top of page
Search
  • Writer's pictureMyat Tun Oo

တရုတ်က ဘက်လိုက်ခဲ့ရင်?


ဒီစာကိုရေးရတာက တရုတ်ကထုတ်တယ်ဆိုတဲ့စာတွေ့အပြီးမှာပါ။ ထိုစာက တရုတ်က မအလကို ပြောသွားတဲ့လေသံနဲ့ ဆန့်ကျင်နေပါတယ်။ ထိုစာဟာ အတုလား အစစ်လား စာရေးသူ မခွဲခြားတတ်သေးပါ။ စာက သံတမန်စာနဲ့မတူဘဲ လမ်းဘေးက စစ်ခွေးတွေရေးတဲ့စာနဲ့ ပိုတူနေပါတယ်။


မအလရဲ့ ဘောမတွေက တရုတ်ကို ဝမ်ရီ့ခရီးမတိုင်ခင် အားလုံးဆန္ဒပြခဲ့ကြပါတယ်။ ဒါတင်မကဘဲ မန္တလေးနဲ့ ရန်ကုန်က တရုတ်လူမျိုးတွေကို ခြိမ်းခြောက်တဲ့စကားတွေ NLD ပါတီဝင်တွေကို သတ်ခဲ့သလို သတ်မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့ကြတာ အားလုံးမှတ်မိကြမှာပါ။ စာရေးသူတို့သိသလို တရုတ်ထောက်လှမ်းရေးကလဲ ဘယ်သူကခိုင်းလဲဆိုတာ သိမှာပါ။ မအလရဲ့ ထောက်လှမ်းရေး စရဖကရော၊ အမေရိကန်ကပါ မြောက်ပိုင်းစစ်မှာ တရုတ်က အတိုင်းအတာတစ်ခုအထိ ထောက်ပံ့တယ်လို့ သုံးသပ်ထားတာပါ။ ဒါကြောင့်လဲ ဘောမတွေက ဆန္ဒပြကြတာပါ။ ထို့အတူပါဘဲ အဆိုပါအချိန်အတွင်းမှာ အမေရိကန်၊ အင်္ဂလန်နဲ့ အခြားဒီမိုနယ်တွေမှာ ဒီမိုတွေကလဲ တရုတ်ကို မအလကို မထောက်ခံဖို့ မြောက်ပိုင်းအဖွဲ့ကို ဖိအားမပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်ဟာ နှစ်ဖက်စလုံးကို ဘက်လိုက်နေတာတော့ မဖြစ်နိုင်ပါ။ ဒါပေမယ့် သူက သူ့အကျိုးစီးပွါးကိုလုပ်ရင်း နှစ်ဖက်က မကြည်ဖြူတာက သေချာပါတယ်။


တရုတ်က ဘာတွေပြောခဲ့သလဲ? မအလက ဝမ်ရီနဲ့ပြောတာကို အသံဖမ်းထားပါတယ်။ ပထမအစပိုင်းမှာ ကင်မရာအဖွဲ့ လဲရှိနေခဲ့ပါတယ်။ အစပိုင်းမှာ သတင်းအတိအကျရဖို့က ခက်ပါတယ်။


ဝမ်ရီမလာခင်

မအလကို ပြည်သူလက်ခံတဲ့အစိုးရဖွဲ့၊ ၂၀၀၈ ခြေဥနဲ့  ရွေးကောက်ပွဲလုပ်၊ အာဏာလွှဲဖို့ တရုတ်က ဘစိန်နဲ့ ဒုချုပ်ကတဆင့်ပြောခဲ့ပါတယ်။ CNA မှာပါတာက အမှန်ပါ။ ဒါပေမယ့် မအလဟာ သူ့ကိုယ်သူ ယာယီသမ္မတတင်ပြီး တရုတ်အကွက်ကို ပိတ်ခဲ့ပါတယ်။ မအလက တစ်ကွက်ကြိုကစားလိုက်တာပါ။


နိုင်ငံကြီးများက သတိပေးခြင်း

ယခင်က ရိုဟင်ဂျာကိစ္စတွေမှာဆိုရင် အနောက်နိုင်ငံက DASSK ကို ဘာလုပ်ပါ ညာလုပ်ပါ သတိပေးလေ့ရှိပါတယ်။ အမေရိကန်အပါအဝင်ပါ။ DASSK ကလဲ ပြန်ခံပြောပါတယ်။ အမေရိကန် ဒုသမ္မတကိုတောင် ပြန်ပြောရဲသူပါ။ သူမက အနောက်တိုင်းမှာ ပညာသင်ခဲ့လို့ မကြောက်တတ်ပါ။

