top of page
Search

တရုတ်ကိုယ်စားလှယ် DASSK နဲ့ တွေ့ခဲ့လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 2, 2021
  • 1 min read

စာရေးသူတို့အားလုံးဟာ တရုတ်နိုင်ငံကို သဘောမကျကြပါ။ တပ်ထဲမှာလဲ တရုတ်ရာဇသံကြောင့် အလုပ်ပြုတ်ခဲ့သူတွေရှိလို့ မကြိုက်သလို၊ နိုင်ငံခြားရောက် ဒီမိုများ ပြည်တွင်း ဒီမိုများကလဲ မကြိုက်ပါ။ သူနဲ့ ဒီမိုရဲ့စံက မတူလို့ မကြိုက်တာလဲ ပါပါတယ်။ ဒါက စာရေးသူတို့လို ဘာကောင်မှမဟုတ်သူများ သာမန်ပြည်သူများကတော့ ပြောရရေးရတာ လွယ်ပါတယ်။ဒါပေမယ့် NUG လို အစိုးရကတော့ သတိထားရမှာ နားလည်ပါတယ်။

ပထမဆုံး မအလရဲ့ ပေါ်လစီကို ကြည့်ရအောင်။ မအလဟာ တရုတ်နိုင်ငံကို ကြောက်ပါတယ်။ မုန်းပါတယ်။ ဒါ့ကြောင့် တပ်ရဲ့ စစ်ရေးပေါ်လစီမှာ ရုရှားကို အားကိုးပြီး မဟာမိတ်ပြုထားပါတယ်။ ရုရှားက မြန်မာပြည်မှာ စစ်အခြေစိုက်စခန်းဖွင့်ဖို့လဲ ဆွေးနွေးနေပါတယ်။ယခင်ကထဲက ဆွေးနွေးလာတာ ယခုပိုခရီးရောက်နေပါပြီ။ ရုရှားဘာသာတတ်သူများ ရုရှားရုပ်သံတွေက မအလကို ပင့်ပေးမြှောက်ပေးနေတာကို ကြားသိမှာပါ။ ရုရှားက ကုလမှာ မအလကို အဓိကကာကွယ်မှာဖြစ်ပြီး တရုတ်က ရုရှားက ကာကွယ်ရင် အလိုလို နောက်ကလိုက်ရပါမယ်။ ဒါ့ကြောင့် မအလဟာ တရုတ်ကို ရုရှားနဲ့ ထိန်းထားပါတယ်။

တရုတ်နိုင်ငံဟာ NLD အစိုးရနဲ့ ဆက်ဆံရေးကောင်းခဲ့ပါတယ်။ ယခုလဲ ၂၀၀၈ အတိုင်းပြဿနာကိုရှင်းပါ ဘာညာဆိုပြီးပြောပါတယ်။ အာဆီယံကိုထောက်ခံတယ်ပေါ့။ သူဝင်ရှင်းပေးချင်ပေမယ့် တပ်ရော ဒီမိုရောကပါ သူ့ကိုမုန်းတာသိလို့ ဝင်ရှင်းမရပါ။ သူကိုယ်တိုင်ကပါနေပေမယ့် ပြည်ပက ဝင်မပါနဲ့လို့ အော်နေတာကလဲ ထူးဆန်းပါတယ်။

ဒါဆိုရင် တရုတ်ကိုယ်စားလှယ် ဘာလို့လာရသလဲ? တရုတ်ပြည်ရဲ့ အကျိုးစီးပွါးတွေကမြန်မာပြည်ထဲမှာ အများကြီးပါ။ မအလဟာ အာဏာသိမ်းအပြီး တိုင်းပြည်ကို မထိန်းနိုင်သေးတာလဲ တရုတ်နိုင်ငံက သိပါတယ်။ NUG ကိုလဲ သူက ကွန်မြူနစ်ပေါ်လစီအရ စကားမပြောလိုပါ။ အသိအမှတ်မပြုတာနဲ့ မဆိုင်ပါ။ ဒါ့ကြောင့် သူလုပ်နည်းအတိုင်း မြန်မာပြည်ထဲကို တိတ်တိတ်ဝင်ပြီး သူ့ကိစ္စလဲပြော ဝင်ညှိလို့ရမလား ဆိုတာကိုလဲ စမ်းကြည့်ပုံပါ။ သူဟာမြန်မာပြည်ထဲမှာ ဩဂုတ် ၂၁ ကနေ ၂၈ အထိနေသွားပါတယ်။ မအလ ဂျပု၊ ရာပြည့်နဲ့ ဝဏ္ဍမောင်လွင်တို့ကိုတွေ့ဖို့ ဒီလောက်အကြာကြီး နေပြည်တော်မှာ နေစရာမလိုပါ။ တစ်ရက်နဲ့ ပြီးပါတယ်။ ဝဏ္ဍမောင်လွင်ဆို ဘယ်သူကမှ အဖက်မလုပ်လို့ အတော်အားနေပါတယ်။

စာရေးသူ သိတာက သူက DASSK နဲ့ တွေ့ဖို့တောင်းတယ်ဆိုတာပါ။ ဒါကို နိုင်ငံခြားရေးရော၊ကာကွယ်ရေးကလူများကပါ အတည်ပြုပါတယ်။ အထက်ကိုတင်ပြတယ် ထပ်ဆင့်တင်ပြတယ် ပြီးတော့ ဘာအဖြေရလဲတော့ ယခုစာရေးချိန်အထိ သေချာမသိသေးပါ။ ပေးမတွေ့ဘူးလို့တော့ ယူဆရပါတယ်။ ကျန်တာက သူ့စီးပွါးရေးတွေကို မတိုက်ခိုက်အောင်တားဖို့ပြောသွားပုံပါ။

