top of page
Search

တပ်မတော်အနေနဲ့ ကိုဗစ်ကို ဘယ်လိုကူမလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 25, 2020
  • 1 min read

ree

ပထမလှိုင်းကို မြန်မာပြည်မှာ ထိန်းနိုင်ခဲ့ပါတယ်။ ဒုတိယလှိုင်းမှာ ရောဂါပိုးတွေ့သူဟာ တက်လာခဲ့ပြီးရန်ကုန်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအထိ တန့်မလိုနဲ့ ဆက်တက်နေဆဲပါ။ အောက်တိုဘာ ၁၀ ရက်နောက်ပိုင်းဆိုရင်တော့ ပြန်ကျမယ်ထင်ပါတယ်။ ဒါက နိုင်ငံခြားက ဖြစ်စဉ်တွေအပေါ် မူတည်တွက်ချက်ထားတာပါ။


ဧရာဝတီသတင်းဌာနက ပထမလှိုင်းမှာ တပ်ကိုခေါ်ဖို့ လော်ခဲ့သလို ယခုဒုတိယလှိုင်းမှာလဲ ထပ်လော်တာတွေ့ရပါတယ်။ ယခုဒုတိယလှိုင်းဟာ အစိုးရအတွက် စိန်ခေါ်မှုပါ။ ဗဟိုအစိုးရရော ရန်ကုန်တိုင်းအစိုးရအတွက်ရောပါ။ ကွီးဖြိုးနဲ့ ကွီးစိုးဟာ နေပြည်တော်က ခိုင်းသမျှကို နေ့ညမအား ဖြည့်ဆည်းပေးနေကြတာပါ။ ဧရာကဇော်ဇော်ကကူခဲ့သလို We love Yangon နဲ့ အခြား Volunteer များက ဝိုင်းဖြည့်ကူပေးနေကြရတာပါ။ အချို့ တပ်အကောင့်များက ရိုးမရိပ်သာက ဗီဒီယိုတင်ပြီး တပ်ကိုခေါ်ဖို့ လော်ပေမယ့် အစိုးရက လိုအပ်ချက်ကို ပံ့ပိုးပေးပြီးသာ တုံ့ပြန်ခဲ့ပါတယ်။ တပ်ကိုမခေါ်တာက DASSK က မလိုဘူးအပ်သေးဘူးထင်လို့ပါ။


တပ်မတော်က ကိုဗစ်တိုက်ဖျက်ရေးမှာ ဘယ်လိုကူညီနိုင်မလဲ? ယခုဒုတိယလှိုင်းပြီးလို့ အောင်နိုင်ခဲ့ရင်တောင် မပြီးတာက အနောက်တံခါးပါ။ အနောက်တံခါးကို မထိန်းနိုင်ရင် ထပ်ဖြစ်နေမှာပါ။ ဓာတ်ခဲဟာ နယ်ခြားစောင့်တပ်ကို ဝင်တိုက်လို့ နယ်ခြားဟာ ဟနေခဲ့ပါတယ်။ ၂၀၀၈ ခြေဥအရ တပ်မတော်ဟာလုံခြုံရေးတာဝန်ကို ယူထားရပါတယ်။ ဒါကြောင့် နယ်ခြားကိုလုံအောင် မိမိအလုပ် မိမိပိုင်နိုင်စွာလုပ်ပြီး ကိုဗစ်တိုက်ဖျက်ရေးမှာ ကူပေးပါလို့ ပြောပါရစေ။ နောက်တစ်ခုက ကိုဗစ်တိုက်ဖျက်ရေးအတွင်းရေးမှူးအဖွဲ့ရဲ့ လုံခြုံရေး အချက်အလက်ဖလှယ်ရာမှာ ရဲထံကသတင်းကိုယူတာတင်မလုပ်ဘဲမိမိစရဖက ရတဲ့သတင်းကိုလဲ အစိုးရကို ပြန်ပေးပါလို့ ပြောပါရစေ။ တပ်မတော်အနေနဲ့ ရိုးသားရပါမယ်။ ပူးပေါင်းဆောင်ရွက်ရပါမယ်။

