top of page
Search

တပ်မဲရုံကို အပြင်ထုတ်ရင် လွတ်လပ်ပြီလား?

Writer: Myat Tun Oo
Myat Tun Oo
Aug 2, 2020
1 min read

ယခင်က မန္တလေးနန်းတွင်းထဲက တပ်မဲရုံအချို့ကိုသာ ရွှေ့ဖို့ပြင်တယ်ဆိုတာ သတင်းသမားကလဲရေးထားသလို စာရေးသူလဲ သတိပေးခဲ့ပြီးပါပြီ။ ဒီနေရာမှာ ရွေးကော်ဗဟိုက လူကြီးတွေဟာ အမှန်တရားအတိုင်း လုပ်လိုတယ်ဆိုတာ စာရေးသူအနေနဲ့ သံသယမရှိပါ။ ဒါပေမယ့် မြို့နယ်/ တိုင်းအဆင့်မှာက မိုးကျအချို့ဟာ ယခင်ကခန့်ထားတဲ့အတိုင်း ကျန်နေခဲ့ပါတယ်။ သူ့ကို ထွေအုပ်က ပြန်ထိန်းရမှာဖြစ်ပေမယ့် ထွေအုပ်ကလဲ မိုးကျဖြစ်နေပြန်ပါတယ်။ ဒါကြောင့် လစ်ဟာမှုတွေဟာ အဲ့ဒီကနေဖြစ်နိုင်ပါတယ်။ တပ်မဲရုံကိစ္စကို ပြန်စရအောင်။ ဥပမာ နန်းတွင်းက တပ်မဲရုံတစ်ခုကို တပ်ပြင်ထုတ်ပြီး ရပ်ကွက်အနားမှာ ထားတယ်ဆိုပါစို့။ သူက တပ်ပြင်ထုတ်တာမှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီမဲရုံမှာက အရပ်သားမပါဘဲ တပ်ထဲကသူများသာ မဲပေးမှာပါ။ တပ်ကလူ ၂၀၀ မဲပေးရာမှာ အဲ့ဒီမဲက ဖွတ်ကိုမပေးရင်အဘက လွယ်လွယ်လေးသိသွားမှာပါ။ ဒါဆို တပ်ထဲကလူတွေ လွတ်လပ်စွာမဲပေးတယ်လို့ ပြောရပါ့မလား? ကောင်းတာတစ်ခုကတော့ လူ ၂၀၀ စလုံး လာမဲပေးမပေးကတော့ ပြည်သူက စစ်လို့ရနိုင်ပါမယ်။ ဒါဆို ဘယ်လိုဖြစ်သင့်သလဲ?

တပ်မဲရုံကို လူ ထောင်ကျော်ရှိတဲ့ ရပ်ကွက်နဲ့ ရောလိုက်ပြီး အတူတူမဲပေးခိုင်းရမှာပါ။ ဒါဆိုရင်တော့လွတ်လပ်စွာမဲပေးမှုရှိသွားမှာဖြစ်သလို လာမဲပေးသူကိုလဲ ရေတွက်လို့ရသွားပါမယ်။ ဒါမှမဟုတ် တပ်ကလူ ၂၀၀ ကို မဲရုံတစ်ခု ၅၀ ထည့်ပေးတာမျိုးပေါ့။



ကြိုတင်မဲကိုလဲ အဆိုပါတပ်သွားတဲ့နေရာမှာလဲ ထပ်မပေးဖို့ ရွေးကော်က ကြီးကြပ်ရပါမယ်။ အထူးသဖြင့် ပဲခူးက တပ်ရင်းအချို့ဟာ ရခိုင်ကိုရောက်နေတာ ၃ လကျော်နေပါပြီ။ သူတို့ဟာ ပဲခူးက မိခင်တပ်ရင်းမှာ ကြိုတင်မဲပေးပြီး ရခိုင်က မြောက်ဦးမှာ ထပ်မဲမပေးစေဖို့ ကြီးကြပ်ရမှာပါ။ ဒါမျိုးက ရှမ်းမှာလဲ သတိထားရပါမယ်။ ဒီကိစ္စတွေဟာ ယခုလိုမဲစာရင်းအမှားတွေနဲ့ ပိုခက်ပါတယ်။





NLD က လူကြီးတွေကို အကြံပေးလိုတာက မိမိပါတီကလူတွေကို မဲစာရင်းမှန်အောင် စာထုတ်သလိုမိမိအုပ်ချုပ်နေတဲ့ ထွေအုပ်ကို ရွေးကော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမိန့်ထုတ်သင့်ပါတယ်။ မိမိတို့ကဝန်ကြီးချုပ်အနေနဲ့ အမိန့်ထုတ်လို့မရရင် ဗဟိုက ထွေအုပ်ဝန်ကြီး ဦးမင်းသူကို DASSK ကတဆင့်တိုက်ရိုက်အမိန့်ထုတ်ခိုင်းပါ။ မရရင် သမ္မတကတဆင့် အမိန့်ထုတ်ခိုင်းပေါ့။အချို့ကိစ္စတွေက မဲစာရင်းမှားတာဟာ အတိုက်အခံအနေနဲ့ ပြောလို့ရပေမယ့် မိမိအစိုးရဖြစ်ချိန်မှာ မိုးကျကို နိုင်အောင်လုပ်ပြီး မဲစာရင်းမှန်အောင်နဲ့ တပ်မဲရုံကို ပြည်သူ့မဲရုံနဲ့ပေါင်းနိုင်အောင် လုပ်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

2 Comments


naynanmyint629395
naynanmyint629395
Aug 04, 2020

မဲစာရင်းထဲပါဖို့ ခရီးထွက်ရ

မယ်ဆိုရင် ယခု ကားခ က နှစ်ဆ

ရှိနေပါတယ်

လမ်းခရီး စားစရိတ် နှစ် ဆ နဲ့

သာမန် လက်လုပ်လက်စား

mobile workres များ က မဲစာရင်းထဲပါဖို့ အတွက် လုပ်ဆောင်ဖို့ မလွယ်ပါဘူး


မိမိနေရပ် ကို မဲပေးဖို့ အခွင့်ရေး

လက်လွတ် ရမဲ့ သူ များပါတယ်

Like

naynanmyint629395
naynanmyint629395
Aug 03, 2020

ဆရာ ရှင့်


တပ် မဲုံကိစ္စ ဆရာပြောသလို

လုပ်ရမှာ မှန်ပါတယ်


နောက်ပီးပြည်သူများရဲ့

မဲစာရင်း မှာ မိမိ အမည် မပါ

တာများနေပါတယ်


(ကျမ ကိုယ်တိုင် ကို မဲစာရင်းထဲ

မပါ လို့ မဲစာရင်း ထဲ ပါရေး ကို

ပြန်လုပ်နေရပါတယ် )


NLD ကိုပေးမဲ့ မဲ နဲအောင်

လုပ်နည်းတနည်းပေါ့


​တချို့ ဆိုရင် သွားလာရေး

ခက်ခဲ လို့ မဲစာရင်း ထဲ ပါရေး

ကို မလုပ်နိုင်သူ ရှိနေပါတယ်


အဲ့လိုနည်းအားဖြင့် မဲပေးခွင့်ရှိ

သူ နည်းအောင် လုပ်နေပါတယ်


တပြည် ုံး နေအထား မှာ

မဲစာရင်း မပါသူ ( NLD ကိုသာ

ပေးမည့်သူများ) အရေအတွက်ဟာကြောက်စရာကောင်းလာနိုင်ပါတယ် ဆရာ


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page