top of page
Search

တပ်မဲရန်ကိုဘယ်လိုကာကွယ်မလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 25, 2019
  • 1 min read

တပ်မဲရန်ကိုဘယ်လိုကာကွယ်မလဲ

တပ်မတော်သားတွေဟာဒီမိုစနစ်မှာကြားနေရပါတယ်။ဘယ်လက်နက်ကိုင်အဖွဲ့ကမှဒီမိုစနစ်မှာပါတီနိုင်ငံရေးရော၊ဂျင်းအမျိုးသားနိုင်ငံရေးရောဘာနိုင်ငံရေးမှမလုပ်ရပါ။ပါတီနိုင်ငံရေးရောအမျိုးသားနိုင်ငံရေးပါမလုပ်ရပါ။ဟစ်တလာတောင်တပ်ကထွက်ပြီးမှအရွေးခံတာပါ။

မြန်မာပြည်မှာက၂၀၀၈ခြေဥအရတပ်က၂၅% လွှတ်တော်ထဲဝင်ထိုင်နေလို့လွှတ်တော်မှာ၆၆၄နေရာမှာတပ်က၁၆၆နေရာယူထားပါတယ်။မဲပေးနိုင်သူသန်း၃၀နဲ့တွက်ရင်ဒီမိုကလူ၆သောင်းကိုအမတ်တစ်ယောက်ပါ။တပ်ဟာအဆိုပါအချိုးအရအမတ်၁၀ယောက်ဆိုရင်တောင်တပ်သား၆သိန်းသာကိုယ်စားပြုရပါမယ်။ဒါကြောင့်အချိုးကျစနစ်အရကြည့်ရင်တပ်ယူထားတဲ့၂၅% ဟာအလွန်များနေပါပြီ။ဒါကြောင့်ခြေဥကိုမပြင်ရင်တပ်မတော်သားတွေကိုမဲပေးခွင့်မပြုသင့်တော့ပါ။မဲထပ်ပေးနေရင်နှစ်သီးစားပြီးပြည်သူကိုအနိုင်ကျင့်ရာရောက်သွားပါမယ်။ဒါကိုလက်ရှိလွှတ်တော်က ဥပဒေပြုပြီးတားနိုင်မလားစဉ်းစားသင့်ပါတယ်။

အထက်မှာရေးတာကမဖြစ်နိုင်ရင်နောက်တနည်းစဉ်းစားရပါမယ်။မဲရုံဟာလက်နက်ကိုင်ရှိတဲ့နေရာအထဲမှာမဖြစ်ရတာဟာနိုင်ငံတကာစည်းမျဉ်းပါ။မြန်မာပြည်မှာလုံခြုံရေးမပေးနိုင်တဲ့နေရာတွေကိုယခင်ကရွေးကောက်ပွဲမလုပ်ဘဲမဲမရေဘဲထားလေ့ရှိပါတယ်။အကြောင်းကသူပုန်တွေကသူတို့ကြိုက်တဲ့တိုင်းရင်းသားပါတီကိုမဲထည့်ခိုင်းမှာစိုးလို့ပါ။ထိုမူဝါဒဟာတပ်ကိုလဲသက်ရောက်ရပါမယ်။

ဒါကတော့ရွေးကောက်ပွဲကော်မရှင်အနေနဲ့လုပ်ရလွယ်နိုင်သလိုလွှတ်တော်ကလဲဥပဒေပြဋ္ဌာန်းလို့လွယ်နိုင်ပါတယ်။ဒီတပ်မဲပြဿနာဟာမြန်မာပြည်မှာတည်မြဲနဲ့သန့်ရှင်းဖဆပလလက်ထက်မှာလဲရှိခဲ့ပေမယ့်ယခုဟာက၂၅% ပါယူထားလို့ပိုဆိုးလာနေပါတယ်။

ဒါကိုတပ်ကအတင်းကန့်ကွက်ရင်လဲမအလကအမနဲ့တိုင်ပင်ပြီးဘာမဆိုလုပ်တယ်ဆိုတဲ့စကားဟာတကယ်ဟုတ်မဟုတ်ကမ္ဘာကသိသွားပါမယ်။အစိုးရအနေနဲ့ဒါတွေကိုပြင်ရာမှာရှေ့နေချုပ်နဲ့မတိုင်ပင်ဘဲမိမိရှေ့နေတွေနဲ့သာတိုင်ပင်ပြီးလုပ်ပါ။အောင်မြင်မှာပါ။ဒါဟာတပ်ကိုချစ်လို့သိက္ခာရှိစေချင်လို့ရေးတာပါ။

