top of page
Search

တမ်းတမိပါတယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 27, 2021
  • 1 min read


အမေစုက ပြည်သူတွေကို အိမ်မှာနေခိုင်းတော့ လှောင်တယ်။

ဆရာဝင်းမြတ်အေးရဲ့ လူကယ်ပြန်က အချိန်မှီ ပစ္စည်းထောက်ပံ့ ငွေထောက်ပံ့တော့ လှောင်တယ်

ကျန်းမာရေးဝန်ကြီးက ဖျားသွားမယ်ပြောတော့ လှောင်တယ်။

ကွီးဖြိုးက မီးသဂြိုလ်စက်ပါဆောက်တော့ လှောင်တယ်။

အမေစု၊ ဆရာမြင့်ထွေး၊ ကွီးဖြိုး၊ ကိုနိုင်ငံလင်း၊ ဆရာဇော်ဝေစိုးတို့ လုပ်ခဲ့တုန်းက လှောင်တယ်။


ယခု စားစရာ မထောက်ပံ့နိုင်၊

ကုစရာ ဆေးမရှိ၊

ဆေးရုံတောင် အောက်ဆီဂျင်မရှိ၊

သဂြိုလ်ဖို့တောင် မီးစက်မလောက်၊ မြေမရှိ။


မအလ ဘာစောက်သုံးကျတာရှိလဲ?

စကစ ဘာစောက်သုံးကျတာရှိလဲ?

စစ်တပ် ဘာစောက်သုံးကျတာရှိလဲ?

ကိုဗစ်ဆိုတာ သေနတ်နဲ့ ပစ်ရှင်းလို့မရဘူး။

ခေါင်းနဲ့ရှင်းမှရတာ။

ခေါင်းမရှိတဲ့ မအလ၊ စကစနဲ့ စစ်တပ်ပေါင်းတော့ တိုင်းပြည်မှာ အလောင်းတွေပုံ။


ရတယ့်ဘွဲ့ကတော့ အလောင်းစည်သူ မအလပါဘဲ။

ရင်ထဲက တမ်းတမိတာက အမေစုနဲ့ အဖွဲ့ကိုပါဘဲလို့ ပြောပါရစေ။

အဆင်အမြဲမုန်းနေတာက မအလနဲ့ စကစကိုပါ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 28, 2021

ဦးမြတ်!!! ဖိုးစိန်တော့ ဖိုးစိန်ပါပဲ။ ဒါပေမယ့် **မျောက်ဖိုးစိန်**။

ထီးဆိုင်တော့ ထီးဆိုင်ပါပဲ ။ ဒါပေမယ့် **ဘလိုင်းထီးဆိုင်**။

ဇာတ်မင်းသားကြီးဖိုးစိန်က ယခုတိုင် သိနေဆဲ၊ အမှတ်ရနေဆဲ။ သမိုင်းမှာ ဖျောက်မရ၊ မမေ့လွယ်။ တကယ်ပါ။

စိုင်းထီးဆိုင်ကတော့ **ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ ** သူ့သီချင်းလေးတွေ ယခု G Z မျိုးဆက်တို့တိုင် သီကျုးဆဲ။ နှလုံးသားကို သိမ်းပိုက် နှစ်ခြိုက်ကြဆဲ။


************************************


လူသားတော့ လူသားပါ။ စွမ်းဆောင်ရည် ကွာ ပါသည်။ လူသားအရင်းအမြစ်!!!!ယနေ့ကမ္ဘာမှာ တွင်ကျယ်စွာသုံးနေကြပါသည်။ လူများပေမယ့် မတိုးတက်တဲ့ နိုင်ငံတွေရှိပါသည်။ အနောက်ကမ္ဘာမှာ လူနည်း(အခြားနိုင်ငံများနှင့်ယှဥ်လျှင်)ပေမယ့် တိုးတက်ကြပါသည်။

±±±အသိ ဉာဏ်ပညာ မြင့်မားကြွယ်ဝမှု

@@@လူသားချင်းစာနာထောက်ထားမှု၊ ကိုယ်ချင်းစာတရားရှိသော နိုင်ငံကြီးသား ပီသမှု။ တနည်း ခုခေတ်အခေါ် (I Q & E Q)။

ကွာခြားခြင်းဖြစ်ပါသည်။


************************************


ငယ်စဥ်ဇာတ်သဘင်တွေ ကြည့်ဖူးခဲ့ပါသည်။

နောက်တော်ပါးအင်အား သိချင်၍ ပြည်ဖုံးကားရှေ့မှ ဝန်မင်းအမတ်တို့က

**ဒို့ လူလေးများ ၊ ဆို သလေ**

ပြည်ဖုံးကားနောက်က အော်သောအသံက

**ဝေလေလေ**။

တကယ်တော့ ဝေလေလေ အသံများဖို့ အရပ်ထဲက ကြုံရာကျဘမ်း ခေါ်ထားရမှန်း သိရပါသည်။

ဝေလေလေ အော်ရုံမှတပါး

အခြားအာရုံများမှာ ဝါးတားတား၊ ဘာမျှ မသိ။

ထို့ကြောင့် ပြောစမတ်ဖြစ် ၊ ကျန်ရစ်ခဲ့ပါသည်။

**ဒီဇာတ်က လူများပြီး ပွဲ မစည်တဲ့အပြင် ကြည့်လို့ကို မကောင်းပါဘူး**ဟူ၍သာ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page