တပ္မေတာ္သားေတြကိုႏိုင္ငံျခားမွာပညာသင္ေစသင့္လား?
ဒီေမးခြန္းဟာလြယ္မလိုနဲ႔ခက္ပါတယ္။အခ်ိဳ႕တပ္ကိုမုန္းသူမ်ားကေတာ့ဆန္ကုန္ေျမေလးသင္မေနနဲ႔လို႔ေျပာပါမယ္။
စစခ်င္းႏိုင္ငံျခားဆိုတာဘယ္ႏိုင္ငံကိုေျပာတာလဲကစရပါမယ္။ေျမာက္ကိုရီးယားကိုပညာေတာ္သင္လႊတ္ရင္နည္းပညာအနည္းငယ္ရနိင္ေပမယ့္အာဏာရွင္စ႐ိုက္ေတြသာဝင္ႏိုင္ပါတယ္။တံငါနားနီးတံငါတိုသလိုေပါ့။တ႐ုတ္ဆိုရင္လဲေျမာက္ကိုရီးယားနည္းတူပါ။ၿမိဳ႕ျပတိုးတက္မႈကိုေတာ့ေတြ႕မွာပါ။႐ုရွားကိုသြားရင္ေတာ့တ႐ုတ္ထက္ပိုၿပီးပညာရမွာျဖစ္သလိုအရပ္သားကပါတီဘယ္လိုေထာင္ၿပီးအုပ္ခ်ဳပ္တာေတြ၊တပ္ကအရပ္သားအုပ္ခ်ဳပ္မႈေအာက္ေနရတာေတြသိလာမွာပါ။
ဒါထက္ပိုၿပီးအိႏိၵယကNational Defence Academy တို႔၊အဂၤလန္က ဘုရင့္စစ္တကၠသိုလ္Sandhurst၊အေမရိကန္က West Point တို႔မွာတက္ရရင္ေတာ့အရပ္သားအစိုးရရဲ႕အေရးႀကီးပံုေတြစစ္သားေတြဟာအရပ္ဖက္အမိန္႔ကိုဘယ္လိုနားေထာင္ရမလဲဆိုတာေတြ၊စစ္တိုက္ရင္အရပ္သားမထိေအာင္ဘယ္လိုေရွာင္တိုက္ရမလဲေတြ၊လူ႔အခြင့္အေရးစံေတြပါသိလာႏိုင္ပါတယ္။
DASSK တက္ခါစအဂၤလိပ္ကဖြင့္တဲ့သင္တန္းတက္ခဲ့သူေတြေတာင္ယခင္နဲ႔ယခုအျမင္ေျပာင္းပါတယ္။စာေရးသူတို႔ၾကားဖူးတာကအိႏိၵယမွာသင္တန္းသြားတက္သူတစ္ေယာက္ဟိုကလူေတြကိုငါတို႔ကအမ်ိဳးသားႏိုင္ငံေရးမွာဦးေဆာင္အခန္းကပါဝင္တယ္ဆိုတာကိုအေတာ္ရွင္းျပခဲ့ရၿပီးအမ်ိဳးသားႏိုင္ငံေရးဆိုတာဟာကမ႓ာေပၚကဒီမိုတပ္ေတြအတြက္အထူးအဆန္းစကားလံုးဆိုတာသူသိလိုက္ရပါတယ္။
အခ်ိဳ႕ကလဲမင္းဟာကထူးမွာမဟုတ္ပါလို႔ျငင္းလိုသူေတြလဲရွိပါမယ္။စာေရးသူအေနနဲ႔ကေတာ့ဒီမိုတပ္ေတြနဲ႔စာေရးသူတို႔တပ္မေတာ္နဲ႔မ်ားမ်ားထိေတြ႕တာဟာေကာင္းက်ိဳးသာမ်ားပါမယ္။မေကာင္းဆိုးရြားဟာဘုန္းႀကီးနဲ႔ေတြ႕မွကၽြတ္တန္းဝင္မွာပါ။သူ႔ဖာသာကၽြတ္တန္းဝင္ဖို႔မရွိပါ။
အင္ဒိုနီးရွားစစ္တပ္၊ဖိလစ္ပိုင္တပ္၊တူရကီတပ္ဒီမိုဖက္ကရပ္တာဟာသူတို႔ရဲ႕အရာရွိေတြဟာအေမရိကန္မွာပညာသင္ထားလို႔ပါ။ေနာက္သူ႔ျပည္သူကလဲဆႏၵျပခ်ိန္သူတို႔ကလဲပညာတတ္ခ်ိန္ဆိုေတာ့မိုက္႐ူးရဲမႈမရွိေတာ့ဘဲလူကိုလူလိုျမင္လာတာေပါ့။
ဒီစာေရးသူရဲ႕ေထာက္ျပခ်က္ကိုမယံုေသးရင္စာဖတ္သူမ်ားလဲျပည္တြင္းနဲ႔ျပည္ပကလူေတြးေခၚပံုခ်င္းကြာသလိုျပည္ပကလူမွာလဲအာရွ၊ဥေရာပ၊အေမရိကဆိုၿပီးေတြးေခၚပံုထပ္ကြာတာသတိထားမိမွာပါ။အထဲကအမ်ားစုအျမင္က်ယ္လာခ်ိန္မွာအျပင္ကဒီမိုေတြကလႈပ္ရွားရင္ေျပာင္းလဲမႈဟာပိုအဆင္ေျပႏိုင္ပါတယ္။
မဟုတ္ရင္အခ်ိဳ႕ကဝလံုးေခါင္းထဲလသာေနတတ္ပါတယ္။