တရုတ်နဲ့မှာတော့ သူမကို ဝမ်ရီ့အဆင့်က ဘာလုပ်ညာလုပ် ပြောလေ့မရှိပါ။ သူမက ဝန်ကြီးချုပ် Li Kequiang နဲ့တွေ့ချိန်မှာ ထိုလူက ဆရာလုပ်သလိုပြောပေမယ့် သူမက တရုတ်ဝန်ကြီးချုပ်ကို ပြန်ပြောခဲ့သလို သမ္မတကျီရှင်ဖင့်ကိုလဲ နင့်အောက်က ဒီလိုပြောတယ် ရိုင်းတယ် မပြောစေနဲ့ဆိုပြီး ပြောခဲ့သူပါ။ တရုတ်ဟာ သူ့အကျိုးစီးပွါးအတွက် ပြောသလို သူမကလဲ သူမတိုင်းပြည်ရဲ့ အကျိုးစီးပွါးအတွက် အခိုင်အမာ မကြောက်တမ်း ရပ်တည်ခဲ့ပါတယ်။


ဝမ်ရီနဲ့ မအလ(အာဏာမသိမ်းခင်တွေ့ဆုံမှု)

သူတို့နောက်ဆုံးတွေ့ခဲ့တာ အာဏာမသိမ်းခင်ကပါ။ ထိုအချိန်က မအလက ဝမ်ရီ့ကို DASSK အစိုးရက မဲစာရင်း ဘယ်လိုဘာညာနဲ့ မာမာထန်ထန် ပြောခဲ့ပါတယ်။ ထိုအချိန်မှာ ဝမ်ရီက သတင်းတွေမှာတက်သလို မြှောက်ပေးတဲ့စကား တစ်ခွန်းမှမပြောဘဲ အချင်းချင်း ဆွေးနွေးဖို့သာ ဖျောင်းဖျပြောဆိုခဲ့တာပါ။ မအလက အထက်စီးက စကားပြောခဲ့တာဖြစ်ပြီး ဝမ်ရီက တွေ့ဆုံဆွေးနွေးအဖြေရှာဖို့သာ ပြောခဲ့ပါတယ်။ DASSK ဟာ အာဏာသိမ်းမယ်မှန်းသိပေမယ့် တရုတ်ကို အကူအညီတောင်းတဲ့စကား မပြောခဲ့ပါ။


ဝမ်ရီနဲ့မအလ အာဏာသိမ်းအပြီးတွေ့ဆုံပွဲ

ယခုတွေ့ချိန်မှာ မအလနဲ့ ဝမ်ရီဟာ ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ဘာတွေပြောခဲ့လဲ? ဝမ်ရီပြောတာကို ဝမ်ရီ့ဘက်ကကိုယ်စားလှယ်က မြန်မာလိုပြန်ခဲ့တာပါ။ ဗမာလူမျိုးက ဘာသာပြန်ရင် မအလကို သူပြောလိုတဲ့အတိုင်း မပြောမှာစိုးလို့ပါ။

ဝမ်ရီက မအလထုတ်ပြန်သလို မြောက်ပိုင်းကိစ္စ ရှုံ့ချတာ ဘာညာမပါပါဘူး။ မအလကို စစ်ဖြစ်နေလို့မရဘူး၊ တွေ့ဆုံရမယ်၊ ရွေးကောက်ပွဲလုပ်ရမယ်၊ DASSK ပါရမယ်၊ သူ့အကျိုးစီးပွါးတွေကို စောင့်ရှောက်ရမယ် ဒီအတိုင်းဆက်သွားလို့မရဘူးဆိုပြီး လေသံမာမာနဲ့ ပြောသွားခဲ့တာပါ။ lecture ရိုက်တာပေါ့။ ဆရာကြီးလေသံနဲ့ လိုအပ်သည်များကို မှာကြားသွားတာပါ။ မအလကလဲ PDF တွေကို ဝ ကတဆင့် လက်နက်ထောက်ပံ့တယ် ဒါကို တရုတ်က ထိန်းပေးဖို့တော့ပြောခဲ့ပါတယ်။ မအလက ကိုးကန့်နဲ့ TNLA က သူ့နယ်မြေကို ကျော်နေကြောင်း ဒါကို ကူတားပေးဖို့ ပြောခဲ့ပါတယ်။ မအလက ရွေးကောက်ပွဲလုပ်မယ်ဆိုတာကို ကတိပေးသလိုမျိုး ပြောခဲ့ပါတယ်။ တရုတ်က ဒီကိစ္စမှာ သက်ဆိုင်သူအားလုံးပါဖို့ မပါရင်ပြဿနာ မပြီးနိုင်ဘူးဆိုတာကိုလဲ မအလကို ပြောခဲ့ပါတယ်။ တရုတ်လာတွေ့တာက မအလဗုံးနဲ့ လုပ်ကြံခံရတာက လွတ်အပြီးမှာပါ။


တရုတ်က မြောက်ပိုင်းသုံးဖွဲ့ကို ဖိအားပေးလို့ရမလား?

