top of page
Search

တပ်မတော် အက်ဥပဒေကို တပ်က တောင်းတဲ့အတိုင်း ပြင်ဆင်ဖို့လိုလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 3, 2020
  • 1 min read

ဒီကိစ္စကို ဇူလိုင်လလယ်မှာ တပ်မတော်သားကိုယ်စားလှယ်က တပ်မတော်အက်ဥပဒေထဲကတပ်မတော်သားတွေ ပြစ်မှုကျူးလွန်ရင် အရေးယူခွင့်ရှိတာရဲ့ကာလစည်းကမ်းသတ်ကို ပြင်ဖို့ဆိုပြီးတင်လာပါတယ်။ ထိုအရာဟာ တပ်မတော်အတွက်ကောင်းလား? ပြင်ဖို့လိုသလား လေ့လာကြည့်ရအောင်။


ဒီနေရာမှာ တပ်မတော်အက်ဥပဒေကို လွှတ်တော်မှာ ပြင်လို့ရတယ်ဆိုတဲ့အသိကို ပထမဆုံးရလိုက်တာပါ။ နောက်ပိုင်းမှာ ကညနကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေ၊ တပ်မတော်သားတွေရဲ့သက်တမ်းကို တိုးခွင့်မရှိတာတွေကို ပြင်ဖို့လမ်းစဖြစ်လာနိုင်ပါတယ်။ ဒါက ကောင်းတဲ့အချက်ပါ။


ဒါဆိုလွှတ်တော်ထဲမှာ ဆွေးနွေးတာကို လေ့လာကြည့်ရအောင်။ သူပြင်ရတဲ့ ရည်ရွယ်ချက်ကတပ်မတော်သားတစ်ဦး ပြစ်မှုကျူးလွန်ပြီး သုံးနှစ်ကျော်ရင် စစ်တရားရုံးက စီရင်ပိုင်ခွင့်မရှိတော့လို့ ဒီကာလစည်းကမ်းသတ်ကို ပြင်ဆင်လိုတာလို့ ဆိုထားပါတယ်။ အပေါ်ယံကြည့်ရင်တော့ တိုင်းရင်းသားဒေသတွေမှာ ပြစ်မှုကျူးလွန်သူက ၂၀၁၇ ဇူလိုင် ၂၀ မှာ ပြစ်မှုကျူးလွန်ခဲ့ရင် ၂၀၂၀ ဇူလိုင် ၂၀ မှာမဖမ်းမမိရင် စစ်တရားရုံးက စီရင်ပိုင်ခွင့်မရှိဘူးပေါ့။ ဒါကြောင့်ပြင်တာပေါ့။ နောက် DASSK ကိုအကြောင်းပြနိုင်တာက ဟိုဘင်္ဂါလီကိစ္စအတွက် အရေးယူဖို့ပေါ့။ ဒါပေမယ့် အဆိုပါအကြောင်းအရာထက် ပိုတာတွေရှိနေပါတယ်။


ပထမဆုံးသူတို့အကြောင်းပြတာအတွက် လေ့လာရအောင်။ သုံးနှစ်ကာလစည်းကမ်းသတ်ကို စစ်ခုံရုံးသာထားပြီး သုံးနှစ်လွန်မှသိရင် တပ်မတော်သားဟာ အရပ်သားဖြစ်သွားရင် အရပ်ဘက်တရားရုံးကသာ သူကျုးလွန်ခဲ့တဲ့ ပြစ်မှူများကို စီရင်ခွင့်ရှိသည်လို့ ပြင်သင့်ပါတယ်။ နောက် တပ်ထဲမှာ တပ်ပြေးတွေများလာနေပါတယ်။ တပ်ပြေးတွေကို အဆိုပါဥပဒေနဲ့ သုံးနှစ်အထက် မမိသူများကိုလဲ စစ်ခုံရုံးကစီရင်ခွင့်ရှိအောင်လုပ်နေတာပါ။ ဥပမာ တပ်ပြေးက သုံးနှစ်အထက်ပြေးနိုင်ရင် စစ်တရားရုံးစီရင်ခွင့်အောက်က လွတ်ပါမယ်။ ဒါကို ကာလစည်းကမ်းသတ်ပြင်ပြီး တပ်ပြေးပြဿနာကိုရှင်းနိုင်အောင်ကြိုးစားလာတာပါ။


ဒါထက်အရေးကြီးတာက သူပြင်ရာမှာ စစ်ခုံရုံးက သူပြစ်မှုကျူးလွန်တာကနေ တပ်က သိသိအချိန်မှသုံးနှစ်အတွင်းလို့ ပြင်ဖို့လုပ်နေတာပါ။ ဒါရဲ့ အကျိုးသက်ရောက်မှုကို လေ့လာကြည့်ရအောင်။ ယခုအချိန်မှာ သာဝန်က DASSK ဘက်က လုပ်ပေးနေပါတယ်။ သူက အခြားမိုးကျတွေနဲ့မတူဘဲ ဒီမိုဘက်ပြောင်းလာသူပါ။ သူ့ကို ဘာမှတပ်ထဲကနေ လက်ရှိ တပ်မတော်အက်ဥပဒေအရ သုံးနှစ်ကျော်သွားလို့စစ်ခုံရုံးကနေ နောက်ကြောင်းပြန်အရေးယူလို့မရပါ။


