top of page
Search

တရုတ်က ဘာတွေ မအလကို ပြောခဲ့လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 1, 2023
  • 2 min read

တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဂန်က မအလကို လာတွေ့တာဟာ မအလကို အသိအမှတ်ပြုတာလားဘာတွေပြောခဲ့လဲဆိုတာ အားလုံးသိချင်ကြမှာပါ။ ဘရွှေနဲ့ရော ဘာတွေပြောခဲ့လဲဆိုတာလဲ သိချင်ကြမှာပါ။ စစချင်းမှာ အသေးစိတ်သိဖို့ မဖြစ်နိုင်ပေမယ့် ယခုအချိန်မှာတော့ အောက်ကိုထုတ်တဲ့ညွှန်ကြားချက်တွေ၊ မအလရဲ့ တပ်အပြောင်းတွေ၊ ညီနောင်သုံးဖွဲ့တွေ့ဖို့ ညွှန်ကြားချက်တွေ၊ သူတို့ကာလုံလိုအဖွဲ့မှာ ဆွေးနွေးတာအပေါ်မူတည်ပြီး တရုတ်က ဘာပြောခဲ့သလဲဆိုတာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။

ပထမဆုံးက ဘာလို့ ဘရွှေနဲ့တွေ့လဲဆိုတာပါ။ ဒီကိစ္စမှာ အကြမ်းအားဖြင့် မအလက NLD က မဲခိုးတယ်ကျွန်တော်ထိန်းရမယ်ဆိုပြီးသာ ဘရွှေကိုပြောပြီး အာဏာသိမ်းတာပါ။ ဘရွှေကို သန်းဌေး၊ ခင်ရီကတဆင့်လဲ မဲခိုးတာကို ဇတ်အနေနဲ့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ဘရွှေက ကောင်လေးသိမ်းလိုက်ဆိုပြီးတော့ အာဏာသိမ်းတာတော့ မဟုတ်ပါ။ မောင်အေးကတော့ ရင်ထဲက ထောက်ခံခဲ့ပါတယ်။

အာဏာသိမ်းအပြီးမှာ ပြည်သူတွေက လက်နက်ကိုင်ပြီး ပြန်တိုက်တာ အားလုံးသိပြီးသားပါ။ မအလကလဲ သူ့ကို ပြည်သူတွေက ထောက်ခံတယ် NLD ကို မထောက်ခံဘူးလို့ တကယ်ထင်တာပါ။ စာဖတ်သူများက ဒီကောင် မအလရူးလို့ ထင်တာလားမေးရင် ရူးသူတွေဟာ မိမိအတွေးထဲမှာ တကယ်ထင်နေတတ်ကြပါတယ်။ အစပိုင်းမှာ မအလက သူထိန်းနိုင်တယ်လို့ ထင်ခဲ့ပါတယ်။ နောက်ပိုင်း အင်အားတိုးပြီးတိုက်ရင် နိုင်မယ်ထင်ခဲ့ပါတယ်။

ဒီနေရမှာ တရုတ်ကဘာကြောင့် ဘရွှေနဲ့တွေ့လဲဆိုရင် သူ့သမိုင်းအပေါ်မှာ အခြေခံပါတယ်။ တရုတ်နိုင်ငံမှာ တွန့်ရှောင်ဖိန်ပါတီက အငြိမ်းစားယူအပြီး တပ်ကိုင်ချိန် ၁၉၈၉ တင်နမင်အရေးအခင်းဖြစ်ချိန်မှာ ပါတီအတွင်းရေးမှူး ကျောက်ကျီယန်က မပစ်ဖို့ပြောချိန် လီပင်းတို့က တွန့်ရှောင်ဖီန်ကို ဆွဲထည့်ပြီးနောက်ဆုံးပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရုတ်မှာက ပါတီက အနားယူပေမယ့် ဩဇာရှိတာကို အခြေခံပြီးဘရွှေကိုလဲ လာတွေ့တာပါ။ အာရှထုံးစံ ဘရွှေက ဩဇာရှိတယ်ထင်လို့ပေါ့။ ယခင်က DASSK နဲ့တွေ့ဖို့တောင်းလေ့ရှိပြီး ယခုနောက်ပိုင်း DASSK က နိုင်ငံခြားကလာသူတွေကို သူမ၊ သမ္မတကြီးနဲ့ မန်းဝကခတို့နဲ့အတူသာ တွေ့မယ်လို့ ပြောလေ့ရှိပါတယ်။

မအလဟာ တရုတ်ကို မကြိုက်ပါဘူး။ ရုရှားကို ကပ်ခဲ့ပါတယ်။ ရုရှားက ယူကရိန်းကိစ္စအလုပ်များနေလို့ မအလကိုမကူနိုင်ပါ။ နောက် ရုရှားက တရုတ်မျက်နှာကို စီးပွါးရေးအရ ယခု မှီခိုနေရလို့ တရုတ်ကိုမကျော်ရဲပါ။ အမေရိကန်ကလဲ ငါတို့မဝင်စေချင်ရင် မင်းပြဿနာမင်းရှင်းဆိုတာမျိုး တရုတ်ကိုပြောထားပုံရပါတယ်။

