top of page
Search
  • Writer's pictureMyat Tun Oo

တပ်နှင့်ပြည်သူလက်တွဲတူ တပ္ႏွင့္ျပည္သူလက္တြဲတူ

Updated: Aug 4, 2019


တပ္ႏွင့္ျပည္သူလက္တြဲတူ

မေန႔ကဆူဒန္စစ္တပ္နဲ႔အတိုက္အခံေတြၫြန္႔ေပါင္းအစိုးရဖြဲ႕ဖို႔သေဘာတူလိုက္ၾကပါတယ္။သူတို႔ရဲ႕ကာလံုမွာအရပ္သား၆ေယာက္နဲ႔စစ္ေကာင္စီကဗိုလ္ခ်ဳပ္ႀကီး၅ေယာက္ပါပါမယ္။ေထာက္လွမ္းေရးဟာကာလံုေအာက္ေရာက္သြားခဲ့ပါတယ္။ဒါကိုညွိေပးတာကအာဆီယံလိုအာဖရိကသမဂၢအဖြဲ႕ကပါ။

ဆူဒန္နဲ႔ျမန္မာျပည္ဟာဘာေတြတူေနသလဲ။ ဆူဒန္ဟာ၁၉၅၆မွာအဂၤလိပ္နဲ႔အီဂ်စ္ထံကလြတ္လပ္ေရးရခဲ့ပါတယ္။ဒါေပမယ့္ဖယ္ဒရယ္မေပးလို႔ဆိုၿပီးမေက်နပ္မႈေတြျဖစ္ခဲ့ပါတယ္။ေျမာက္ဆူဒန္ကမူစလင္ကိုးကြယ္ၿပီးအာရပ္ေနာက္လိုက္ပါတယ္။ေတာင္ဆူဒန္ကေတာ့ဘာသာစံုၿပီးခရစ္ယန္မ်ားလဲပါဝင္ခဲ့ပါတယ္။ ၁၉၈၃မွာေတာင္-ေျမာက္စစ္ပြဲျဖစ္လာၿပီးတိုက္လာတာ၂၀၀၅အထိၾကာခဲ့ပါတယ္။၁၉၈၉မွာအိုမာဘာရွားကဗိုလ္မႉးခ်ဳပ္ဘဝနဲ႔ေရြးေကာက္ခံအစိုးရကိုအာဏာသိမ္းၿပီးတက္လာခဲ့ပါတယ္။၂၀၀၅မွာၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ၿပီး၂၀၁၁ဇႏၷဝါရီမွာေတာင္ဆူဒန္လြတ္လပ္ေရးအတြက္လူထုဆႏၵခံယူပြဲလုပ္ခဲ့ၿပီး၂၀၁၁ဇူလိုင္မွာလြတ္လပ္ေရးရခဲ့ပါတယ္။ခြဲထြက္သြားတဲ့ေတာင္ဆူဒန္ဟာသူ႔လူမ်ိဳးခ်င္းျပည္တြင္းစစ္ယခုအခ်ိန္ထိဆက္ျဖစ္ေနတုန္းပါ။

ICC ကအိုမာဘာရွားကို၂၀၀၅မွာလူသားမ်ိဳးႏြယ္တုန္းအမႈနဲ႔စစစ္ခဲ့ၿပီး၂၀၀၉မွာဖမ္းဝရမ္းထုတ္ခဲ့ပါတယ္။သူ႔ဆရာတ႐ုတ္ဟာမကာကြယ္ေပးႏိုင္ခဲ့ပါဘူး။သူဟာဘာသာေရးအစြန္းေရာက္ေတြကိုေျမႇာက္ေပးၿပီးအမ်ိဳး၊ဘာသာ၊သာသနာဆိုၿပီးဗလီဆရာေတြရဲ႕အကာအကြယ္နဲ႔၂၀၁၈ေလာက္အထိေတာ့အဆင္ေျပခဲ့ပါတယ္။ဒါေပမယ့္တိုင္းျပည္ကမြဲလာလို႔သူု႔ျပည္သူေတြက၂၀၁၈ဒီဇင္ဘာကစၿပီးဆႏၵျပလာခဲ့ပါတယ္။တပ္ကလဲခြထိုင္ခဲ့ၿပီးသူ႔ကို၂၀၁၉ဧၿပီလ၁၁ရက္ေန႔မွာျဖဳတ္ခ်ခဲ့ပါတယ္။ဒါေပမယ့္အရပ္သားကိုအာဏာမေပးခဲ့ပါ။