ဥပမာ ယခုဥပဒေကို NLD လွှတ်တော်က ပြဌာန်းပေးလိုက်တယ်ဆိုကြပါစို့။ စာရေးသူက ဒီဥပဒေအတည်ဖြစ်ပြီး အငြိမ်းစားယူတယ်ဆိုပါစို့။ အားလုံးအဆင်ပြေတယ်။ ဒါပေမယ့်သူက စာရေးသူအငြိမ်းစားယူပြီး ငါးနှစ်အကြာမှာ DASSK ကို ကူညီလို့ အမြင်ကတ်တာနဲ့ တပ်ချုပ်ကစာရေးသူပြစ်မှုတစ်ခုကျူးလွန်ခဲ့တာ ယခုမှသိတာပါဆိုပြီး စစ်ခုံရုံးတင်ရင် ယခုပြင်တဲ့ ဥပဒေအရ ရနေပါတယ်။လက်ရှိဥပဒေအရကတော့ ပင်စင်ယူပြီး သုံးနှစ်နေတာနဲ့ တပ်စစ်ခုံရုံးက လွတ်ပါပြီ။ ယခုပြင်ဆင်တဲ့ဥပဒေသာ အတည်ဖြစ်ရင် ဘယ်စစ်သားက ဒီမိုဘက်ကို ကူးရဲတော့ပါမလဲ? စစ်ခုံရုံးရဲ့ နောက်ဆုံးအယူခံက တပ်ချုပ်ဖြစ်ပြီး အရပ်သားက တရားသူကြီးချုပ်နဲ့ သမ္မတကလဲ လွတ်ငြိမ်းခွင့်ပေးလို့ရပါတယ်။


ယခုအချိန်မှာ အချို့သောဒီမိုတွေက တပ်ထဲလူတွေကို ပြောင်းလှည့်ဖို့ ဘာညာပြောလေ့ရှိပါတယ်။လက်ရှိအစိုးရအနေနဲ့က တပ်ထဲက ဒီမိုစစ်သားတွေကို ကာကွယ်ဖို့နေနေသာသာ အရပ်သားဖြစ်နေတဲ့ကိုနေမျိုးဇင်တို့ ရှေ့နေကြီးဦးကြီးမြင့်တို့ကိုတောင် ကာကွယ်မှု မပေးနိုင်သေးတာ တွေ့ရပါတယ်။ ဟိုကျောင်းသာက ရန်စတာမိုလို့ ထားလိုက်ပါ။


အချို့ကိစ္စတွေမှာ အများကြီးကူညီဖို့မလိုပါ။ ဥပဒေနဲ့ စောင့်ရှောက်ပေးရင် ရပါပြီ။ သူတို့ပြင်တာကဘာကိုလုပ်နေလဲ ရည်ရွယ်ချက်ကဘာလဲ ရိုးသားလားဆိုတာကို တင်ပြလိုက်တာပါ။ ဆုံးဖြတ်ရမှာကတော့ လွှတ်တော်အမတ်တွေနဲ့ NLD ပါတီသာဖြစ်ပါတယ်။ တပ်မတော်သားများကိုယ်စား ရေးလိုက်တာပါ။ သူတို့လိုချင်တဲ့အတိုင်းသာ ပြင်ပေးလိုက်ရင် ကြိုက်တဲ့တပ်မတော်သားဟောင်းကို ၁၀ နှစ်နေမှပုဒ်မတစ်ခုတတ်ပြီး စွဲလိုက်တာနဲ့ စစ်ခုံရုံးရောက်သွားပါမယ်။ စစ်ခုံရုံးရဲ့ အဆုံးသတ်က တပ်ချုပ်ပါလို့သက်ဆိုင်သူများသိအောင် ပြောထားပါရစေ။ ဒီမိုကရေစီ ပိုအားကောင်းစေချင်ရင် တပ်ချုပ်ကို ညွှန်ချုပ်နေရာပို့နိုင်အောင် လုပ်ကြပါ။ ယခုပြောနေတာတွေဟာ တပ်မတော်သားတွေရဲ့ အခွင့်အရေးအတွက်ပြောနေတာမဟုတ်ဘဲ ဒီမိုကရေစီအတွက် ခြေဥပြင်နိုင်ဖို့အတွက် ပြောနေတယ်လို့ မှတ်လိုက်ပါ။


News Credit: Myanmar Now

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page