top of page
Search

တပ်မရှိဘဲ ဦးဝှေ့တင်းကို ကယ်ထုတ်ခဲ့သူ DASSK

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 21, 2020
  • 1 min read

တပ်မရှိဘဲ ဦးဝှေ့တင်းကို ကယ်ထုတ်ခဲ့သူ DASSK

ဦးဝှေ့တင်းကို ဓာတ်ခဲက ဖမ်းတယ်။ စဖမ်းကထဲက မဖမ်းသင့်တာပါ။ ဓာတ်ခဲက ဘာတောင်းဆို ညာတောင်းဆိုပေါ့။ ဒါပေမယ့် အစိုးရက မပေးဘူး။ တပ်ကလဲ သူ့လူပျောက်ရင်ရှာသလောက်တောင်လွှတ်တော်ကိုယ်စားလှယ်ကို မရှာဘူး။ ဒါတောင်ဓာတ်ခဲက ဦးဝှေ့တင်းကို စွပ်စွဲတာက တပ်နဲ့ပေါင်းလို့နော်။ ဦးဝှေ့တင်းက ဖွတ်အမတ်ဆိုရင်တောင် သူစွပ်စွဲတာက စဉ်းစားစရာပါ။

ဒါဆို တပ်မရှိတဲ့အစိုးရက ဦးဝှေ့တင်းကို လက်နက်မပါဘဲ ဘယ်လိုကယ်မလဲ။ ပုံမှန်ဆို မတွေးဝံ့စရာပါ။ ဒါပေမယ့် ဓာတ်ခဲမှာလဲ အဘလို ကြောက်ရသူတွေရှိပုံပါ။ ဟိုပုံလေးကို မှတ်မိကြလား? အမကတော့ ငြိမ်းချမ်းရေးရအောင်ကူပါ။ သူပုန်ကို ကြားခံမထားပါနဲ့လို့ပြောခဲ့ပါတယ်။

ဒီနေ့မှာတော့ သေနတ်တစ်ချက်မဖောက်ရဘဲ ဦးဝှေ့တင်းကို လွှတ်အောင်လုပ်နိုင်လိုက်ပါပြီ။

ဒါဟာ DASSK ရဲ့ခေါင်းဆောင်မှုနဲ့ မေတ္တာထားနိုင်မှုကြောင့်ပါ။ အချို့ကိစ္စတွေမှာ စစ်ရေးအမြင်ရှိတယ်ဆိုတာ မဟာဗျူဟာအရ အမြင်ရှိတယ်ဆိုတာကိုလဲ ပြောတာပါ။

စာရေးသူလို ပုံမှန်အဘသားက ဝင်တိုက်မယ် ဗုံးကြဲမယ် ကယ်ထုတ်လိုက်မယ် ဓာတ်ခဲကို ဆဲလိုက်မယ်ပေါ့။ ဒါပေမယ့် DASSK ကတော့ မဟာဗျူဟာအရ နိုင်ငံရေးနဲ့သာ ကယ်ထုတ်သွားခဲ့ပါတယ်။ ကျေးဇူးပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page