ယခုအချိန်မှာ NUG က ရင်းနှီးမြုပ်နှ့မှုအသစ်တွေကို တားထားတာဟာ အင်မတန်ထိရောက်ပါတယ်။ NUG မှာ လက်နက်ကိုင်အဖွဲ့မရှိရင်တော့ NUG တားတာဟာ တရုတ်နဲ့ အာဆီယံအတွက် အေးဆေးပါ။ ယခုဟာက ဒေသခံ PDF အဖွဲ့လေးတွေရှိလို့ NUG က ထုတ်ထားတဲ့အမိန့်ကို မနာခံရင် ဘာဖြစ်မလဲဆိုတာ သူတို့အားလုံးသိနေပါတယ်။ ဒါ့ကြောင့် မအလကိုငြိမ်အောင်အမြန်ရှင်းနိုင်ရင်ရှင်း မရှင်းနိုင်ရင် ဆွေးနွေးလို့ ရာဇသံပေးသွားပုံပါ။

မအလဟာ တရုတ်နိုင်ငံကို စီးပွါးရေးအရ မှီခိုရမှာပါ။ ရုရှားမှာက မြန်မာကို စီးပွါးရေးအရ မကူနိုင်ပါ။ မအလရဲ့ ဗျူဟာကိုသိရင် ဒီမိုတွေလဲ ကစားနိုင်မယ်ထင်ပါတယ်။ တရားမဝင်ရင်းနှီးမြုပ်နှံမှုတွေကို ဘာလုပ်ရမလဲဆိုတာကတော့ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ မအလဟာ တရားမဝင်စက်ရုံတိုင်းကို အစောင့်မချထားနိုင်ပါ။ ပြည်သူသာ အဓိကပါ။

Photo credit: Xinhua News

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 02, 2021

ဦးမြတ်!!! ဝါဆို ဝါခေါင် ၊ ရေ ဖောင်ဖောင်

ပြည်အနှံ့ ရွာလိုက်ကြသည့်မိုး အညှိုးကြီးပါဘိ။ ထက်အညာမှာတောင် မကြုံစဖူး(နွားထိုးကြီးနယ်မှာ) ရေဦးထိုးဖောက်ခဲ့ပါပြီ။ ရေဘေးအပါအဝင် ဘေးတွေ သင့်နေပေမယ့် ကူကယ်သူ မရှိငြား ကိုယ့်အားကိုယ်ကိုး နလန်ထူအောင် ထနိုင်စွမ်းခဲ့ကြသလိ နာလန်လည်း ထခဲ့ကြပါပြီ။

နောက်ဆုံးမှာတော့ မိမိကိုယ်သာ မိမိကိုးကွယ်ရာ သဘော ကောင်းကောင်းကြီးသဘောပေါက်ခဲ့ကြပါပြီ။

လောကသဘာဝနှင့်အညီ ငယ်စဥ်က သင်ခဲ့ရသော ကဗျာဖြင့် ထင်ဟပ်ပြပါရစေ။


မိုးရေ တက်ရေ

တဖွေးဖွေး

ကွင်းကျယ် အဝေး ဝေး

လယ်စောင့်တဲလေး

ခြေတံရှည်

မိုးကုတ်အောက်မှာတည်

ကြာနီ တစ်ပွင့်

ဖြူတစ်ပွင့်

တဲနှင့် ပနံတင့်။ ။


PDF & GZ ဟူသော ကြာနီပွင့်

KNU:KIA: စသော EAOs ဟူသည့် ကြာဖြူ ပွင့်

အေးချမ်းမှုနှင့် ထပ်တူညီသည့် ရေ ၊ တနည်း ရေကြည်ကြည်ကဲ့သို့ အေးချမ်းလိုမှု။ ရေ နှင့် ကြာ / ရေရှိမှ ကြာတင့်သလို

ကြာ ရှိဖို့လည်း ရေ လိုပါသည်။

အေးချမ်းလိုသောဆန္ဒ မိုးရေတွေ ဖြိုးဖြိုးဖြိုင်ဖြိုင် ရွာနေသည်မှာ ကွင်းကျယ်အနှံ အပြည့်။ နွေမှာ ခမ်းခြောက် ကွဲအက်ခဲ့ရတဲ့ ပတ်ကြားအက်တွေ ရေအောက်မှာ ပျောက်ရသည်မှာ ငြင်းမရသော ဓမ္မနိယမပါ။

ကြာဖြူ ကြာနီတွေနဲ့ ပနံတင့်လာတဲ့

လယ်စောင့်တဲလေး

ခု စက်တင်ဘာမှာ

မိုးကုတ် စက်ဝိုင်းကြီးအောက်မှာ

အထင်အရှား စွင့်စွင့်ကားကား၊ ဝံ့ဝံ့ကြွားကြွား ပေါ်ထွက်လာရန် အကြောင်းဖန် တရားတွေ ပေါ်လာပါတော့မည်။

မိုးကုတ် စက်ဝိုင်းအောက်က တဲ ဆိုပေမယ့် ခြမထိုး ပိုးမစား နိုင်တဲ့ အမာခံ ကျွန်းပျဥ်းကတိုးတွေ(အကာအခွံမှန်သမျှ ဖယ် အတွင်းအနှစ်အသား )နဲ့ ဆောက်ထားတော့ ၊*တဲ *အဖြစ်ခေါ်ပေမယ့် အနှစ်အသားမို့…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page