Myat Tun Oo
တပ်ရင်းမှူးများ အာဏာဖီဆန်လာသည့်အခါ

တပ်တွေရဲ့ အဓိက အခြေခံယူနစ်က တပ်ရင်းပါ။ ဒုဗိုလ်မှူးကြီးအဆင့်က အုပ်ချုပ်ပါတယ်။ ကိုဗစ်စဖြစ်စဉ်က တပ်ထဲမှာ ကုတင်မလောက်ချိန် ဗိုလ်မှူးကြီးအဆင့် မိသားစုနဲ့ အထက်ကိုသာ ဆေးရုံတက်ကုခွင့်ပေးမယ်လို့ မအလက အစပိုင်းမှာ အမိန့်ထုတ်ခဲ့ပေမယ့် ထိုအမိန့်ကို ၄၈ နာရီအတွင်း ပြန်ပြင်ခဲ့ရပါတယ်။ အကြောင်းက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတွေက တပ်ကိုင်လို့ သူတို့က ပုန်ကန်မှာစိုးလို့ပါ။တပ်ရင်းမှူးရဲ့ အထက်မှာက ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ရှိပါတယ်။ ဗျူဟာမှူးက စစ်ကြောင်းတွေကိုစီမံခန့်ခွဲပေမယ့် တပ်ပိုင်က တပ်ရင်းမှူးပါ။ တပ်ရင်းမှူးက ကျောင်းအုပ်ကြီးပေါ့။ ဗျူဟာမှူးက မြို့နယ်ပညာရေးမှူးလိုပေါ့။ ကြားထဲမှာ စစ်ဦးစီး ရေးထောက်တွေ ရှိပါသေးတယ်။ ဗျူဟာမှူးအထက်မှာကစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဆိုတာရှိပြီး ဗိုလ်မှူးချုပ်အဆင့်က အုပ်ချုပ်ပါတယ်။ သူ့အထက်ကတိုင်းမှူးပါ။ သူ့အထက်က စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ပါ။
ယခုလေးကေ့ကော်မှာဆိုရင် တနင်္လာရီတိုင်းထဲမှာရှိတဲ့ ဘုတ်ပြင်းမှာထိုင်ထားတဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ်ကျော်ဇေယျဖြစ်ပါတယ်။ ကမ်းရိုးတန်းတိုင်း တိုင်းမှူးကဗိုလ်ချုပ်စောသန်းလှိုင်ပါ။ သူ့အထက်က စစ်ဆင်ရေးအထူးအဖွဲ့မှူးကတော့ ဒုဗိုလ်ချုပ်ကြီးအောင်စိုးပါ။
မအလတပ်ဟာ သာမန်စခန်းတွေတိုက်ရင် လေယဉ်နဲ့ဗုံးကြဲ လက်နက်ကြီးနဲ့ပစ်ပြီး ရန်သူအင်အား နည်းသွားမှ ခြေလျင်တပ်က စစ်ထိုးပါတယ်။ ရခိုင်မှာ အသေများချိန်မှာ ရခိုင်ကို မသွားလိုသူများက ဂါကြပါတယ်။ နောက်ပိုင်းစစ်ကိုင်းမှာလဲ အစပိုင်းက ပျော်ပျော်ကြီး သွားကြပေမယ့် အသေများလာချိန်မှာကြောက်လာကြပါတယ်။ ကချင်မှာ တိုက်ပွဲဖြစ်ရင်လဲ ထို့အတူပါဘဲ။ ဒီပြဿနာတွေကိုဖြေရှင်းဖို့ မအလက ဗိုလ်မှူးတွေကို ယာယီတပ်ရင်းမှူးပေးပြီး ရှေ့တန်းထွက်ခိုင်းပါတယ်။ နောက်ပိုင်း ရခိုင်၊ ကချင်နဲ့စစ်ကိုင်းက တပ်ရင်းမှူးအချို့ဟာ ဗျူဟာမှူးက လူ ၁၆၀ လောက်နဲ့ ရန်သူ့ကို ထွက်တိုက်ခိုင်းရင် မတိုက်ဘဲ ငြင်းကြပါတယ်။ ရခိုင်ပြီးတော့ ကချင်နဲ့ စစ်ကိုင်းက လိုက်လာပါတယ်။ စစ်ကိုင်းမှာတော့ မုံရွာကနေ ရဟတ်ယဉ်နဲ့ ချက်ခြင်းလာကူဖို့ သဘောတူချက်ရခဲ့ပြီး တပ်ရင်းအချို့ပြန်ထွက်ခဲ့ပါတယ်။ ယခုနောက်ဆုံးက မုံးကိုးကို ထပ်ပို့တဲ့ တပ်တွေမှာ ဖြစ်နေပါတယ်။ ဒီလို အာဏာဖီဆန်တာဟာ တပ်ထဲမှာအင်မတန် အပြစ်ကြီးပါတယ်။ ဗျူဟာမှူးတွေနဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်က သိပေမယ့် သူတို့ကိုစာရင်းသာမှတ်ထားပြီး ဘာမှအရေးမယူရဲသေးပါ။ နောက်ဆုံးအထက်ကိုတင်ပြတဲ့စာရင်းအရတပ်ရင်းမှူး အယောက် ၂၀ လောက်ရှိပါတယ်။ ဒါက ထွက်မတိုက်ဘဲ အာဏာဖီဆန်တဲ့ တပ်ရင်းမှူးတွေပါ။ တိုက်လို့အသေအပျောက်များရင် ခုံဖွဲ့အရေးယူခံရမယ့် ဗျူဟာမှူးတွေကလဲ အယောက် ၂၀ ကျော်လောက်ရှိပါသေးတယ်။ ဥပမာ မုံးကိုးက ဗျူဟာမှူး၊ မင်းတပ်မှာ အဝိုင်းခံရတဲ့ ဗျူဟာမှူးမျိုးတွေပေါ့။သူတို့ကိုလဲ အရေးမယူနိုင်သေးပါ။ အဓိကပြဿနာက သူတို့ကို အရေးယူရင် ထပုန်ကန်မှာကို မအလက သေမလောက်ကြောက်နေပါတယ်။
အကျဉ်းချုပ်ရရင် တပ်ရင်းမှူးတွေ ထွက်မတိုက်ရဲလောက်အောင် ဖြစ်လာတာက PDF တွေရဲ့ အောင်ပွဲပါ။ လေသူရဲကောင်းတွေလဲ မြေပြင်ပေါ်မှာ သူတို့နဲ့ သူတို့မိသားစုတွေ မုန့်ဟင်းခါးကျွေးတာခံရရင်အချိုးပြောင်းသွားမှာပါ။ သူတို့ဟာ ဘယ်လိုအခြေအနေမှာ အာဏာဖီဆန်လဲဆိုတာသိရင် ထိုအခြေအနေဖြစ်အောင် ပြည်သူတွေက NUG ၊ PDF တို့နဲ့ ဝိုင်းလုပ်ကြပါလို့ ပြောပါရစေ။