top of page
Search

တပ်မတော်ထဲမှ ရိုးသားသောဗိုလ်ချုပ်တစ်ဦး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 20, 2020
  • 1 min read

စာရေးသူရေးရင် အဓိပ္ပါယ်ရှိတာရေးပါတယ်။ စာရေးသူရေးတဲ့ “အာဏာဘယ်လိုသိမ်းရလဲ” ဆောင်းပါးထဲက လူတွေရဲ့ပုံနဲ့ ဒီမြေကွက်ကိစ္စဟာ ဘယ်လိုပတ်သက်နေလဲဆိုတာ ယခုဆို အားလုံးသဘောပေါက်လာက်ပါပြီ။ DASSKနဲ့ သမ္မတကြီးက မြေကွက်ကို မလျှောက်သေးပါ။ ကွီးဖြိုးနာမည်က သူတို့ရဲ့ စာရင်းထဲမပါလို့ မြေကွက်ကို မယူပါ။ မလျှောက်ပါ။ သူ့ရဲ့ နိုင်ငံ​ရေးအရ အကွက်ကြိုမြင်မှုနဲ့ ထောင်ချောက်ကို ရှောင်နိုင်ခဲ့ပုံပါ။ ဂုဏ်ယူပါတယ် ကွီးဖြိုး။ ဒါက မိုးကျတွေ၊ ခရိုနီနောက်စွဲတွေနဲ့ကွီးဖြိုးကွာခြားမှုပါ။



ယခုကတော့ ရိုးသားတဲ့ တပ်ထဲက ဗိုလ်ချုပ်တစ်ယောက်မြေကွက်တွေ ဘယ်လိုရနိုင်လဲဆိုတာ ရေးပြလိုပါတယ်။ ယခင်က မြေသိမ်း ယာသိမ်းပြီး မြေကွက်ဖော် ပြီးရင် ဗိုလ်မှူးကြီးအထက်တွေကိုမြေကွက်ပေးလေ့ရှိပါတယ်။ အစိုးရစျေး ၂ သိန်း ၃ သိန်းပါ။ နောက်ပိုင်း ၁၀ သိန်းလောက်အထိ သွင်းရပါတယ်။ နောက် ဆောက်လုပ်ရေးပစ္စည်းတွေကိုလဲ အစိုးရစျေးနဲ့ ပြန်ရောင်းပေးပါတယ်။ စာရေးသူရဲ့ ဆရာတွေဆိုရင် အင်မတန်ရိုးသားပြီး ထွန်းကြည်တို့ ညွန့်တင်တို့လို မခိုးပေမယ့် သူတို့ကိုနေပြည်တော်မှာ တစ်ကွက်၊ ရန်ကုန်မှာ တစ်ကွက်၊ ဒဂုံမြို့သစ်မှာ တစ်ကွက်၊ ပဲခူးမှာတစ်ကွက်၊ မေမြို့မှာတစ်ကွက် ရခိုင်မှာတစ်ကွက်၊ မန္တလေးမှာ တစ်ကွက်ပေးထားပါတယ်။ အချို့နယ်က မြေကွက်တွေက ဧကချီပါတယ်။ ဦးပိုင်မှာလဲ သူကရှယ်ယာထည့်ထားပါတယ်။ သူကအင်မတန်ရိုးသားပါတယ်။ သူ့သားသမီးတွေက စီးပွါးရေးမလုပ်သလို သူကလဲ ခင်ညွန့်၊ ထွန်းကြည်၊ ညွန့်တင်တို့လို မသောင်းကျန်းပါ။ သူရရွှေမန်းလို သားတွေက စီးပွါးရေးမလုပ်ပါ။ ရိုးသားတဲ့ ဗိုလ်ချုပ်အောင်ကြည်ကို မျက်စိထဲမှာမြင်ကြည့်ပါ။

ယခုအစိုးရအဖွဲ့ထဲမှာရှိတဲ့ ဗိုလ်ချုပ်ရဲအောင်မှာလဲ မြေကွက်တွေရှိပါတယ်။ နေပြည်တော်၊ ရန်ကုန် ဒဂုံမြို့သစ်နဲ့ မန္တလေးမှာပါ။ အငြိမ်းစားယူသွားတဲ့ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေမှာလဲ အစိုးရထံက ရထားတဲ့မြေကွက်တွေရှိပါတယ်။


