top of page
Search

တပ်ရင်းမှူးသတင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 11, 2020
  • 1 min read


လွှတ်တော်မှာ ပြည်သူမေတ္တာခံယူပြီးနောက်မှာ ဓာတ်ခဲက တပ်ရင်းမှူးကိုဖမ်းလိုက်တာ သတင်းအမှန်ပါ။ မေးခွန်းက လွှတ်တော်အမတ်လဲမဟုတ် အဘရဲ့သားအရင်းဖြစ်လို့ အဘဘာလုပ်မလဲဆိုတာပါ။ ပြည်သူတွေကလဲ လွှတ်တော်မှာပြည်သူ့ဘက်က မရပ်တည်ခဲ့လို့ တပ်ရင်းမှူးအဖမ်းခံရတာကို ဘယ်သူမှ မစာနာတာတွေ့ရတာ ဝမ်းနည်းစရာပါ။ ကိုယ်ပြုသိကံလို့သာ ပြောရမှာပါ။ အဖမ်းခံရတဲ့ ညီလေးကိုတော့ ဝမ်းနည်းပါတယ်။ လိုက်ကယ်ဖို့လဲ ကြိုးစားနေပါတယ်။အချိန်မှီကယ်ထုတ်နိုင်ရင် ဒီသတင်းကို ငြင်းပါမယ်။ ယခုတော့ လေတပ်နဲ့ကြည်းတပ်ပေါင်းကယ်ဖို့ လုပ်နေပါတယ်။

သိသင့်တာက မီးစင်မမတို့ အဆဲသန်သူတို့နဲ့ အခြားလွှတ်တော်မှာ လာတက်နေသူ ဒုဗိုလ်မှူးကြီးအဆင့်အထိဟာ ရှေ့တန်းမထွက်ရသူနဲ့ ရှေ့တန်းမထွက်ရသူ ဂွင်သမားများ ပါပါတယ်။ ဗိုလ်မှူးကြီးအတက်ကတော့ ရာထူးမတိုး ဘေးထိုးခံရသူများပါ။ သူတို့တွေဟာ ပြည်သူဘက်မျက်နှာမူလို့ရပေမယ့်မျက်နှာမမူတာဟာလဲ ဝမ်းနည်းစရာပါ။

လက်ရှိတပ်ချုပ်လက်ထက်မှာ ကမ္ဘာမှာရော ပြည်တွင်းမှာပါ အပြောခံရအောင်လုပ်နိုင်တာဟာ ရှက်စဟာကောင်းပါတယ်။ စစ်ရေးအရ ဓာတ်ခဲကို ယခုလိုဖြစ်အောင်အထိ ပေါ့လျော့ခဲ့တာ ANP နဲ့ ပေါင်းပြီးနိုင်ငံရေးအမြတ်ထုတ်ဖို့လုပ်လို့ ယခုလိုအထိ ဖြစ်ရတာဟာလဲ မကောင်းပါ။ ပြည်သူက မိမိကို သိပ်ချစ်နေတယ်လို့ အောက်က စားဖားများမြှောက်ပေးတာကို တကယ်ယုံရင် ယခုလာမယ့် ရွေးကောက်ပွဲမှာယူနီဖောင်းချွတ်ပြီး ဝင်ပြိုင်ကြည့်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page