top of page
Search

တပ်ထဲမှာ ဘယ်လို ခိုးသလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 28, 2023
  • 1 min read

မအလ လက်ထက်မှာ စစ်အသုံးစားရိတ်က ၂၀၂၁ နောက်ပိုင်း အာကာသကို ထိုးတက်လာတာ အားလုံးသိမှာပါ။ ဒါပေမယ့် သာမန်စစ်သားတွေက တောက်ပလာတာ မရှိခဲ့ပါ။ ဘာကြောင့်လဲ။

ပထမဆုံးက တပ်ရင်းတပ်ဖွဲ့အင်အားကို နှစ်ဆတိုးတောင်းတာကနေ လိမ်တာကစပါတယ်။ ဥပမာစစ်သည်ရိက္ခာတစ်လ တစ်သောင်းဆို သူက နှစ်ယောက် နှစ်သောင်း‌တောင်းတာပေါ့။ စစ်သည် တစ်သိန်းခွဲကို သုံးသိန်းပြတော့အားလုံးတောတာပေါ့။ ဒါကရိက္ခာကိစ္စတင်ပါ။

ဒါပြီးရင် လက်နက်ကိစ္စပါ။ လေယာဉ်ပျံလို သင်္ဘောလို လက်နက်ကြီးတွေက အဘကိုယ်တိုင် ကိုင်ထားလို့ ကြားကစားလို့မရပါ။ အဘကသာ တိုက်ရိုက်စားပါတယ်။ ပါကစ္စတန်နဲ့ လေယာဉ်ကိစ္စဆိုရင် ထင်သလောက် အဆင်မပြေပါ။ မအလက ကြားထဲကနေ ဒေါ်လာသန်း၂၀ကျော် ရိုက်စားလုပ်သွားတာပါ။ မောင်းမရလဲ ဘယ်သူမှ မပြောရဲပါ။

ဒါကြောင့်မိုလို့ မအလက သူ့လက်ထက်မှာ GDP တိုးတက်လာတယ်ဆိုပြီး ရူးကြောင်ကြောင်နဲ့  ထအော်တာပါ။ သူကတော့ တိုးတက်စီးပွားဖြစ်နေတာ ငြင်းမရပါ။

ဒါကြောင့် မအလ တပ်မှာ ဘတ်ဂျက်က သန်း ၁၀၀ ချရင် အောက်ခြေတပ်ကိုရောက်တာက တစ်သန်းသာပါ။ ထိုရောက်တဲ့ လက်နက်ထဲကမှ အချို့ကလဲ PDF ထံပါသွားခဲ့ပါသေးတယ်။ ယခု ကရင်နီမှာ ပါသွားတဲ့ ၁၂၀ မမတွေက တန်ဖိုးကြီးပါတယ်။ ထို့အတူ ကရင်၊ ကချင်နဲ့ စစ်ကိုင်းမြောက်မှာလဲ ပါသွားတဲ့ လက်နက်တွေက ဒေါ်သန်းဖိုးကပ်လာနေပါပြီ။ ဥပမာ ချင်းက ၀.၅ ဆိုရင် ပိုက်ဆံရှိရင်တောင် ဝယ်ဖို့ခက်ပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ကြောက်ပြီး လက်နက်ကြီးနဲ့ ရမ်းထု လေယာဉ်ပျံနဲ့ ရမ်းဗုံးကြဲရင်လဲ ပိုက်ဆံကသောက်သောက်လယ် ကုန်ပါတယ်။ ဒါက အောက်ခြေက ဆီဖိုး အပိုတင်ပြခိုးတာ မပါသေးပါ။

ယခင်ဘရွှေလက်ထက်ကဆိုရင် ကျည်ဘယ်လောက်မှာ ရန်သူဘယ်လောက်သေတယ်ဆိုပြီး လေးလပတ်မှာတင်ပြပေမယ့် ယခုကတော့ မအလဟာ လေးလပတ်မှာ မိမိသာကောင်းပြီး အခြားသူများမတော်ကြောင်း ဒါကြောင့်တပ်တွင်းစီမံခန့်ခွဲတာကို ဘာလုပ်ရမယ် ညာလုပ်ရမယ်ဆိုပြီး ဟောက်စားလုပ်နေတာ ယခင် NLD အစိုးရကိုအပြစ်တင်တာ၊ ပြည်သူတွေ ပုန်ကန်တာဟာ NUG/PDF ကြောင့်ဆိုပြီး ဗိုလ်နဂါး live လွှင့်သလို အရှည်ကြီးပြောပြီးသာ အချိန်ကုန်နေပါတယ်။

အကျဉ်းချုပ်ရရင် တပ်သုံးငွေက သန်း ၁၀၀ မှာ တစ်သန်းသာအောက်ရောက်ပြီး ထိုတစ်သန်းကလဲ စိတ်မခိုင်လို့စခန်းစွန့်ပြေး၊ လက်နက်ပါတာတွေနဲ့ အဆုံးအရှုံးက များနေပါတယ်။ ပြည်သူ့ငွေ ၁၀ သန်းကိုယှဉ်နိုင်ဖို့ သူက သန်းတစ်ထောင်လောက်သုံးနေရပါတယ်။ ဒါက ရေရှည်မှာ မလွယ်ပါ။ တော်လှန်ရေးဟာ လမ်းမှန်ပေါ်မှာရောက်နေပြီးဤခရီးက နီးသထက်နီးလာပါပြီ။ အားလုံး NUG အောက်က ညီညွတ်စွာအလုပ်လုပ်ရင် ခရီးကမြန်မှာပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


Scarlet Scarlet
Scarlet Scarlet
Aug 28, 2023

တင်ထားတဲ့ပုံက..

ကျက်သ​ရေ မရှိတာ​တော့...

အမှန်ပါ ဆရာမြတ်​ရေ...

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page