top of page
Search

တပ်နောက်ခံ News Watch သတင်းထောက်ကို ဒဲ့ဖဲ့ခဲ့သော Myanmar Now

Writer: Myat Tun Oo
Myat Tun Oo
Feb 22, 2020
1 min read

မနေ့က သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ News Watch သတင်းဌာနက အထောင်မေးခွန်းတွေမေးပါတယ်။ အကုန်သိနဲ့ တစ်ပူးကလဲ မေးလေ့ရှိပါတယ်။ အဲ့ဒီအထဲက ဒီသတင်းထောက်က News Watch ကလား မြဝတီသတင်းထောက်လား မသဲကွဲခဲ့ပါ။ သူတို့ဟာ တပ်ကိုယ်စား လာမေးနေသလို ထင်ရပါတယ်။ ပြီးတော့ RFA၊ VOA၊ BBC ကမေးရင် ဘင်္ဂါလီအကြောင်း အဓိကမေးပါတယ်။ ပြည်သူကိုကိုယ်စားပြုတဲ့မေးခွန်းကိုမေးတာက Myanmar Now နဲ့ တခါတလေ 7 Day ဘဲ ရှိပါတယ်။ ဧရာဝတီနဲ့ခေတ်သစ်က အစိုးရရော တပ်ကိုရောဖောင်းထုပြီး ဓာတ်ခဲ အာဘော်လားတောင် မသဲကွဲပါ။ ခေတ်သစ်ဆို ဓာတ်ခဲရဲ့ ဆိုက်ဝါးက လူမျိုးရေးဗီဒီယိုတောင် စစ်ဆေးမှုမရှိဘဲ ထတင်ပါတယ်။

မနေ့ကလဲ ရန်ကုန်တိုင်းက သတင်းစာရှင်းလင်းပွဲကို အစိုးရကို ပုံမှန်ဆဲနေတဲ့ နန်းမြိုင် ဌေးအောင်ကသတင်းသမားအနေနဲ့ လာတက်တာက သတင်းလောကအတွက်ရင်လေးစရာပါ။

ဒီနေ့တော့ မနေ့ကသမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ တပ်ဘက်ကမေးခွန်းကိုမေးတဲ့ News Watch သတင်းထောက် ထွန်းဦးက သူဟာတပ်အငြိမ်းစား ရခိုင်လူမျိုး အစိုးရလုပ်တာကို အားမရဘူးဆိုပြီးကျင့်ဝတ်နဲ့မညီ ထပြောချိန်မှာ အခြားသတင်းထောက်များက ဘာမှမပြောရဲဘဲ Myanmar Now သတင်းထောက်ကသာ ဒီလူရဲ့ပြောဆိုချက်များဟာ သတင်းသမားတွေကို ကိုယ်စားမပြုပါလို့ ထပြောလိုက်မှ ငြိမ်သွားခဲ့ပါတယ်။ မြန်မာပြည်ရဲ့သတင်းလောကက အဘတရယ် အနောက်က ပြည်ပအားကိုးရယ်က ငွေကြေးအသာနဲ့ လွှမ်းမိုးနေတာ တွေ့ရပါတယ်။ မြန်မာလူထုအတွက် အလယ်ကရပ်တည်ပေးနေလို့ ကျေးဇူးပါ Myanmar Now။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page