မအလဟာ တရုတ်ကို မကြိုက်ပေမယ့်လဲ သူ့မှာလဲ ပြဿနာလေးတွေရှိနေပါတယ်။ သူက စစ်မနိုင်ရင်ဗျူဟာမှူးဖမ်းတာကနေ တိုင်းမှူးပြောင်းတာ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ပြောင်းတာ ဖြုတ်တာအထိလုပ်ခဲ့ပေမယ့် ယခုနောက်ဆုံး ကရင်နီ(ကယား)မှာ ဒုချုပ်စိုးဝင်းကိုင်တွယ်နေပေမယ့် စစ်ရှုံးနေတာကိုလက်ပိုက်ကြည့်နေရပါပြီ။ စိုးဝင်းကို သွားထုတ်ရင် စိုးဝင်းကလဲ ခံမည်မထင်ပါ။ ဒါကြောင့် စစ်ပွဲကိုအင်အားသုံးနိုင်ဖို့က ရှမ်းပြည်ကတပ်တွေကို ထုတ်နုတ်သုံးနိုင်ဖို့ လိုနေပါတယ်။

တရုတ်ဟာ သူ့ဖိအားကိုသုံးပြီး UWSA ကတဆင့် သူ့မဟာမိတ်တွေကို အပစ်ရပ်ဖို့ ဖိအားပေးပြီး ထိုအချိန်အတွင်းမှာ မအလက စစ်ကိုင်း၊ ချင်း၊ ကယားနဲ့ ကရင်နယ်တွေကို အင်အားသုံး ထိုးစစ်ဆင်ဖို့ပါ။တရုတ်ဟာ မအလကို ၁၈ လ အတွင်းမှာ ထိုနေရာတွေကိုထိန်းပြီး ရွေးကောက်ပွဲလုပ် အာဏာလွှဲပေးဖို့ပြောသွားတာပါ။

ဒီနေရာမှာ တရုတ်က အနောက်အုပ်စုလို ဒီမိုအာဏာပြန်လွှဲတာမပြောဘဲ မအလပြောထားတာကိုလုပ်ဖို့သာ လာပြောတာပါ။ ဘရွှေကိုလဲ တိုင်းပြည်တည်ငြိမ်အောင် ဝိုင်းကူလုပ်ပေးဖို့ ဘာရွှေအမြင်ကို လာမေးသွားသလို ဘရွှေကို မြန်မာပြည်ထဲ အချင်းချင်းတွေ့ဆုံဖြေရှင်းနိုင်အောင် ကူညီပေးဖို့ ပြောသွားခဲ့ပါတယ်။ ဘရွှေကို မအလနဲ့ DASSK အကြား ပွဲစားလုပ်ခိုင်းသွားတဲ့သဘောပါ။ ဘရွှေကိုယ်တိုင်လုပ်မလား ဘစိန်ကို လုပ်ခိုင်းမလားက စောင့်ကြည့်ရမှာပါ။ နောက်ပြီး မြန်မာပြဿနာ မဖြေရှင်းနိုင်ဘဲ ယခုလိုစစ်ပွဲတွေနဲ့ ရှည်နေရင် ပြည်ပက ဝင်စွက်လာနိုင်ကြောင်းလဲ ဘယ်ပြည်ပကလို့ အတိအကျမပြောဘဲသတိပေးသလို ပြောသွားခဲ့ပါတယ်။

ဒါဆိုရင် မအလက ဘရွှေပြောတာ နားထောင်မှာလား? ဘရွှေက နေဝင်းကိုဖမ်းခဲ့ချိန်က PDF က ရန်ကုန်မှာ မရှိနေခဲ့သလို စစ်ကိုင်းကလဲ စစ်မဖြစ်နေခဲ့ပါ။ ဘရွှေကိုဖမ်းဖို့ဆိုရင် စိုးဝင်းနဲ့ မြထွန်းဦး၊အခြားသူများကလဲ သဘောတူရပါမယ်။ ယခုလိုအခြေအနေမှာ မအလက ဘရွှေကိုဖမ်းဖို့မပြောနဲ့ သူပြန်အဖမ်းမခံရအောင်တောင် နေနေရတာပါ။ ဒါကြောင့် ဒီအချိန်မှာ မအလက ဘရွှေကို ဖမ်းဖို့ မဖြစ်နိုင်သေးပါ။ သူစစ်နိုင်နေရင်တော့ တစ်မျိုးပေါ့။

အကျဉ်းချုပ်ရရင် တရုတ်က မြောက်ပိုင်းနဲ့ UWSA ကို ထိန်းထားပြီး မအလက ၁၈ လအတွင်း စစ်နိုင်အောင်တိုက် ရွေးကောက်ပွဲလုပ်ပြီး အရပ်သားဦးမင်းအောင်လှိုင်ဖြစ်ဖြစ် အာဏာလွှဲပြီးပြောင်းဖို့ကြိုးစားမှာဖြစ်ပြီး ဘရွှေက မအလနဲ့ DASSK အကြား ညှိပေးဖို့ပါ။ ဒါတွေမအောင်မြင်ရင်တော့တရုတ်ကလဲ PDF ဘက်ကရပ်ပြီး မအလအမြန်ပြုတ်အောင် လုပ်လာနိုင်ပါတယ်။ ဘယ်ပြည်ပက ဘာလုပ်မလဲဆိုတာကတော့ သူသာသိမှာပါ။ ဒါတွေအားလုံး ၁၈ လ ကြာရင် သိလာမှာပါ။ ဘယ်အဖွဲ့ ဘယ်သူနဲ့ရပ်မလဲ ပြည်သူက စောင့်ကြည့်နေမှာပါ။


(စာကြွင်း-မအလတပ်ထဲမှာ plan B လို့ခေါ်တဲ့ PDF ကို မနှိမ်နင်း နိုင်ရင် ဘာလုပ်မလဲဆိုတဲ့နည်းဗျူဟာစာတမ်းလဲရှိပါတယ်။ နောက်မှ ခြုံငုံပြီး တင်ပေးပါ့မယ်။)

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page