ဝန်ထမ်း၊ ပြည်သူ အစိုးရ မိမိအလုပ်မိမိလုပ်ရင် ကိုဗစ်ကို နိုင်မှာပါ။ တပ်မတော်ကလဲ နယ်စပ်ကို လုံခြုံအောင် လုပ်ပေးပြီး ကိုဗစ်တိုက်ရာမှာ မိမိအလုပ် မိမိ ကျွမ်းကျင်စွာလုပ်ပြီး ပါနိုင်ပါတယ်လို့ ပြောပါရစေ။


News Credit: Irrawaddy

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 25, 2020

ဦးမြတ် ! ကိုးကွယ်ရာ ဆရာတော်မှ ဆုံးမ သြဝါဒ ချီးမြှင့်ခဲ့ဘူးပါသည်။ ဒကာကြီး! ဂုဏ် မဆာ စေနဲ့ ။ ***ဂုဏ် ဆာရင် ပုံ မလာဘူး ****

တရားစခန်းတခု၊ ဆရာတော် နားနေချိန်မှာ ဒါယကာမကြီးတယောက် ဆရာတော်ထံ ဉာဏပူဇာလာကပ်ရင်း

ဘယ်မှာ ဘယ်လို လှုထားကြောင်း၊

တရားစခန်း ဘယ်နှကြိမ် ဝင် ထားကြောင်း ၊ ဘယ်ဆရာတော်က ဘယ်ပုံ ၊သည်ဆရာတော်က သည်နည်း ။ စကား ဂုဏ်ထုတ် အဟုတ်ပြောနေချိန်၊တရားစခန်း နောက်တချိန် စဖို့ ဘားစည်ခေါက်မှပဲ ထ ပြန်သွားပါသည်။

ဒကာကြီး! သူဂုဏ် ဆာ တာက၊ အရေးမကြီးဘူး၊ကျုပ်တော့ တအင်းအင်းနဲ့လိုက်ရင်း ခါးညောင်းလာတာ ပုံ မလာ ဖြစ်သွားပြီ။

လူ ပြော မသန်၊ လူသန် မပြော။

ဤသဘောလည်း သက်ဝင်ပါသည်။

တရားသဘောအရလည်း ဒါနပြုပြီး လူနတ်ချမ်းသာစုံ(ဂုဏ်ဆာပြီး)တောင်းယူသမျှ လူ နတ် ခန္ဓာရပြီး အသေ မရဏ ထပ်ခါထပ်ခါမို့ ပုံ မလာပါ။


****************************


ကလေးဘဝက အဘိုးပြောစကား ကြီးလာလေ ရှင်းလေပါပဲ။

%% ခတ် ကွင်း၊ ပြင်နေတာနဲ့ ရွာသစ်ကြီးကို ရောက်ရော%%

ကိုဖြူ ကိုမဲ ၊ ကျွဲ ကျောင်းဖက်။သူ့ကျွဲ ငါ့ကျွဲ ပြိုင်ရင်း ငြိ ကြပါသည်။ ကိုဖြူက သူ့ကျွဲအကြောင်း သိတာနဲ့၊ ချက်ချင်းအကောင်အထည်ဖော် စိန်ခေါ်လိုက်တယ်။ကိုမဲကလည်း လက်ခံလိုက်တယ်။ တကယ် ပွဲ စမယ်လည်းပြောရော ၊ ကိုမဲက ဒီနေရာက နေပူလို့ ၊ ဟိုနေရာရောက်တော့ ကျွဲတွေ မော နေလို့၊ အရိပ်ကောင်းတဲ့သစ်ပင်အောက်ရောက်တော့လည်း နားပါစေအုံး၊ နားပြီးပြန်တော့ ခတ်ရင်း ခတ်ရင်း လယ်ကွင်းတွေထဲရောက်သွားရင်

ရှင်းရခက်မယ်။

ကိုဖြူက ပြောလိုက်တာက

%%ခတ်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page