့ရဲ့ ပုံမှန်အကျိုးစီးပွားအရကို ငြိမ်းချမ်းရေးက မဖြစ်နိုင်တာကိုရေးပြတာပါ။


ရခိုင်ကိုလဲ လေ့လာကြည့်ရအောင်။ အခုသိမ်းထားတဲ့နေရာတွေက ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနယ်စပ်တွေပါ။ တရုတ်ထံကလက်နက်ရနိုင်ပေမယ့် အဆိုပါ နယ်စပ်တွေကနေ ကုန်သွယ်ရေးလုပ်လို့ရလို့ ထောက်ပို့ရနိုင်လို့ တရုတ်သြဇာက ရခိုင်မှာအကန့်အသတ် အင်မတန်ဖြစ်သွားပါတယ်။ ဒါ့အပြင်တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကလည်း ရခိုင်ကိုကိုးကန့်လို့အသံမာမာ မပြောနိုင်တဲ့အနေအထားပါ။ ရခိုင်ကတော့ သူ့ပြည်နယ်သူ အကုန်ပြန်သိမ်းပြီးမှသာလျှင် အပစ်ရပ်မှာပါ။ ဒါကြောင့် စစ်တွေ၊ အမ်းကို မသိမ်းနိုင်မချင်း ငြိမ်းချမ်းရေးလုပ်ဖို့ခက်ပါလိမ့်မယ်။ ယခုမအလကမောင်းတောမှာ သူတို့ခံချနိုင်တာကိုကြည့်ပြီး အင်မတန်ဂုဏ်ယူနေပါတယ်။ ဘင်ဂါလီတွေရဲ့တိုက်ခိုက်ရေးကလည်း အင်မတန်ကောင်းပါတယ်။ သူတို့က မအလစစ်သားတွေလို့မဟုတ်ဘဲ သူတို့မြို့အတွက်ဆိုတဲ့စိတ်နဲ့ ခံချနေလို့ AA ထိုးစစ်က မောင်တောမှာ ကြန့်ကြာနေတာပါ။ ဒီလိုစိတ်ဓာတ်ခွန်အားမျိုးကို စစ်တွေမှာပေးနိုင်ဖို့မအလက ကြိုးစားနေပါတယ်။ စစ်တွေနဲ့အမ်’မှာ ရခိုင်လူမျိုးတွေကို မအလကဖမ်းဆီးပြီးလူသားဒိုင်းသဖွယ်သုံးထားလို့ AA အနေနဲ့ ငြိမ်းချမ်းရေးစကားပြောဖို့ ကရခိုင်တစ်ပြည်လုံးမရမချင်းမဖြစ်နိုင်ပါ။ ဒါက နေပြည်တော်အထိ မတိုက်ရင်တောင် သူ့အကျိုးအတွက်သူ့ပြည်နယ်လွတ်မြောက်ဖို့အထိ သူကတိုက်ရမှာပါ။ ဒါကြောင့်ငြိမ်းချမ်းရေးကဝေးနေအုံးမှာပါ။

ဒါဆိုရင် မအလဖက်ကိုလည်းကြည့်ရအောင်။ တရုတ်ငြိမ်းချမ်းရေးကတစ်ဖက်သတ်မဟုတ်ပါ။ မအလက သက်ဆိုင်သူတွေနဲ့တွေ့ဆုံတာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သူမလက်အုပ်ကအဖွဲ့ပါအောင်လုပ်ပေးရမယ်ဆိုတဲ့ အချက်တွေကို လုပ်ပေးပြီးရွေးကောက်ပွဲလုပ်မှသာ တရုတ်ကထောက်ခံလို့ရမှာပါ။။ ဒါပေမယ် မအလက တရုတ်ကိုရွေးကောက်ပွဲအနေနဲ့သာ လုပ်ပေးမှာပါ။ ကြားကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့သလို ကောလဟာလတွေထုတ်နိုင်ပေမယ့် ဘာမှမဖြစ်နိုင်ပါ။ သူမနဲ့တွေ့ဖို့အများဆုံးရှိတာက ကမ်ဘောဒီးယားကဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းပါ။ နောက်ပြီးမအလက စစ်ပွဲတွေကို ပြန်တိုက်ရမှာပါ။သူ့ရဲ့လိုအပ်ချက်အရ လားရှိုးကို ပြန်သိမ်းယူရမှာပါ။ ဒါကြောင့်တရုတ်ငြိမ်းချမ်းရေးက ဘယ်အဖွဲ့မှ မပါသေးဘဲနဲ့ကို သူအပိုင်လို့ထင်ထားတဲ့အဖွဲ့တွေကတောင် လောလောဆယ်မှာကိုငြိမ်းချမ်းရေးမဖြစ်နိုင်ပါ။