ညီညွတ်ချင်းသည်အင်အားဆိုတဲ့ စကားပုံရှိပါတယ်။ တရုတ်က စာရေးသူတို့ကို ဖိအားပေးနိုင်သလို စာရေးသူတို့ကလဲ တရုတ်ကို ပြန်ဖိအားပေးနိုင်တဲ့နည်းလမ်းများစွာရှိပါတယ်။ ဖြစ်နိုင်ရင်တော့ အင်အားကြီးနိုင်ငံနဲ့ ရန်ဖြစ်တာက စာရေးသူတို့အတွက် အကျိုးမရှိပါ။ အမေရိကန်နဲ့ ရန်ဖြစ်ရင်လဲ အကျိုးမရှိ၊ ရုရှားနဲ့ ရန်ဖြစ်ရင်လဲ အကျိုးမရှိသလို အင်္ဂလိပ်နဲ့ ရန်ဖြစ်ရင်လဲ ဇင်ဘာဘွေလို ဖြစ်သွားတတ်ပါတယ်။ တရုတ်နဲ့ ရန်ဖြစ်ရင်လဲ အကျိုးမရှိပါ။

ဒါပေမယ့် တရုတ်ဖိအားကို ရင်ဆိုင်နိုင်ဖို့က အချင်းချင်း ညီညွတ်ဖို့လိုပါတယ်။ တအောင်း၊ ဗမာ၊ ကချင်၊ ကိုးကန့်၊ ရှမ်းတွေ ညီညွတ်ရင် တရုတ်ဘာမှ လုပ်လို့မရပါ။ တရုတ်က ကျူးကျော်ခဲ့ရင်လဲ ပြည်ပရောက်မြန်မာတွေကတဆင့် NUG ကတဆင့်အော်ရင် မအလအော်တာထက် ပိုထိရောက်မှာပါ။ သွေးစည်းညီညွတ်ရင် ကျော်ဖြတ်နိုင်မှာပါ။


တရုတ်ဟာ မအလကို နောက်ဆုံးအခွင့်အရေးအနေနဲ့ ရှမ်းမြောက်ကိုဖိအားပေး၊ မအလက သူ့လူသစ်နဲ့ NUG နေရာကိုတိုက်၊ KIA နေရာကိုတိုက်၊ KNU နေရာကို တိုက်၊ ရွေးကောက်ပွဲလုပ်၊ DASSK လွှတ်၊ ခြေဥပြင်ကို ထွက်ပေါက်လို့ထင်နေရင် အများကြီး မှားသွားပါမယ်။ မအလဟာ ပြန်လမ်းမရှိတဲ့လမ်းကို သွားနေတာပါ။ တရုတ်မှာ မအလကို မဖြုတ်ချဘဲ ဒီလမ်းကို သွားလို့မရပါ။


ရုရှားဟာ အာဖဂန်မှာ စစ်ရှုံးခဲ့သလို အမေရိကန်ကလဲ အာဖဂန်နဲ့ ဗီယက်နမ်မှာ စစ်ရှုံးခဲ့ပါတယ်။ တရုတ်ဟာလဲ ဗီယက်နမ်ကို ကျူးကျော်တာ စစ်ရှုံးခဲ့ပါတယ်။ ဒါဟာ အင်အားကြီးတိုင်း စစ်မနိုင်ဘူးဆိုတာ ကမ္ဘာ့သမိုင်းက ပြနေပါတယ်။ တရုတ်ဟာ ပြည်သူနဲ့ ထိပ်တိုက်တွေ့ရင်တော့ ပြည်သူက ပြန်ခုခံပြီး သူ့အကျိုးစီးပွါးတွေ ပထမဆုံးဖျက်တာခံရမှာပါ။ တရုတ်လဲ ဒီလောက်တော့ မိုက်မယ်မထင်ပါ။ ယခုထုတ်တဲ့စာဟာလဲ အတုအစစ်ဆိုတာ ခွဲမရသေးပါ။ တရုတ်ဟာ မြောက်ပိုင်းသုံးဖွဲ့နဲ့ KIA ကို အပစ်ရပ်ဖို့ ဖိအားပေးတာတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် တရုတ်အနေနဲ့ စာရေးသူတို့ကို အမေရိကန်စစ်အခြေဆိုက်စခန်းလာဖွင့်ဖို့ တောင်းဆိုချင်လာအောင်တော့ မမိုက်ဖူးလို့ ထင်ပါတယ်။ ဝမ်ရီ့လေသံ တရုတ်အသံက မာနေလို့ မအလကို အောက်ကျို့ပြောခဲ့တာတော့ မဟုတ်ပါ။ မအလကို အထက်စီးကနေ ပြင်းပြင်းထန်ထန် ပြောသွားခဲ့တာပါ။ မအလကို စော်ကားလို့ရပါတယ် ပြည်သူကိုတော့ မစော်ကားပါနဲ့။ ပြည်သူက မအလထက် တရုတ်အကျိုးစီးပွါးကို ကောင်းစေနိုင်သလို ပျက်စေနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ စာရေးသူတို့တွေက တရုတ်နဲ့ ရန်မဖြစ်လိုပါ။ တရုတ်က စော်ကားလာရင်တော့ တရုတ်အကျိုးစီးပွါးတွေကို တာဝန်ယူဖို့ခက်ပါလိမ့်မယ်။ ပြည်သူသာ အဓိကပါ။ ပြည်သူက NUG ရဲ့ PRF ကို လစဉ်လှူထားမှ တရုတ်ဖိအားကို ကာကွယ်နိုင်မှာပါ။ လက်နက်ရှိမှ စစ်ပွဲနိုင်မယ်ဆိုတာ မမေ့ပါနဲ့။

373 views0 comments

Comments


bottom of page