top of page
Search

တပ်နှင့်ခရိုနီများအကြား တုန်လှုပ်လာသော ပေါက်ကွဲမှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 23, 2022
  • 1 min read

မြေပြင်မှာဖြစ်နေတာတွေက အလွန်မြန်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က မအလကအစည်းအဝေးမှာ ရန်ကုန်ဟာ ကိုဖြိုးဇေယျာသော်ကို ဖမ်းအပြီးမှာတည်ငြိမ်လာပြီဖြစ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်ပြောသွားခဲ့ပါတယ်။ ဒီကိစ္စလောက်ကို ထည့်ပြောတာကိုက ထူးဆန်းနေပါတယ်။ သူပြောအပြီးမှာ ရန်ကုန်မှာ ပေါက်ကွဲမှုတွေက ခပ်စိတ်စိတ်ပြန်ဖြစ်လာခဲ့ပါတယ်။ ဒါကသူ့ပါးကို PDF က ဖြတ်ရိုက်လိုက်တာပါ။

ဒီထက်စိုးတာက လေတပ်က အရာရှိတွေရဲ့လိပ်စာ ပေါက်ကြားတာပါ။ ဒါဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အရာရှိတွေအတွက် လေတပ်ပြီးရင် ငါတို့တပ်လဲ ပါလာနိုင်တယ်ဆိုတာကို သတိပေးသလိုဖြစ်သွားခဲ့ပါတယ်။ အထဲက ဖရဲသီးကိုရှာဖို့ အမိန့်စာတွေ အဆင့်ဆင့်နေ့ချင်းထွက်လာခဲ့ပါတယ်။ အချို့ကလဲ မိမိပိုင်အိမ်အတွက်စိတ်ပူ၊ ထိုအိမ်မှာနေသူအတွက်စိတ်ပူနဲ့ အလုပ်များသွားခဲ့ပါတယ်။ အချို့ကလဲ ရောင်းဖို့ ပွဲစားထံအပ်ပေါ့။ လေတပ်နဲ့ကြည်းတပ်က ရက်စက်ယုတ်မာစွာ ဗုံးကြဲ၊ ရွာမီးရှို့နေလို့ ပြည်သူ့ဒေါသကလဲ အထွဋ်အထိပ်ရောက်လာနေပါတယ်။ ယခုအချိန် စစ်တပ်ထဲမှာတောင် ကင်းစောင့်နေရလို့ သူတို့အိမ်တွေရဲ့လုံခြုံရေးကို မအလတပ်က စစ်ကိုင်း၊ ကချင်၊ ကရင်၊ မကွေး၊ ရခိုင်၊ ချင်း၊ ကရင်နဲ့ ကယားမှာမပေးနိုင်မှန်း သူတို့သိကြပါတယ်။ ဒါပေမယ့် ရန်ကုန်ကတော့ မြို့ကြီးလဲဖြစ် မအလကလဲလုံခြုံပြီလို့ ရက်ပိုင်းအတွင်းက ကြေငြာထားလို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါ။ လှိူင်မြို့နယ်က ဗိုလ်မှူးဇေယျာမြင့်သိန်းအိမ်လို့ ခေတ်သစ်က တင်ချိန်မှာ ထိုအိမ်ဟုတ်မဟုတ် ဖုန်းတွေဆက်မေးကြပါတယ်။ နောက်ဆုံးသူ့အိမ်အမှန်ဖြစ်နေချိန်မှာ အားလုံးက သွေးပျက်သွားကြပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်ချုပ်တွေအိမ်တွေကရန်ကုန်မှာ အများကြီး မိုလို့ပါ။ ရန်ကုန်တောင် လုံခြုံရေးမပေးနိုင်ရင် အာဏာမသိမ်းနဲ့ ထွက်ဆိုပြီးလဲ စဆဲလာနေပါပြီ။ ဖြစ်မယ်လို့ စာရေးသူတို့ထင်ပေမယ့် ယခုဖြစ်သွားတဲ့နှုန်းကအရမ်းကို မြန်သွားပြီး တပ်ထဲကအရာရှိပိုင်းတွေကို မှင်သက်သွေးပျက်သွားစေတာပါ။

