top of page
Search

တပ်ထဲမှာ အဘအချို့ ငွေမဲကိုငွေဖြူဘယ်လိုလုပ်သလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 7, 2020
  • 1 min read

တပ်မတော်မှာ ရိုးသားသူရှိလားဆိုတော့ ရှိပါတယ်။ ပထမက ဗိုလ်ချုပ်အောင်ဆန်းပါ။ ဒီဘက်ခေတ်မှာတော့ လက်ရှိကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းတို့လိုလူတွေ လက်ရှိ စစ်ဦးစီးအရာရှိချုပ်(လေ) လို လူတွေရှိပါသေးတယ်။ ဒါကတော့ လူနည်းစုပါ။

အများစုက ဘယ်လိုလဲ။

ယခင်နေဝင်းဟာ အာဏာသိမ်းပြီး တိုင်းပြည်ဘဏ္ဏာကိုအသေခိုးခဲ့တာ လူတိုင်းသိမှာပါ။ ဒါပေမယ့် နေဝင်းဟာ သူသာခိုးပြီး ကျန်သူတွေကို ခိုးမှန်းသိတာနဲ့ ဖမ်းပါတယ်။ ဒါကြောင့် မဆလခေတ်မှာ အဓိကသူခိုးက တစ်ယောက်လောက်ပေါ့။ နောက်ပိုင်းဘရွှေလက်ထက်မှာ စခိုးကြတော့ တိုင်းမှူးတွေဟာ ဘာမှမပြနိုင်ဘဲ ချမ်းသာလာကြတာတွေ့ရမှာပါ။ ခင်ညွန့်ကိုဖမ်းအပြီး သူ့သားပစ္စည်းသိမ်းအပြီးမှာနောက်ပိုင်းအဘကြီးတွေဟာ သူတို့ဘယ်လိုချမ်းသာလာတယ်ဆိုတာ အကြောင်းပြဖို့ နည်းလမ်းပေါင်းစုံ သုံးလာကြပါတယ်။ အောက်မှာ အဆိုပါနည်းများကို ရေးပြထားပါတယ်။

ပထမနည်းကတော့ မိန်းမယူ ပြီးရင် သူဌေးကိုယူတယ်ဆိုပြီး အသံလွှင့်တာပါ။ မြန်မာပြည်မှာက အမွေကို ချက်ခြင်းပေးလိုက်တာမဟုတ်ပါ။ ဒါပေမယ့် အဲ့ဒီမိန်းမယူအပြီးမှာ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးဟာ ချက်ခြင်း ကားတွေပြောင်းစီး၊ တစ်နှစ်အတွင်းအိမ်ဝယ် စလုပ်ကြပါတယ်။ နိုင်ငံခြားမှာ စီးပွါးရှာသူတွေတောင် အဲ့ဒီလို ဝယ်နိုင်ဖို့မလွယ်ပါ။

ဒုတိယနည်းကတော့ မိန်းမဆရာဝန်မကိုယူ ပြီးတော့ ဆရာဝန်မက စီးပွါးရှာလို့ သူကချမ်းသာလိုသလိုတပ်ထဲမှာသတင်းလွှင့် ဒါပေမယ့် မိန်းမကို စိန်နားကပ်တွေ ဆွဲကြိုးတွေ ပြန်ဝယ်ပေး မိန်းမက သူ့ယောင်္ကျားဝယ်ပေးတာလို့ အချင်းချင်းကိုပြော Facebook တင်။ သူ့သူငယ်ချင်းတွေက အော်သူ့ယောင်္ကျားက ဘယ်ကပိုက်ဆံနဲ့ဝယ်လဲ မေးခွန်းထုတ်။

တတိယနည်းကတော့ သားသမီးကို ဂျပန်၊ ဩဇီ၊ အင်္ဂလန်၊ စင်ကာပူတွေပို့ပြီး သားလေးက သမီးလေးက ပိုက်ဆံသွားရှာပြီးချမ်းသာလာ ပြီးရင်ကုမ္ပဏီထောင်တယ်ဆိုတဲ့ ဇတ်လမ်းပါ။ သူတို့က သူတို့သားသမီးကို နိုင်ငံခြားပို့လိုက်ပါတယ်။ သူတို့က အပျော်ဟန်ပြသွားတာပါ။ နှစ်အနည်းငယ်နေပြီးပြန်လာချိန်မှာ သူ့အဖေရော သူတို့ပါ ဖြုန်းစားကြီး ချမ်းသာသွားပါတယ်။ တပ်ထဲမှာတော့ သားလေးသမီးလေးက နိုင်ငံခြားကအပြန် ချမ်းသာလာတယ်ပေါ့။ တပ်ထဲမှာကလဲ နဂိုကမှ အချင်းချင်းခွင့်လွှတ်ချင်တာဆိုတော့ ဘာပြောပြော ခွင့်လွှတ်လိုက်ကြပါတယ်။

ဒီမှာ အဘကြီးကြီးသားတွေက ထိုငွေများနဲ့ ကုမ္ပဏီထောင်ပါတယ်။ ယခင်ကတော့ အစိုးရဂွင်ကိုပါကန်ထရိုက်ယူ ဝင်လုပ်ကြတာပေါ့။ ယခုဒီအစိုးရလက်ထက်မှာတော့ တပ်ကန်ထရိုက်တွေကို အဓိကဝင်ယူပါတယ်။ ဒါတွေဟာ အားလုံးသိတဲ့အတိုင်း စာရင်းစစ်လို့မရပါ။ နောက် တင်ဒါစည်းကမ်းကလဲအစိုးရလို လိုက်နာစရာမလိုပါ။ ဘယ်သူမှစာရင်းဝင်စစ်လို့မရတော့ ဆွမ်းကြီးလောင်းနေသလိုပါဘဲ။

အချို့ဝန်ကြီးနေရာတွေဟာ ကိုယ်ကျင့်တရားက အရေးကြီးပါတယ်။ သူခိုးကို ဘဏ်စောင့်ခန့်မိရင်တော့.........

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page