top of page
Search

တရုတ်ကိစ္စဘာ ထူးမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 9, 2024
  • 1 min read

တရုတ်ကိစ္စဘာ ထူးမလဲ?

မအလဟာ တရုတ်ကိုယ်စားလှယ်နဲ့ DASSK ကို ပေးတွေ့ရပါမယ်။ ယခုအထိ ပေးမတွေ့သေးပါ။ ရာပြည့် DASSK နဲ့ တွေ့တာက တရုတ်ကို ဟန်အနေနဲ့သာ အသံထုတ်တာပါ။ အစ်မကြီးနေကောင်းလား၊ ဘာလိုလဲ ပြီးရင် PDF ကို လက်နက်ချဖို့သာ ပြောခိုင်းတာပါ။ ဟိုကလဲ သူ့ရပ်တည်ချက်အတိုင်း မပြောပါဘူး။ သူမက သတင်းစာဖတ်ရင်း မဲလုံးပြောတာနဲ့ မအလမိန့်ခွန်းကိုဖတ်ရင် တိုင်းပြည်ဘာဖြစ်နေလဲဆိုတော ပြောင်းပြန်ကောက်ရင် ရပါပြီ။ သူမ ဒီလောက်မညံ့ပါ။

တရုတ်က မအလကို လုပ်ခိုင်းတာက အမေရိကန်ပြောတဲ့ ဒီမိုတွေတောင်းတဲ့ ဖယ်ဒရယ်စနစ်မဟုတ်ဘဲ လက်ရှိ ၂၀၀၈ ထဲကနေ လူတွေလက်ခံတဲ့ ကြားဖြတ်အစိုးရကနေ ၂၀၀၈ အတိုင်း ရွေးကောက်ပွဲလုပ်ပေးရပါမယ်။ ထိုအတွက် မအလဟာ DASSK၊ လက်ရှိ မြောက်ပိုင်းသုံးဖွဲ့ ခေါင်းဆောင်၊ အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးရပါမယ်။ မအလက တပ်ချုပ်နေရာကနေ ဆင်းပေးရပါမယ်။ မအလက ဆင်းပေးမယ်လို့ သင်တို့ထင်ပါသလား?

မအလမဆင်းပေးရင် ဘာဖြစ်မလဲ? မဆင်းပေးရင် ဆက်တိုက်တာခံရပါမယ်၊ ဘာဆက်ဖြစ်မလဲက စောင့်ကြည့်ရမှာပါ။ မြန်မာ့အရေးက ပါးစပ်နဲ့စိုးရိမ်ကြောင်းပြောတာထက် လက်နက်နဲ့ဖိအားပေးမှ အာရှစံနဲ့ အဆင်ပြေပါတယ်။

မူဆယ်က မအလသိက္ခာအတွက် အရေးကြီးနေပါပြီ။ မအလက ပြန်သိမ်းမယ်လို့ ကြွေးကြော်အပြီးမှာ မူဆယ်ကျခဲ့ရင် မအလနဲ့ ဝီဝီတို့အဖွဲ့တွေ၊ ဘောမအုပ်စုတွေ ထိပ်တိုက်တွေ့မှာပါ။ မအလအတွက် ထိုအချိန်မှာ အပြင်ရန်ထက် အတွင်းရန်က တအားကြီးသွားမှာပါ။

စာရေးသူရေးခဲ့သလို လားရှိုးအပြီး မြစ်ကြီးနား၊ အမ်းတိုင်းစစ်ဌာနချုပ်တွေရဲ့ ကျဆုံးခြင်းက မအလအတွက် အဖြေဖြစ်နိုင်သလို မန္တလေး (သို့) တောင်ကြီးကျခဲ့ရင်လဲ မအလဟာ ပါတော်မူ(သို့) မုန့်ဟင်းခါးဖြစ်ဖို့ သေချာပါတယ်။

မေမြို့မိုးက ရွာမလို မရွာမလိုဖြစ်နေတာကလဲ သူပြန်သွားရင် ရွာ မရွာ သိမှာပါ။ အငိုမျက်လုံး အပြုံးမျက်နှာနဲ့အဘကိုပိတ်ကားပေါ်မှာ စောင့်ကြည့်ကြပါစို့။ ပြည်သူက NUG PDF ကိုသာ ဆက်ကူပါ။ သူတို့က ဖယ်ဒရယ်ဒိမိုကရေစီကို အာမခံနိုင်ပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page