top of page
Search

တရုတ်ကို ဘာဆက်လုပ်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 3, 2022
  • 1 min read

စာရေးသူက အာဆီယံလာတာဘာညာ စိတ်ဝင်စားလေ့မရှိပါ။ အာဆီယံက မအလကိုပြောင်းလဲအောင်မလုပ်နိုင်ပါ။ သူက မအလကို ကာပေးနေတာပါ။ ထိုင်း၊ ကမ္ဘောဒီးယားကအာဏာရှင်အချင်းချင်းကာလိုသလို စင်ကာပူကလဲ သူ့အကျိုးစီးပွါးအတွက်ဖြစ်နိုင်ရင်ကာလိုတာပါ။ ယခုကမ္ဘောဒီးယားက သူ့သက်တမ်းအတွင်းဘာမှ မအလကို ပြောင်းအောင်လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောလိုက်လို့ အာဆီယံအနေနဲ့ မကယ်နိုင်ရင်တောင် ကယ်ချင်ယောင် မဆောင်တော့ဘူးလို့ မှတ်ရမလိုပါ။

စာရေးသူတရုတ်ကိစ္စသိသလောက်ကတော့ အာဆီယံကိုယ်စားလှယ်မလာခင် တရုတ်ကိုယ်စားလှယ်က သူလာပြီး DASSK နဲ့တွေ့ခွင့်ကို လှမ်းတောင်းခဲ့ပါတယ်။ ဒါပေမယ့် မအလက မပေးနိုင်ဘူးဆိုလို့ သူကလဲ မလာတော့ပါ။

ဒါပေမယ့် ထူးထူးဆန်းဆန်း တရုတ်က ဝဏ္ဍမောင်လွင်ကိုဖိတ်ပြီး ဘယ်အစိုးရတက်တက်ထောက်ခံမယ်ဆိုတဲ့သဘောမျိုးရေးသွားတာ တွေ့လိုက်ရပါတယ်။ စကားပြောနေတဲ့ပုံက ဝမ်ယီက ဝဏ္ဍမောင်လွင်ကို တပည့်လိုအမှာစကားပြောနေပုံပါ။ သူက မကူညီခင် မအလဘာလုပ်ရမယ် ပြောလိုက်ပုံပါ။ တရုတ်က မအလကို တကယ်ထောက်ခံမှာလား? စာရေးသူတို့ကဘာဆက်လုပ်ရမလဲ?

စာရေးသူဟာ လူတိုင်းတရုတ်မုန်းချိန်မှာတောင် အမှန်အတိုင်းပြောပါတယ်။ ဥပမာ တရုတ်တပ်သားတွေဝင်တယ်ဘာညာဆိုပြီး ဆန္ဒပြခါစ ပြောချိန်မှာ တရုတ်တပ်သားမဝင်ကြောင်းကောလဟာလဖြစ်ကြောင်း သိသူ NLD များကို ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် တရုတ်က မအလကို စီးပွါးရေးအရ NUG ရဲ့သဘောတူချက်မပါဘဲ NUG ကို တရားဝင်အခွန်မဆောင်ဘဲ စီးပွါးရေးလုပ်လာရင်တော့ ပြတ်ပြတ်သားသား အရေးယူရမှာပါ။ ဒီနေရာမှာ တရုတ်လက်အောက်ခံအဖွဲ့အများစုဟာ NUG နဲ့ ဝေးဝေးနေတာကိုလဲ သတိထားမိပါတယ်။ ဒါပေမယ့် စာရေးသူတို့ PDF တွေဟာ မန္တလေး၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ကရင်၊ ကယား၊နေပြည်တော်နဲ့ တနင်္သာရီ၊ ကချင်၊ မွန်ဒေသတွေမှာ လှုပ်ရှားနေနိုင်ပါတယ်။ ပြည့်အင်အားဟာ ပြည်တွင်းမှာသာရှိပြီး တရုတ်က ဖက်ဆစ်မအလကို ထောက်ပံ့လာရင် ထောက်ခံလာရင်တရုတ်ရဲ့အကျိုးစီးပွါးတွေကို ဖိအားပေးရှင်းထုတ်ရပါမယ်။ ကုလမှာ စီးပွါးရေးပိတ်ဆို့ပါသွားပြောနေလို့ သေတောင်အလုပ်မဖြစ်ပါ။ ဒါပေမယ့် သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဆုံးရှုံးသွားရင် သူတို့နိုင်ငံသားတွေ အန္တရာယ်များလာရင် တရုတ်လဲ အမေရိကန်က လာရင်းနှီးမြုပ်နှံပါဆိုရင်တောင် နှစ်ခါပြန်စဉ်းစားမှာပါ။ မအလက သူ့မိုင်တဲတောင် လုံခြုံရေးမပေးနိုင်ချိန်မှာ တရုတ်စီးပွါးရေးအားလုံး၊ တရုတ်ပြည်မကလာတဲ့ ကျူးကျော်သူ တရုတ်နိုင်ငံသားအားလုံးကို လုံခြုံရေးပေးနိုင်မလား စဉ်းစားပါ။

