top of page
Search

တပ်ထဲတွင် ဒေါ်လာစုခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 18, 2022
  • 1 min read



ဒါကိုရေးသင့် မသင့် စဉ်းစားနေတာကြာပါပြီ။ စုသူက တစ်ယောက်ထဲဆို စာရေးသူတင်ရင် ရိပ်မိမှာစိုးလို့ပါ။ ယခုတော့ စုသူက အများကြီးမှန်းသိလို့ တင်လိုက်တာပါ။

အခြေအနေက အားလုံးသိတဲ့အတိုင်း မကောင်းတော့တာ သိမှာပါ။ NUG အောက်ကရွာကို မီးရှို့နိုင်တာသာ မအလအနေနဲ့ လုပ်နိုင်တာရှိပါတယ်။ ကျန်တာက ဘာမှမထူးပါ။ တပ်ထဲမှာလဲ စစ်သားတွေအပြင်ထွက်တိုင်း အသတ်ခံရလို့  ဇော်မဲလုံးနဲ့ ဘောမများပြောတဲ့ ငါတို့နိုင်နေတယ်ဆိုတာကို သံသယဖြစ်လာကြပါပြီ။ မြေပြင်ကတပ်တွေကတော့ သူတို့မနိုင်ဘူးဆိုတာ သိပါတယ်။ စစ်ကိုင်းမှာ ကားမောင်းရတာ အာဖဂန်ရောက်နေသလို ခံစားရတယ်ဆိုတဲ့ အဆင့်အထိဖြစ်လာနေပါပြီ။ ဒါဆိုဘာလို့ စစ်သားတွေအများကြီး ထွက်မပြေးသေးတာလဲဆိုတဲ့ မေးခွန်းကရှိပါတယ်။ အဖြေကအများကြီး အရပ်ဝတ်နဲ့ မသေသေးလို့ပါ။ ဒီနေ့ဗိုလ်ကြီးကိစ္စလို ခပ်စိတ်စိတ်ဖြစ်လာရင် သူတို့က ထွက်ပြေးမှာပါ။ နောက် KFU က ဆရာ/ဆရာမတွေဖမ်းလို့ မအလပညာရေးမှာလုပ်နေတဲ့ စစ်သားမိန်းမတွေလဲအသတ်ခံရနိုင်တယ်လို့ ကောလဟာလတွေကြားနေလို့ တကယ်သေလာခဲ့ရင် တပ်အပေါ်ဖိအားက တိုးလာမှာဖြစ်ပြီး မအလထိန်းနိုင်လားဆိုတာ မေးခွန်းထုတ်လာမှာပါ။ ယခုက အတိုက်အခံက အမေရိကန်စစ်တပ်လိုကျင့်နေလို့မအလတပ်က ရယ်နေပြီး သူကသူ့နေရာလေးသာကင်းစောင့်ပြီး ပြုံးနေနိုင်တာပါ။

ဒါဆို ဒေါ်လာကိစ္စကဘာလဲလို့ မေးစရာရှိပါတယ်။ အာဏာသိမ်းပြီး ထောလာတာက GE နဲ့ မိုးမြင့်ထွန်းတပ်ပါ။ သူတို့တွေက နေပြည်တော်မှာ ဘုရားရုပ်တုတည်တာနဲ့ MIC ကနေ ဂွင်တွေရနေပါတယ်။ ဒီငွေတွေက ငွေတန်ဖိုးကျသွားမှာစိုးလို့ ဒေါ်လာဝယ်တာပါ။ နောက် သူငယ်ချင်းပြောတာက ထွက်ပြေးရင် ဒေါ်လာလေးနဲ့ ပြေးရလွယ်လို့ဒေါ်လာဝယ်ထားတာလို့ ပြောပါတယ်။ သူက တပ်ရင်းမှူးပါ။ ဖြစ်နေတာက မအလရဲ့ စီးပွါးရေးကို သူ့ထံက ခိုးလို့ရလို့ အဆင်ပြေနေသူတောင် မယုံတော့တာပါ။ ဒါက ဗိုလ်မှူးချုပ်အဆင့်ကနေ အောက်ခြေဗိုလ်အထိပါ။ သူတို့ဒေါ်လာစုတာက ပြေးရင် ဩဇီရောက်ရင် ထိုင်းရောက်ရင် သုံးလို့ရအောင်လို့ ဆိုပါတယ်။ အချို့က သားသမီးတွေကို နိုင်ငံခြားပို့ဖို့ပါ။ မိုးမြင့်ထွန်း၊ မိုးအောင်၊ သက်ပုံ၊ ရာပြည့်တို့က စင်ကာပူနဲ့ ဟောင်ကောင်မှာ အကောင့်ဖွင့်ထားပါတယ်။ မအလက ဟောင်ကောင်မှာပါ။

အရေးကြီးတာက တိုင်းပြည်မှာ ဒေါ်လာစျေးကတက်နေပြီး ဆန်ကလဲနောက်ရှားလာမှာပါ။ အားလုံးပြန်တူ ဆန္ဒအကြီးကြီးပြနိုင်ရင် ဒီအေခါက်မှာက PDF နဲ့ဆိုတော့ အကျိုးများမှာပါ။ ဘာမှမလုပ်ရင်လဲ တိုင်းပြည်က အဝီစိကိုသွားမှာဖြစ်ပြီး သည်းခံနိုင်သူများ ဆက်သည်းခံနိုင်ပါတယ်။ ဒေါ်လာကတက်နေပြီး တိုင်းပြည်ကညအဝီစိပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page