ထို့အတူပါဘဲ ဆီဆိုင်ပိုင်ရှင်တွေ၊ ဘဏ်တွေဟာလဲ မအလနဲ့ ပူးပေါင်းလို့ ပြည်သူက အမြင်မကြည်တာ သူတို့လဲသိပါတယ်။ ဒါ့ကြောင့် ဘဏ်တွေကို လုံခြုံရေး တိုးချထားခဲ့ပါတယ်။ KBZ က Kpay ကြောင့် လူမုန်းများသလို UAB ကလဲ အောင်သောင်းသားပိုင်တာရယ် လက်ရှိကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ရှယ်ယာပါတာရယ်ကြောင့် နာမည်ထွက်လာတာပါ။ UAB က အစောင့်တွေဆို စစ်သားလူထွက်အများစုပါ။ ဒါပေမယ့်အများစုက ထင်ထားခဲ့တာက ဒီကောင်တွေမလုပ်ရဲပါဘူး လေပါလို့သာ ထင်ခဲ့တာပါ။ ဒါပေမယ့် မနေ့ကမီးလောင်သွားအပြီးမှာ KBZ က မအလကို လုံခြုံရေးထပ်တိုးတောင်းထားပါတယ်။ မအလအဖွဲ့ကလဲ Mytel လို လုံခြုံရေးတိုးမြှင့်ဖို့သာ အကြောင်းပြန်ထားပါတယ်။ ရေရှည်မှာ ယခုလိုခြိမ်းခြောက်ခံရပြီး စီးပွါးရေးလုပ်မရဘူးဆိုတာ KBZ ရော၊ UAB ရော သိပါတယ်။

အကျဉ်းချုပ်ရရင် မြေပြင်မှာဖြစ်နေတာတွေက စာရေးသူတို့ လိုက်မမှီလောက်အောင် မြန်နေပါတယ်။ အချို့တွေက မအလအရှက်ကို ကွဲစေပြီး အချို့ကိစ္စတွေက တပ်တွင်းမှာ ဖိအားတွေ ဖြစ်လာစေပါတယ်။ အချို့ကိစ္စတွေကတော့ ခရိုနီတွေကို ယခင်ကလို အဘနဲ့ပေါင်းရုံနဲ့ မရတော့ကြောင်း သတိပေးသလို ဖြစ်စေပါတယ်။ နောက်ဆုံးကတော့ ပြည်သူသာအဓိကပါ။တော်လှန်ရေးကြီးက အသံထက်မြန်နေတာ တွေ့ရပါတယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jan 23, 2022

ဦးမြတ်!!!အမှားပြင်ဆင်ချက်ပါ။

pentration အစား

penetration ဟုလည်းကောင်း။

အသံနှင့် အလင်း သည် လှိုင်း- အမှုန် ( ဒွိသဘာဝ )

ရှိကြောင်း။

ဖြည့်စွက် ဖတ်ရှုပေးပါရန်။


Like

Myint Soe Oo
Myint Soe Oo
Jan 23, 2022

ဦးမြတ်!!!ဆောင်းပါးမှာ အသံထက် မြန်သော တော်လှန်ရေးဟု တွေ့လိုက်ရ၍ အမှုန်သဘာဝဖြင့် ဆက်စပ်တင်ပြအပ်ပါသည်။

