top of page
Search

တရုတ်ကျူးကျော်ရင် အမေရိကန်ကူမှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 5, 2022
  • 1 min read

အချို့မျိုးချစ်များ အဘသားများစိုးရိမ်တာက တရုတ်အကျိုးစီးပွါးကို သွားထိရင် တရုတ်ကမြန်မာပြည်ကိုကျူးကျော်မယ် ကျူးကျော်ရင် ပြန်တိုက်ရခက်မယ် တရုတ်ကျွန်ဖြစ်မယ်ပေါ့။ဒီနေရာမှာ စာရေးသူက တရုတ်ကျူးကျော်ရင် ဘာကြောင့်အမေရိကန်က PDF နဲ့ NUG ကို ကူရမလဲဆိုတာ ရေးပါ့မယ်။

တရုတ်ဟာ NUG နဲ့တွေ့ အခွန်ဆောင်ပြီး မြန်မာပြည်မှာ NUG ခွင့်ပြုချက်နဲ့ ရင်းနှီးမြုပ်နှံရင်တော့ ပြည်သူက ကြိုဆိုမှာပါ။ တ၇ုတ်အနေနဲ့ PDF ကို FN6 တွေ၊ လက်နက်တွေနဲ့ အခွန်ဆောင်ရမှာပါ။ ဒါမှမဟုတ်ဘဲ တရုတ်ဟာ မအလတပ်ကိုထောက်ခံပြီး ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်ကာ ရင်းနှီးမြုပ်နှံခဲ့ရင်တော့ တရုတ်စီးပွါးရေးတွေနဲ့ တရုတ်နိုင်ငံသား ကျူးကျော်လာသူ လုပ်ငန်းရှင်တွေဟာ မိုင်တဲတာဝါတိုင်တွေလို ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုငါတို့က မြန်မာပြည်ကို ကျူးကျော်ပြီး PDF ကို ဖမ်းမှာပေါ့ မအလကို လက်နက်ထောက်ပံ့မှာပေါ့ဆိုရင် ဒီလိုလုပ်တာကို ကြိုဆိုပါတယ်လို့ စာရေးသူက တရုတ်နိုင်ငံကို ပြောပါရစေ။ ဘာကြောင့်လဲ?

အမေရိကန်နဲ့ အင်္ဂလိပ်ဟာ ဆီးရီးယားပြည်တွင်းစစ်မှာ ဒီမိုကရေစီအတွက် အာဆတ်ကို ပြည်သူကတိုက်တာကို မကူညီခဲ့ပါ။ တောင်ဆူဒန်မှာလဲ တိုက်ရိုက်မကူညီခဲ့ပါ။ ထိုစစ်ကြောင့်ထွက်ပြေးလာသူများကိုလဲ ဒုက္ခသည်အဆင့်ကို ဟက်ဟက်ပက်ပက် မပေးခဲ့ပါ။ ဘိုင်ဒင်နဲ့ ဒီမိုကရက်တွေစာ လူ့အခွင့်အရေးအသံကျယ်ပေမယ့် ထိုကိစ္စအတွက် လက်နက်ကူညီလေ့မရှိပါ။ ကျူးကျော်စစ်ကိုတော့ သူတို့က မူဝါဒတစ်မျိုးထားပါတယ်။ မြန်မာပြည်ကို တရုတ်ကကျူးကျော်ခဲ့ရင် ဘာကြောင့်ကျူးကျော်ကျော် အင်အားကြီးနိုင်ငံက အင်အားငယ်တာကိုကျူးကျော်လို့ မူဝါဒအရ အမေရိကန်နဲ့ အင်္ဂလိပ်ဟာ သူ့ကိုခံတိုက်သူကို ကူညီရပါမယ်။မြန်မာကိုကျူးကျော်တာကို မကူညီခဲ့ရင် နောက်ပိုင်းမှာ အမေရိကန်က ကာကွယ်ပေးထားတဲ့ထိုင်ဝမ်ကို တရုတ်ကကျူးကျော်မှာပါ။ ထိုင်ဝမ်ကို မကျူးကျော်ရဲအောင် ပညာပေးဖို့ကမြန်မာကိုကျူးကျော်ရင် သူ့ကိုခံတိုက်တဲ့ PDF တွေကို ယူကရိန်းမှာလို လက်နက်တပ်ဆင်ပေးရမှာပါ။ မြန်မာပြည်ကို စေတနာမရှိရင်တောင် မကူညီရင် သူထောက်ခံတဲ့တိုင်းပြည်တွေကိုဒုက္ခပေးနိုင်လို့ တရုတ်ကို နောက်မလုပ်ရဲအောင် ပညာပေးဖို့ PDF တွေကို ခေတ်မှီလက်နက်နဲ့ကူညီရမှာပါ။ နောက်တရုတ်က မြန်မာပြည်က စစ်နွန်ထဲမှာနစ်သွားရင် အမေရိကန်ကို ပခုံးချင်းယှဉ်ဖို့ ခက်သွားမှာပါ။