ျပည္သူေတြကဆက္ၿပီးဆႏၵျပေနခဲ့ပါတယ္။ဒါကိုတပ္ကတင္းခံခဲ့ၿပီးဇြန္၃ရက္ေန႔မွာပစ္ခတ္နွိမ္နင္းခဲ့ပါတယ္။လူေတြဒါဇင္နဲ႔ခ်ီေသခဲ့ပါတယ္။ျပည္သူေတြကဆက္ၿပီးဆႏၵျပခဲ့ပါတယ္။ေနာက္ပိုင္းမွာလူလတ္တန္းစားေတြကပါဆက္ဆႏၵျပသလိုအာဖရိကသမဂၢကလဲညွိေပးခဲ့ပါတယ္။ယခုေတာ့အာဏာခြဲေဝေရးကိုသေဘာတူႏိုင္ခဲ့ပါတယ္။ေနာက္သံုးႏွစ္မွာေရြးေကာက္ပြဲလုပ္မယ္လို႔ေၾကညာပါတယ္။

သူကေနသင္ခန္းစာယူရမွာကတပ္နဲ႔ဒီမိုတို႔ဟာအေပးအယူလုပ္ရမွာျဖစ္သလိုျပည္သူကလဲလိုအပ္ရင္လမ္းေပၚထြက္ရမယ္ဆိုတာပါ။အာဏာရွင္ဟာဖိအားမရွိရင္မေၾကာက္တတ္ပါ။ျပည္သူကလမ္းေပၚသာထြက္ၿပီးမေဆြးေႏြးဘဲအျပင္ကေျမႇာက္ေပးတိုင္းခ်ရင္လဲဆီးရီးယားလိုျဖစ္သြားတတ္ပါတယ္။အာဏာရွင္ေတြသတိထားရမွာကICC ကဖမ္းဝရမ္းထုတ္ၿပီးျပည္သူေတြကလမ္းေပၚထြက္ရင္ဗလီဆရာဘုန္းဘုန္းလဲမကယ္ႏိုင္ဘဲမိမိတပ္ကလဲမိမိကိုျပန္ျဖဳတ္တတ္တယ္ဆိုတာပါ။

တပ္ႏွင့္ျပည္သူလက္တြဲတူဆိုရင္ေတာ့အေကာင္းဆံုးပါ။

Unicode version

တပ်နှင့်ပြည်သူလက်တွဲတူ

မနေ့ကဆူဒန်စစ်တပ်နဲ့အတိုက်အခံတွေညွန့်ပေါင်းအစိုးရဖွဲ့ဖို့သဘောတူလိုက်ကြပါတယ်။သူတို့ရဲ့ကာလုံမှာအရပ်သား၆ယောက်နဲ့စစ်ကောင်စီကဗိုလ်ချုပ်ကြီး၅ယောက်ပါပါမယ်။ထောက်လှမ်းရေးဟာကာလုံအောက်ရောက်သွားခဲ့ပါတယ်။ဒါကိုညှိပေးတာကအာဆီယံလိုအာဖရိကသမဂ္ဂအဖွဲ့ကပါ။

ဆူဒန်နဲ့မြန်မာပြည်ဟာဘာတွေတူနေသလဲ။ ဆူဒန်ဟာ၁၉၅၆မှာအင်္ဂလိပ်နဲ့အီဂျစ်ထံကလွတ်လပ်ရေးရခဲ့ပါတယ်။ဒါပေမယ့်ဖယ်ဒရယ်မပေးလို့ဆိုပြီးမကျေနပ်မှုတွေဖြစ်ခဲ့ပါတယ်။မြောက်ဆူဒန်ကမူစလင်ကိုးကွယ်ပြီးအာရပ်နောက်လိုက်ပါတယ်။တောင်ဆူဒန်ကတော့ဘာသာစုံပြီးခရစ်ယန်များလဲပါဝင်ခဲ့ပါတယ်။ ၁၉၈၃မှာတောင်-မြောက်စစ်ပွဲဖြစ်လာပြီးတိုက်လာတာ၂၀၀၅အထိကြာခဲ့ပါတယ်။၁၉၈၉မှာအိုမာဘာရှားကဗိုလ်မှူးချုပ်ဘဝနဲ့ရွေးကောက်ခံအစိုးရကိုအာဏာသိမ်းပြီးတက်လာခဲ့ပါတယ်။၂၀၀၅မှာငြိမ်းချမ်းရေးစာချုပ်ချုပ်ပြီး၂၀၁၁ဇန္နဝါရီမှာတောင်ဆူဒန်လွတ်လပ်ရေးအတွက်လူထုဆန္ဒခံယူပွဲလုပ်ခဲ့ပြီး၂၀၁၁ဇူလိုင်မှာလွတ်လပ်ရေးရခဲ့ပါတယ်။ခွဲထွက်သွားတဲ့တောင်ဆူဒန်ဟာသူ့လူမျိုးချင်းပြည်တွင်းစစ်ယခုအချိန်ထိဆက်ဖြစ်နေတုန်းပါ။

