top of page
Search

တပ်ထဲမှာ ပုန်ကန်မှုတွေ များလာမလား?

Writer's picture: Myat Tun OoMyat Tun Oo

မအလအာဏာသိမ်းတာကို တပ်ထဲမှာ ထောက်ခံသူတွေရှိလားဆိုတော့ ရှိခဲ့တာ အမှန်ပါ။ ဒီနေရာမှာအထက်ပိုင်းအဆင့် ဗိုလ်မှူးကြီးအထက်မှာ ထောက်ခံမှု မြင့်မားခဲ့သလို အောက်ခြေအဆင့်မှာလဲစစ်တိုက်ရသူ မတိုက်ရသူအပေါ်မူတည်ပြီး ထောက်ခံမှုက ရှိခဲ့ပါတယ်။

ဒီနေရာမှာ တပ်အတွင်းတွေးခေါ်ပုံက ထောက်ခံသူတွေထဲမှာ သူတို့အနေနဲ့ အာဏာသိမ်းအပြီးမှာယခင်လို ပြန်ခိုးရမယ်ဆိုတဲ့ မျှော်လင့်ချက်အပေါ်ကို အခြေခံထားပါတယ်။ အားလုံးရဲ့ဆုံမှတ်ကအာဏာသိမ်းအပြီးခိုးမယ်ဆိုတာပါ။ အထက်အဆင့်မှာက မသေဘဲ ပိုခိုးရနိုင်လို့ ထောက်ခံမှုက ပိုမြင့်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းအပြီး ၂ နှစ်အကြာမှာ တပ်အတွင်း အက်ကြောင်းလေးတွေကဗိုလ်မှူးကြီးအဆင့်အထက်နဲ့ သူ့အောက်မှာ ကွာဟလာပါတယ်။ ဒါကဘာကြောင့်လဲ?

အားလုံးသိပြီးဖြစ်တဲ့အတိုင်း အာဏာသိမ်းအပြီးမှာ မအလက တိုင်းပြည်ကို မထိန်းနိုင်ခဲ့တာ အားလုံးသိမှာပါ။ ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာအကပ်ကောင်းပြီး တာဝန်ကျတဲ့တပ်တွေအထိုင်တပ်တွေက အာဏာသိမ်းတာကို ထောက်ခံနေဆဲပါ။ သူတို့က ခိုးလို့အဆင်ပြေနေပါတယ်။အဆိုပါဒေသတွေမှာ ဗျူဟာမှူးတွေက ကလပ်ကအစ ထီ၊ ဘိန်း အကုန်လုံးကို စရဖနဲ့ပေါင်းဆက်ကြေးကောက်ပြီး အဆင်ပြေနေပါတယ်။ အုပ်ချုပ်ရေးကိစ္စတွေမှာလဲ ဝင်စွက်၊ တရားရေးကိစ္စလဲစာရေးလိုက် ဖုန်းဆက်လိုက်ရင် သူတို့ဖြစ်စေချင်တာ ဖြစ်နေလို့ သူတို့မှာ ပိုက်ဆံက ဝင်လာမစဲ တသဲသဲပါ။ ဒီအချိန်မှာ အဘသာ အမိ အဘသာ အဖဖြစ်ခဲ့ကြပါတယ်။