ဒါဆို ပြည်သူတွေကရော။ ပြည်နယ်တွေမှာက စစ်ပြေးရှောင်နဂိုထဲက ဖြစ်နေပြီးသားပါ။ စစ်ကိုင်းသားတွေအတွက် တရုတ်လာလို့ စစ်ပြေးရှောင်ရတာနဲ့ ယခုစစ်ပြေးရှောင်ရတာ ပိုမထူးသွားပါ။ တရုတ်က ဗုံးကြဲရင် ရန်ကုန်၊မန္တလေး၊ နေပြည်တော်ပါ စစ်ပြေးဖြစ်လို့ အားလုံးညီမျှသွားမှာပါ။ ယခုကတိုင်းရင်းသားဒေသတွေနဲ့ စစ်ကိုင်း၊ မကွေးမြောက်သာ စစ်ရှောင်နေရတာပါ။

ဒါဆို တရုတ်ဝင်လာအောင် ဘာလုပ်ရမလဲ။ ဒါကတော့ ရှင်းပါတယ်။ NUG အသိအမှတ်မပြုဘဲ ရင်းနှီးမြုပ်နှံရင် တရားမဝင်ကြောင်း ကြေညာထားရပါမယ်။ ထိုရင်းနှီးမြုပ်နှံမှုတွေဟာအခွန်မဆောင်ရင် ရှင်းလင်းဖျက်သိမ်းပြီး ပြည်သူပိုင်အဖြစ် အသိမ်းခံ အဖျက်ခံရမယ်ဆိုတာ ဥပဒေအရ ကြေညာထားရပါမယ်။ NUG ရဲ့ PDF က ဘာမှ တရားဝင်မလုပ်လိုရင်ကြားခံအဖွဲ့က ပြည်သူ့တရားဥပဒေစိုးမိုးအောင် လုပ်ပေးရပါမယ်။ ထိုအဖွဲ့ကို ပြည်သူတွေကပြည်သူမှပြည်သူသို့ ထောက်ပံ့ထားရပါမယ်။

စာရေးသူတို့ဟာ ယူကရိန်းစစ်ကြောင့် မအလနဲ့ ရုရှားဆက်နွယ်မှုကို အမေရိကန်ကသတိထားလာနေပြီး တရုတ်ဝင်လာရင်တော့ ယူကရိန်းလို PDF တွေကို လက်နက်ထောက်ပံ့လာရမှာပါ။ ဒါပေမယ့် ဒီကြားထဲမှာတော့ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်သူတွေကို အပြစ်ပေးဖို့ကယမ်းအားများများလိုပါတယ်။ ယမ်းအားကောင်းလာရင် ဝမ်ဆွေ့ ဝမ်ဆွေ့ ဝမ်ဝမ်ဆွေ့ဖြစ်သွားမှာပါ။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပါသည်။ ပြည်သူသာ အဓိကပါ။



 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

3 Comments


Maung Chit Khaing
Maung Chit Khaing
Apr 06, 2022

the answer is Yes

Like

yehtut64
Apr 06, 2022


Like

Nay Nann myint
Nay Nann myint
Apr 05, 2022

absolutely right it is .

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page