စကစအဖွဲ့ သီအိုရီတစ်ခုကို မေ့လျော့သလို လျစ်လျုရှခဲ့ပါသည်။

**အမှုန်တိုင်းတွင် စွမ်းအင်ရှိသည်။**

အမှုန်တွေ ရွေ့လျားတိုင်း ရွေ့လျားတိုင်း

အလျင်ပြောင်း၍ အရှိန် (a )ဖြစ်ပေါ်ကာ

အဟုန် (momentum)ရစေပြီး အရွေ့စွမ်းအင်( Kinetic Energy)ဖြစ်‌ေပါ်ပါသည်။

အသံ (အမှုန်)တွင် ပဲ့တင်သံ(Echo)ဖြစ်ပေါ်စေနိုင်သော စွမ်းရည်ရှိပါသည်။

ကျယ်ကျယ်အော်လျှင်

ပဲ့တင်သံ ပို၍ ဟိန်း ပါသည်။

ယခုတော်လှန်ရေးသည် စွမ်းအင်မြင့်အမှုန်များ(Energetic particles)ဟု တင်စားခေါ်ဆိုလောက်သည့် PDF ( GZ )တို့၏ စွမ်းဆောင်ရည် အရွေ့စွမ်းအင်ကို တွေ့မြင်နိုင်ပါသည်။ အတားအဆီး(barrier)ကို ကျော်ဖြတ်ရာတွင် ထိုးဖေါက်ဝင်ရောက်ခြင်း(pentration)သီအိုရီကို ပီပီပြင်ပြင်အသုံးချသွားကြောင်း မြင်တွေ့ရပါသည်။

အတားအဆီးတစ်ခုကို စွမ်းအင်မြင့်အမှုန်များဖြင့် ထိုးဖေါက်လျှင် အတားအဆီး ပြိုကွဲ၏(ရူပဗေဒ နိယမ)

ထန်တလန် မီးလောင်မှုဖြစ်စဉ်ဆောင်းပါးမှာ တင်ပြခဲ့သလို အပူကူးနည်း သုံး နည်း။ စီး ကူးခြင်း လျောက် ကူးခြင်း ဖြာ ကူးခြင်း ။ တနည်းနည်းဖြင့် ကူးစက်ပါလိမ့်မည်ဖြစ်ကြောင်း။

သံချောင်းတဖက်စကို မီးဖိုထဲချခဲ့က မီးအားပြင်းလျှင် အခြားတဖက်အစမှာ အပူချိန် အမြန်ရပါသည်။ယခုလည်း ‌ေ‌ေလျာက်ကူးခြင်းဖြစ်ပါသည်။

သည်အမှုန်တွေ စုပေါင်းလာလို့ အင်အားတစ်ခုဖြစ်ဖို့ စည်းနှောင်ချုပ်ထိန်းမှုတစ်ရပ် လိုအပ်ပါသည်။ ရကမှာဆို ပျံလွှားအောင် ကဲ့သို့ ၊ ပုလဲမှာ နဂါးအဖွဲ့သို့ ၊ နှလုံးလှလူမိုက်ကြီးများ သကဲ့သို့။

အဖွဲ့တွေ ညီညီညွတ်ညွတ်ဖြစ်နေလေသမျှ စွမ်းအားတွေ မြင့် မြင့် လာပါမည်။

စစ်ကိုင်းမှာ ရဟတ်ယာဉ် သုံးစီး သုံးပြီး

ခင်းတဲ့ဗျုဟာကို အစပိုင်းမှာ ကျဆုံးမှုတစ်ချို့နဲ့ ပေးဆပ်ခဲ့ရပေမယ့်၊ ယခုအခါ

ခွါစစ်နဲ့ သုံးစီးရဲ့ရန်ကို ရှောင်နိုင်ပြီဖြစ်ကြောင်းနှင့် မကြာမီ ခုခံမှုမှတဆင့် ထိုးစစ်ဆင်နိုင်မည် နည်းနာများကို ရရှိထားပြီဖြစ်ကြောင်း မေးမြန်းခန်းတစ်ခုမှာ ပီဒီအက်ဖ် ခေါင်းဆောင်တစ်ဦး၏

အဖြေကို ဖတ်ခဲ့ရပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page