Zawgyi version

တပ္မဲရန္ကို ဘယ္လိုကာကြယ္မလဲ


တပ္မေတာ္သားေတြဟာ ဒီမိုစနစ္မွာ ၾကားေနရပါတယ္။ ဘယ္လက္နက္ကိုင္အဖြဲ႕ကမွ ဒီမိုစနစ္မွာ ပါတီနိုင္ငံေရးေရာ၊ ဂ်င္းအမ်ိဳးသားနိုင္ငံေရးေရာ ဘာနိုင္ငံေရးမွ မလုပ္ရပါ။ ပါတီနိုင္ငံေရးေရာ အမ်ိဳးသားနိုင္ငံေရးပါ မလုပ္ရပါ။ ဟစ္တလာေတာင္ တပ္ကထြက္ၿပီးမွ အေရြးခံတာပါ။


ျမန္မာျပည္မွာက ၂၀၀၈ ေျခဥအရ တပ္က ၂၅% လႊတ္ေတာ္ထဲ ဝင္ထိုင္ေနလို႔ လႊတ္ေတာ္မွာ ၆၆၄ ေနရာမွာ တပ္က ၁၆၆ ေနရာ ယူထားပါတယ္။ မဲေပးနိုင္သူ သန္း ၃၀ နဲ႔တြက္ရင္ ဒီမိုက လူ ၆ ေသာင္းကို အမတ္တစ္ေယာက္ပါ။ တပ္ဟာ အဆိုပါအခ်ိဳးအရ အမတ္ ၁၀ ေယာက္ဆိုရင္ေတာင္ တပ္သား ၆ သိန္းသာ ကိုယ္စားျပဳရပါမယ္။ ဒါေၾကာင့္ အခ်ိဳးက်စနစ္အရၾကည့္ရင္ တပ္ယူထားတဲ့ ၂၅% ဟာ အလြန္မ်ားေနပါၿပီ။ ဒါေၾကာင့္ ေျခဥကို မျပင္ရင္ တပ္မေတာ္သားေတြကို မဲေပးခြင့္မျပဳသင့္ေတာ့ပါ။ မဲထပ္ေပးေနရင္ ႏွစ္သီးစားၿပီး ျပည္သူကို အနိုင္က်င့္ရာ ေရာက္သြားပါမယ္။ ဒါကို လက္ရွိလႊတ္ေတာ္က ဥပေဒျပဳၿပီး တားနိုင္မလား စဥ္းစားသင့္ပါတယ္။


အထက္မွာေရးတာက မျဖစ္နိုင္ရင္ ေနာက္တနည္းစဥ္းစားရပါမယ္။ မဲ႐ုံဟာ လက္နက္ကိုင္ရွိတဲ့ေနရာအထဲမွာ မျဖစ္ရတာဟာ နိုင္ငံတကာစည္းမ်ဥ္းပါ။ ျမန္မာျပည္မွာ လုံျခဳံေရးမေပးနိုင္တဲ့ ေနရာေတြကို ယခင္က ေရြးေကာက္ပြဲမလုပ္ဘဲ မဲမေရဘဲ ထားေလ့ရွိပါတယ္။ အေၾကာင္းက သူပုန္ေတြက သူတို႔ႀကိဳက္တဲ့ တိုင္းရင္းသားပါတီကို မဲထည့္ခိုင္းမွာစိုးလို႔ပါ။ ထိုမူဝါဒဟာ တပ္ကိုလဲ သက္ေရာက္ရပါမယ္။


ဒါကေတာ့ ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ လုပ္ရလြယ္နိုင္သလို လႊတ္ေတာ္ကလဲ ဥပေဒျပ႒ာန္းလို႔ လြယ္နိုင္ပါတယ္။ ဒီတပ္မဲျပႆနာဟာ ျမန္မာျပည္မွာ တည္ျမဲနဲ႔သန္႔ရွင္း ဖဆပလ လက္ထက္မွာလဲရွိခဲ့ေပမယ့္ ယခုဟာက ၂၅% ပါယူထားလို႔ ပိုဆိုးလာေနပါတယ္။


ဒါကိုတပ္က အတင္းကန္႔ကြက္ရင္လဲ မအလက အမနဲ႔တိုင္ပင္ၿပီး ဘာမဆိုလုပ္တယ္ဆိုတဲ့စကားဟာ တကယ္ဟုတ္ မဟုတ္ ကမၻာကသိသြားပါမယ္။ အစိုးရအေနနဲ႔ ဒါေတြကိုျပင္ရာမွာ ေရွ႕ေနခ်ဳပ္နဲ႔ မတိုင္ပင္ဘဲ မိမိေရွ႕ေနေတြနဲ႔သာ တိုင္ပင္ၿပီးလုပ္ပါ။ ေအာင္ျမင္မွာပါ။ ဒါဟာတပ္ကိုခ်စ္လို႔ သိကၡာရွိေစခ်င္လို႔ ေရးတာပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page