အကျဉ်းချုပ်ရရင် တရုတ်နဲ့အနီးကပ်ဆုံးအဖွဲ့က အပစ်ရပ်မယ်လို့စာထုတ်ပေမယ့် သူကပြန်ဆုတ်ပေးမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ မအလက လက်ခံမှာမဟုတ်ပါ။ မအလက ပြန်တိုက်ပြီးထိုးစစ်ဆင်မှာပါ။ တရုတ်စဉ်းစားရမှာက ထိုအချိန်မှာ ကိုးကန့်ကိုထိုးကျွေးမလား လက်နက်ပြန်ထောက်ပံ့ပြီး PDFတွေနဲ့ သူ့စကားနားမထောင်တဲ့ မအလကိုဆုံးမ မလားဆိုတာပါ။ မအလကလည်း ရုရှားအထောက်အပံ့နဲ့စစ်ပြင်ထားလို့ မအလကို အချိန်ပေးပြီးမှ တိုက်ရင်တော့ ယခင်ကထက် ပိုခက်မှာပါ။ ပြည်သူကတော့ မိမိအခါခွင့်သင့်တဲ့အချိန်မှာ မိမိတပ်ကနယ်မြေစိုးမိုးမှုပိုလာနိုင်အောင် မိမိတပ်ကိုအင်အားဖြည့်ထားပါ။ မိမိတပ်ဆိုတာက NUG အောက်က အညာဒေသက PDF တွေကိုပြောတာပါ။ ပြည်သူတိုင်းရဲ့ တိုင်းရင်းသားစိတ်ဓာတ်ကို လေးစားပေမယ့် ဖယ်ဒရယ်သဘောဖြစ်လို့ မိမိတပ် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်နဲ့ တနင်္သာရီက NUG အောက်က PDF တွေကို လက်နက်အပြည့်အစုံထောက်ပံ့ပေးကြပါ။ NUG ကလဲ မိမိဒေသမှာ ပိုက်ဆံသုံးပါ။ မိမိစကားနားမထောင်တဲ့အဖွဲ့တွေမှာ ပိုက်ဆံ အကုန်မခံပါနဲ့။ PDF အင်အားရှိမှ NUG အင်အားရှိမှာပါ။ မိမိပိုက်ဆံတွေကို NUG ကို မလေးစားတဲ့အဖွဲ့တွေထံမှာ အကုန်မခံပါနဲ့။ ယခုအချိန်မှာ ငွေက ရှားလာနိုင်ပါတယ်။ ဒါပေမယ့် မိမိငွေကို မိမိတော်လှန်ရေးအကျိုးရှိအောင် လှူနိုင်ကြပါစေ။ ယခုဆို စစ်ကိုင်း၊ မကွေးက လှူရင် လက်နက်ရနိုင်ပါပြီ။ လိမ္မာပါးနပ်စွာ လှူနိုင်ကြပါစေ။ လှူရာမှာ အဖွဲ့မကွဲအောင် NUG အောက်ကသာ လှူပေးပါ။ တရုတ်ငြိမ်းချမ်းရေးက သူ့လူကတောင် သူ့စကားနားထောင်ဖို့ မသေချာပါ။ အားလုံး မိမိဂွင်ရရင် နယ်မြေသိမ်းနိုင်အောင် ပြင်ဆင်နိုင်ကြပါစေ။

307 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page