ICC ကအိုမာဘာရှားကို၂၀၀၅မှာလူသားမျိုးနွယ်တုန်းအမှုနဲ့စစစ်ခဲ့ပြီး၂၀၀၉မှာဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။သူ့ဆရာတရုတ်ဟာမကာကွယ်ပေးနိုင်ခဲ့ပါဘူး။သူဟာဘာသာရေးအစွန်းရောက်တွေကိုမြှောက်ပေးပြီးအမျိုး၊ဘာသာ၊သာသနာဆိုပြီးဗလီဆရာတွေရဲ့အကာအကွယ်နဲ့၂၀၁၈လောက်အထိတော့အဆင်ပြေခဲ့ပါတယ်။ဒါပေမယ့်တိုင်းပြည်ကမွဲလာလို့သူု့ပြည်သူတွေက၂၀၁၈ဒီဇင်ဘာကစပြီးဆန္ဒပြလာခဲ့ပါတယ်။တပ်ကလဲခွထိုင်ခဲ့ပြီးသူ့ကို၂၀၁၉ဧပြီလ၁၁ရက်နေ့မှာဖြုတ်ချခဲ့ပါတယ်။ဒါပေမယ့်အရပ်သားကိုအာဏာမပေးခဲ့ပါ။

ပြည်သူတွေကဆက်ပြီးဆန္ဒပြနေခဲ့ပါတယ်။ဒါကိုတပ်ကတင်းခံခဲ့ပြီးဇွန်၃ရက်နေ့မှာပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။လူတွေဒါဇင်နဲ့ချီသေခဲ့ပါတယ်။ပြည်သူတွေကဆက်ပြီးဆန္ဒပြခဲ့ပါတယ်။နောက်ပိုင်းမှာလူလတ်တန်းစားတွေကပါဆက်ဆန္ဒပြသလိုအာဖရိကသမဂ္ဂကလဲညှိပေးခဲ့ပါတယ်။ယခုတော့အာဏာခွဲဝေရေးကိုသဘောတူနိုင်ခဲ့ပါတယ်။နောက်သုံးနှစ်မှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာပါတယ်။

သူကနေသင်ခန်းစာယူရမှာကတပ်နဲ့ဒီမိုတို့ဟာအပေးအယူလုပ်ရမှာဖြစ်သလိုပြည်သူကလဲလိုအပ်ရင်လမ်းပေါ်ထွက်ရမယ်ဆိုတာပါ။အာဏာရှင်ဟာဖိအားမရှိရင်မကြောက်တတ်ပါ။ပြည်သူကလမ်းပေါ်သာထွက်ပြီးမဆွေးနွေးဘဲအပြင်ကမြှောက်ပေးတိုင်းချရင်လဲဆီးရီးယားလိုဖြစ်သွားတတ်ပါတယ်။အာဏာရှင်တွေသတိထားရမှာကICC ကဖမ်းဝရမ်းထုတ်ပြီးပြည်သူတွေကလမ်းပေါ်ထွက်ရင်ဗလီဆရာဘုန်းဘုန်းလဲမကယ်နိုင်ဘဲမိမိတပ်ကလဲမိမိကိုပြန်ဖြုတ်တတ်တယ်ဆိုတာပါ။

တပ်နှင့်ပြည်သူလက်တွဲတူဆိုရင်တော့အကောင်းဆုံးပါ။

390 views0 comments

Comments


bottom of page