လောလောဆယ်တော့ စာရေးသူတို့ပြည်သူတွေမှာ ယမ်းအားပြင်းပြင်းလေးတွေ လိုနေပါသေးတယ်။ ဥပမာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းမှာ မအလယာဉ်တန်းကို မိုင်းဆွဲနိုင်ပေမယ့်ယမ်းအားက သိပ်မပြင်းသေးပါ။ ယူကရိန်းက ရုရှားရဲ့ ဆီသိုလှောင်ကန်ကို ပစ်ခတ်သလိုရုရှားကလဲ ယူကရိန်းရဲ့ ဆီသိုလှောင်ကန်ကို ပစ်တာပါဘဲ။ ဒါတွေက စစ်ရေးဆိုင်ရာ ပစ်မှတ်ပါ။ သူတို့ကတော့ အရပ်သားတွေအတွက်လို့ ပြောမှာပါဘဲ။ စာရေးသူတို့မှာ လက်နက်ကမရှိ၊ယမ်းအားကမပြင်းလို့ ဒီကောင်တွေ လူပါးဝနေနိုင်တာပါ။ စာရေးသူက တရုတ်အကျိုးစီးပွါးကိုထိလို့ တရုတ်တပ်က မြန်မာပြည်ထဲဝင်လာမှာကို လုံးဝမကြောက်ပါ။ သူ့တပ်ဝင်လာမှစာရေးသူတို့ PDF တပ်တွေက မြန်မာပြည်ကို ရုရှားတပ်လိုကျူးကျော်ခံရလို့ လေယာဉ်ပစ်တွေ တင့်ကားပစ်တွေ အမြန်ရမှာပါ။ စာရေးသူတို့ဘဝတွေက ဒီအတိုင်းလဲဘာမှမထူးလို့လက်နက်ရမြန်ဖို့နဲ့ တရုတ်ရင်းနှီးမြုပ်နှံတာရပ်ဖို့က ဒီနည်းတွေသာရှိပါတယ်။ ဥပမာ ရုရှားတပ်တွေ ယူကရိန်းထဲဝင်လို့ ယူကရိန်းနိုင်ငံသားတွေထွက်ပြေးရင်တောင် နိုင်ငံရေးခိုလှုံခွင့် ဥရောပမှာ ချက်ခြင်းရပါတယ်။ ဒါပေမယ့် ဆီးရီးယားပြည်တွင်းစစ်၊ မြန်မာပြည်တွင်းစစ်နဲ့အာဏာသိမ်းတာကြောင့် ထွက်ပြေးရင် နာမည်ကြီးသူသာ သူတို့ကပေးပြီး ကျန်သူများကအချိန်အကြာကြီး စောင့်ရပါတယ်။ ဒါက ဒုက္ခသည်ရှုထောင့်ကပါ။ ဒါကြောင့် တရုတ်က သူ့အကျိုးစီးပွါးထိလို့ ကျူးကျော်ခဲံရင် စာရေးသူတို့မှာ ဘာမှအရှုံးမရှိပါ။ မကျူးကျော်လိုဘဲသူ့အကျိုးစီးပွါးကာကွယ်လိုရင် NUG ကို အခွန်ဆောင် လက်နက်ထောက်ပံ့ရမှာပါ။

စစ်ကိုင်းက တရုတ်စက်ရုံထိချိန်မှာ တရုတ်သံရုံးက NUG ကို ဆက်သွယ်လာတာ အားလုံးမမေ့ပါနဲ့။ တရုတ်ကို ဘာဆက်လုပ်ရမလဲဆိုရင် သူက NUG ကို အခွန်မဆောင်ဘဲ လာရင်းနှီးမြုပ်နှံရင် ဆွမ်းကြီးလောင်းနိုင်အောင် ယမ်းအားကောင်းအောင် ယခုထဲက ပစ်မှတ်ရှာလက်နက်စုပါ။ PRF member ဝင်ပါ၊ ငွေတိုက်စာချုပ်ဝယ်ပါ၊ click to donate လုပ်ပါလို့ ပြောပါရစေ။ ယမ်းအားကောင်းရင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အိန္ဒိယတို့က မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားသွားမှာပါ။ တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင်သာလုပ်ပါ။ ဟိုစက်ရုံပိတ်မှာ ဟိုလူအလုပ်ပြုတ်မှာ ကြောက်မနေပါနဲ့။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

2 Comments


kmnyo2
Apr 03, 2022

ဆရာ အခုကတရုပ် က မအလ ကို ပြောင် ထောက်တော့ မှာ မို့ ကျမတို့ ခလေးတွေ ပိုခံရ ဖို့ များနေ ပါတယ်

Like
Myat Tun Oo
Myat Tun Oo
Apr 03, 2022
Replying to

ရေးထားသလိုပါဘဲ လက်နက်ကောင်းရင် တရုတ်စီးပွါးရေးကို ထိခိုက်အောင်လုပ်နိုင်မှာပါ။ သူ့လုအသေခံနိင်ရင် လုပ်ပါစေ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page