Unicode version
ဒီမေးခွန်းဟာလွယ်မလိုနဲ့ခက်ပါတယ်။အချို့တပ်ကိုမုန်းသူများကတော့ဆန်ကုန်မြေလေးသင်မနေနဲ့လို့ပြောပါမယ်။
စစချင်းနိုင်ငံခြားဆိုတာဘယ်နိုင်ငံကိုပြောတာလဲကစရပါမယ်။မြောက်ကိုရီးယားကိုပညာတော်သင်လွှတ်ရင်နည်းပညာအနည်းငယ်ရနိင်ပေမယ့်အာဏာရှင်စရိုက်တွေသာဝင်နိုင်ပါတယ်။တံငါနားနီးတံငါတိုသလိုပေါ့။တရုတ်ဆိုရင်လဲမြောက်ကိုရီးယားနည်းတူပါ။မြို့ပြတိုးတက်မှုကိုတော့တွေ့မှာပါ။ရုရှားကိုသွားရင်တော့တရုတ်ထက်ပိုပြီးပညာရမှာဖြစ်သလိုအရပ်သားကပါတီဘယ်လိုထောင်ပြီးအုပ်ချုပ်တာတွေ၊တပ်ကအရပ်သားအုပ်ချုပ်မှုအောက်နေရတာတွေသိလာမှာပါ။
ဒါထက်ပိုပြီးအိန္ဒိယကNational Defence Academy တို့၊အင်္ဂလန်က ဘုရင့်စစ်တက္ကသိုလ်Sandhurst၊အမေရိကန်က West Point တို့မှာတက်ရရင်တော့အရပ်သားအစိုးရရဲ့အရေးကြီးပုံတွေစစ်သားတွေဟာအရပ်ဖက်အမိန့်ကိုဘယ်လိုနားထောင်ရမလဲဆိုတာတွေ၊စစ်တိုက်ရင်အရပ်သားမထိအောင်ဘယ်လိုရှောင်တိုက်ရမလဲတွေ၊လူ့အခွင့်အရေးစံတွေပါသိလာနိုင်ပါတယ်။
DASSK တက်ခါစအင်္ဂလိပ်ကဖွင့်တဲ့သင်တန်းတက်ခဲ့သူတွေတောင်ယခင်နဲ့ယခုအမြင်ပြောင်းပါတယ်။စာရေးသူတို့ကြားဖူးတာကအိန္ဒိယမှာသင်တန်းသွားတက်သူတစ်ယောက်ဟိုကလူတွေကိုငါတို့ကအမျိုးသားနိုင်ငံရေးမှာဦးဆောင်အခန်းကပါဝင်တယ်ဆိုတာကိုအတော်ရှင်းပြခဲ့ရပြီးအမျိုးသားနိုင်ငံရေးဆိုတာဟာကမ႓ာပေါ်ကဒီမိုတပ်တွေအတွက်အထူးအဆန်းစကားလုံးဆိုတာသူသိလိုက်ရပါတယ်။
အချို့ကလဲမင်းဟာကထူးမှာမဟုတ်ပါလို့ငြင်းလိုသူတွေလဲရှိပါမယ်။စာရေးသူအနေနဲ့ကတော့ဒီမိုတပ်တွေနဲ့စာရေးသူတို့တပ်မတော်နဲ့များများထိတွေ့တာဟာကောင်းကျိုးသာများပါမယ်။မကောင်းဆိုးရွားဟာဘုန်းကြီးနဲ့တွေ့မှကျွတ်တန်းဝင်မှာပါ။သူ့ဖာသာကျွတ်တန်းဝင်ဖို့မရှိပါ။
အင်ဒိုနီးရှားစစ်တပ်၊ဖိလစ်ပိုင်တပ်၊တူရကီတပ်ဒီမိုဖက်ကရပ်တာဟာသူတို့ရဲ့အရာရှိတွေဟာအမေရိကန်မှာပညာသင်ထားလို့ပါ။နောက်သူ့ပြည်သူကလဲဆန္ဒပြချိန်သူတို့ကလဲပညာတတ်ချိန်ဆိုတော့မိုက်ရူးရဲမှုမရှိတော့ဘဲလူကိုလူလိုမြင်လာတာပေါ့။
ဒီစာရေးသူရဲ့ထောက်ပြချက်ကိုမယုံသေးရင်စာဖတ်သူများလဲပြည်တွင်းနဲ့ပြည်ပကလူတွေးခေါ်ပုံချင်းကွာသလိုပြည်ပကလူမှာလဲအာရှ၊ဥရောပ၊အမေရိကဆိုပြီးတွေးခေါ်ပုံထပ်ကွာတာသတိထားမိမှာပါ။အထဲကအများစုအမြင်ကျယ်လာချိန်မှာအပြင်ကဒီမိုတွေကလှုပ်ရှားရင်ပြောင်းလဲမှုဟာပိုအဆင်ပြေနိုင်ပါတယ်။
မဟုတ်ရင်အချို့ကဝလုံးခေါင်းထဲလသာနေတတ်ပါတယ်။
Comentarios