ဒါတွေက ရှေ့တန်းထွက်ရချိန်မှာ ပြောင်းလဲဖို့ ဖြစ်လာတတ်ပါတယ်။ အချို့စရဖမှာ လုပ်ခဲ့သူများကိုယ်တိုင် နယ်စပ်ကိုတိုက်ဖို့ အပို့ခံရချိန်မှာ အဘသာအမိ အဘသာအဖ မဟုတ်တော့ပါ။ သူတို့ကိုတပ်ရင်းမှူးနေရာကို စစ်မတိုက်လိုတဲ့ တပ်ရင်းမှူးက လာဘ်ထိုးပြီး သင်တန်းတက်ချိန်မှာ အဆိုပါနေရာတွေကို ဗိုလ်မှူးအဆင့်နဲ့ ယာယီတပ်ရင်းမှူးဆိုပြီး ရာထူးတိုးပေးပြီး ရှေ့တန်းပို့တာပါ။ သူတို့ကို ဂျင်းထည့်တာပေါ့။ သူတို့က ရခိုင်၊ ကရင်ကို သွားရမယ်ဆိုရင်တော့ အနုနည်းနဲ့လိုက်ပြီး လိုက်မရရင်တော့အာဏာဖီဆန်တာပါ။ ထောင်ထဲမှာ အဆိုပါအမှုနဲ့ ထောင်ကျနေသူ အရာရှိအဆင့် ရာကျော်ရှိပါတယ်။ဒါပေမယ့် ယခင်က သူတို့ဟာ ကချင်၊ ရခိုင်နဲ့ ကရင်နယ်ကလွဲရင် ကျန်တဲ့နေရာတွေကိုတော့ သွားပါသေးတယ်။ ဥပမာ ချင်း၊ စစ်ကိုင်း၊ မကွေးမြောက်မှာ မအလတပ်အနေနဲ့ လက်နက်အင်အား သာနေသေးလို့ သူတို့အနေနဲ့ မကြောက်ခဲ့ပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ လပိုင်းက တိုက်ပွဲတွေမှာ PDF တွေကညသူတို့တပ်စခန်းတွေကို အတိုက်များလာပြီး အသေများလာချိန်မှာ သူတို့ရဲ့ စဉ်းစားပုံဟာလဲ ပြောင်းလာနေပါပြီ။ မအလတပ်ဟာ တိုက်တိုင်းရှုံးနေတာကို သူတို့ထွက်တိုက်ရဖို့ တပ်ပြောင်းတာနဲ့ သိလာပြီးလေသံကလဲ ပြောင်းသွားကြပါတယ်။

ဒါဆိုရင် သူတို့အာဏာဖီဆန်လာအောင် ဘယ်လိုလုပ်ရမလဲ? လူဆိုတာ ကြောက်တတ်ပေမယ့် သေမှာလဲ ကြောက်တတ်ပါတယ်။ မအလတပ်ထဲမှာက ခိုးဖို့ဝင်လာသူက ၈၀% နီးပါးရှိလို့ ခိုးမရတော့ဘဲအသတ်ခံရမယ်ဆိုရင် သူတို့က ထိပ်ဆုံးက ထွက်ပြေးမှာပါ။ ဒါဟာ အကြောက်တရားပေါ်အခြေခံထားလို့ပါ။ သူတို့မှာ တိုင်းပြည်အတွက်အသက်ပေူနေတာမဟုတ်ဘဲ မအလအတွက် တိုက်ပေးနေရတယ်ဆိုတာ သူတို့သေခါနီးရင် သိပါတယ်။ လောလောဆယ်အထိတော့ တပ်ရင်းတစ်ခုလုံး ဘက်ပြောင်းတာမရှိသေးဘဲ အာဏာဖီဆန်တာကတော့ နေရာအနှံ့ ဖြစ်လာနေပါပြီ။ ဒီတော်လှန်ရေး မြန်မှာလားဆိုရင်စာရေးသူတို့ သူတို့ကို ဘယ်လောက်ကြောက်အောင်တိုက်နိုင်မလဲ ဖိအားပေးနိုင်မလဲဆိုတဲ့အပေါ်မူတည်ပြီး အဆုံးအဖြတ်ပေးသွားမှာပါ။ အကျဉ်းချုပ်ရရင် တပ်ထဲမှာ ပုန်ကန်မှုတွေကို ၂၀၂၃ မှာ ပိုမြင်ရလာမယ်လို့ ကြိုတင်ဟောကိန်းထုတ်ပါရစေ။ တပ်ရင်းလိုက် ဘက်ပြောင်းလာရင်တော့ ၂၀၂၃ဟာ နေပြည်တော်ကို ချီတက်သိမ်းပိုက်နိုင်တဲ့နှစ် ဖြစ်သွားမှာပါ။

4,275 views1 comment

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

1 Comment


kot6473
kot6473
Feb 16, 2023

တပ်ထဲမှာမပြောနဲ့ သူတို့ပူဇော်ပသနေတဲ့ နတ်တွေတောင် သူတို့ကို အာဏာဖီဆန်စ ပြုလာဘီ 😀 နေပူတော်မှာတောင် ငလျင်လှုပ်တာနဲ့ သူတို့တည်တဲ့ဘုရား မျက်နှာမဲသွားတာနဲ့ မျိုးစုံပညာတွေပြနေဘီ 😂

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page