ဒါကို နိုင်ငံရေးအရ DASSK သိက္ခာကျအောင် အနားကလူများက စနစ်တကျ လုပ်နေပုံပါ။ သူမဟာမြေတစ်ကွက်လောက်ကို မမှုပါ။ လင်ကိုစွန့်၊ သားတွေကို စွန့်ထားတာပါ။ မိခင်တစ်ယောက်အနေနဲ့သားသမီးကို တိုင်းပြည်အတွက် စွန့်လွှတ်ထားတာဟာ သူမရင်ထဲမှာ ခံစားနေရမှာပါ။ သူမကို စာရေးသူသာဆိုရင်တော့ မြေကွက်ပေါင်းများစွာ ပေးလိုတာပါ။ DASSK ဟာ လူအချို့ဝေဖန်တာကြားရင်မြေကွက်ကို လျှောက်ချင်မှသာ လျှောက်မှာပါ။ သတင်းစာရှင်းလင်းပွဲကို သူမမွေးနေ့မှာ ထလုပ်တာကလဲ စဉ်းစားစရာပါ။


နောက်မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာနဲ့ချီအရေးကြီးတဲ့ အစိုးရအရာရှိတွေ ဦးပိုင်မှာဒါရိုက်တာနဲ့ ရှယ်ယာပါတာကို Myanmar Now ကသာမေးပြီး အခြားသတင်းထောက်များက ဒီမြေကွက်ကို အုံနဲ့ကျင်းနဲ့မေးနေတာဟာလဲ သူတို့ဘာကိုဖွချင်နေလဲဆိုတာ ထင်ရှားပါတယ်။


ပြည်သူများ ရန်သူကို မျက်ခြေမပြတ်ပါစေနဲ့။ အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ပါ။ NLD ကိုသာ မဲပေးပါ။ အခြားပြဿနာများကို NLD အစိုးရက ၂၀၂၁ မှာ ဖြေရှင်းမယ်လို့ ယုံကြည်ပါတယ်။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jun 21, 2020

ဦးမြတ် ! အတိတ်ကာလတစ်ခုမှာ

မြန်မာ့အသံ ရေဒီယိုမှ သောတရှင်တို့လိုရာ ကဏ္ဍ ထုတ်လွှင့်ခဲ့ဘူးပါသည်။(ယနေ့မျက်မှောက် Sky Net မှ URMTV ပုံစံမျိုးပါ။)

ခုလည်း ဦးမြတ်အပါအဝင် သောတရှင် (စာရှုသူများ အပါအဝင်)များ အကြိုက်တွေ့စေမည့် သီချင်းတစ်ပုဒ် ရွေးထုတ်

တင်ဆက်ပေးလိုက်ပါသည်။


အပျော့ဆွဲ

လေချိုသွေးကာ ••• အပျော့ဆွဲ •••ဆွဲတတ်တယ်•••အားနာတတ်ရင်•••အား ပါ လိမ့်မယ်••• ကြောင်ကို ဝမ်းနုတ်ဆေး ••••

ကျွေးမိသလို ••• ကျွေးမိသလို ••••

ပျော့ပျော့လေးနဲ့•••နံတတ်တယ်။


ဇာတ်ခုံပေါ်မှာ


ရွှေရောင်ဝင်းပ

မင်းသား ကစဥ်

ကွာကျသွားသော ရွှေရောင်များ။


အပြုံးလက်လက်

ဟန်မပျက်လည်း

ရှက်မိသည်က. နှလုံးသား။


(ဦး)တင်မိုး


အရှက်မဲ့ နှလုံးသားဖြင့်

လောကကို အမြင် တင့် အောင်

အလှမဆင်နိုင်ဟု မြင်နိုင်ကြပါစေ

Like

naynanmyint629395
naynanmyint629395
Jun 20, 2020

အငြိမ်းစားယူသူ ကွယ်လွန်ချိန်

အထိသာနေခွင့်ရှိပီး ကွယ်လွန်ပီး

နောက် မိသားစု က ဆက်ခံခွင့်

မရှိဘူးပြန်အပ်ရမယ်လို့ လဲ

ကြားသိပါတယ်


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page