တပ္ေထာက္ခံပြဲမွဘူးလက္ကိုအေရးယူသင့္လား
တိုင္းျပည္ထဲမွာတပ္ကိုျပည္သူေတြကေထာက္ခံတာေကာင္းပါတယ္။ဒါေပမယ့္ဘယ္ၿမိဳ႕မွာတပ္ေထာက္ခံပြဲလုပ္လုပ္ဒီလူေတြဘဲျဖစ္ေနတာကအနည္းငယ္ထူးဆန္းေနသလိုဒီလူအုပ္ကတပ္ေထာက္ခံတာအကုန္လားလို႔ေမးစရာရွိလာပါတယ္။ဘာလို႔ေျခဥျပင္ဆင္ပြဲေထာက္ခံသလိုၿမိဳ႕ေပါင္း၃၀-၄၀မွာတစ္ရက္ထဲမလုပ္ႏိုင္တာလဲစဥ္းစားစရာပါ။တပ္ေထာက္ခံသူအဲ့ဒီေလာက္မရွိလို႔လားေပါ့။
ဒီေနရာမွာဘူးလက္အေနနဲ႔တပ္ကိုေထာက္ခံတာအေမရိကန္ကို႐ႈတ္ခ်တာႀကိဳက္သလိုေျပာလို႔ရပါတယ္။ဒါေပမယ့္လက္ရွိအစိုးရကိုဗံုးႀကဲပါဘာညာေျပာလာတာဟာဥပေဒနဲ႔ၿငိစြန္းေနပါတယ္။ဒါဟာ၅၀၅(ခ) တင္မဟုတ္ဘဲႏိုင္ငံေတာ္ပုန္ကန္မႈပါျဖစ္ေနလို႔ပါ။သူေျပာေနတာကအာဏာသိမ္းအစိုးရမဟုတ္ဘဲေရြးေကာက္ပြဲနဲ႔တက္လာတဲ့ဒီမိုအစိုးရကိုလာဗံုးႀကဲပါလို႔ေျပာေနလို႔ပါ။ဒီေနရာမွာတပ္ခ်ဳပ္ကိုလာဖမ္းပါလို႔သြားေျပာရင္ရဲကၾကည့္ေနမလား? ဟိုICC ကိုေထာက္ခံသူကိုေတာင္မနစ္ပိုင္းအတြင္းဘရဲကလာဖမ္းတာပါ။
ဒါဆိုသူ႔ကိုအေရးယူသင့္လား? သူ႔ကိုအေရးယူျပလိုက္ရင္အစိုးရအေနနဲ႔သခင္အားရကၽြန္ပါးဝသူေတြကိုငါတို႔ကိုလာလုပ္ရင္အေရးယူမယ္လို႔သတင္းစကားပါးၿပီးသားျဖစ္သြားပါမယ္။ဆိုးက်ိဳးကေတာ့သူ႔ကိုေထာက္ခံသူေတြကဆႏၵျပမွာစိုးရိမ္ရလို႔မဟုတ္ဘဲသူကNLD ကိုမဲဆြယ္ေပးေနလို႔မဲဆြယ္ေပးသူတစ္ဦးဆံုး႐ႈံးသြားႏိုင္ပါတယ္။စာေရးသူတို႔ဘယ္လိုမဲဆြယ္ေပမယ့္ဘူးလက္ဆြယ္ေပးတာကပိုထိေရာက္ပါတယ္။သူကစင္ေပၚတက္ေျပာေပမယ့္သူ႔ေနာက္ကလိုက္သူက၅၀၀၀စားမ်ားသာပါ။သူကအစိုးရကိုပုပ္ခတ္ေလျပည္သူကပိုႀကိဳက္ေလပါ။
ဒါေၾကာင့္ဘူးလက္ကိုအေရးယူဖို႔စဥ္းစားရာမွာဘယ္အခ်က္ကလက္ရွိအစိုးရကိုပိုအက်ိဳးျဖစ္မလဲစဥ္းစားရပါမယ္။ဥပမာေခြး႐ူးဆိုရင္ေတာ့အႏၲရာယ္ရွိလို႔ခ်က္ျခင္းဖမ္းသင့္ေပမယ့္ေဟာင္႐ံုသာေဟာင္တတ္တဲ့ေခြးကိုေတာ့ေဟာင္တာကိုနားၿငီးလို႔ဖမ္းမလားဒါမွမဟုတ္ေခြးေဟာင္တာကိုအခြင့္ေကာင္းယူၿပီးအဲ့ဒီေခြးကိုသူခိုးမလာေအာင္ေဟာင္ခိုင္းမလားစဥ္းစားရမွာပါ။
Unicode version
တပ်ထောက်ခံပွဲမှဘူးလက်ကိုအရေးယူသင့်လား
တိုင်းပြည်ထဲမှာတပ်ကိုပြည်သူတွေကထောက်ခံတာကောင်းပါတယ်။ဒါပေမယ့်ဘယ်မြို့မှာတပ်ထောက်ခံပွဲလုပ်လုပ်ဒီလူတွေဘဲဖြစ်နေတာကအနည်းငယ်ထူးဆန်းနေသလိုဒီလူအုပ်ကတပ်ထောက်ခံတာအကုန်လားလို့မေးစရာရှိလာပါတယ်။ဘာလို့ခြေဥပြင်ဆင်ပွဲထောက်ခံသလိုမြို့ပေါင်း၃၀-၄၀မှာတစ်ရက်ထဲမလုပ်နိုင်တာလဲစဉ်းစားစရာပါ။တပ်ထောက်ခံသူအဲ့ဒီလောက်မရှိလို့လားပေါ့။
ဒီနေရာမှာဘူးလက်အနေနဲ့တပ်ကိုထောက်ခံတာအမေရိကန်ကိုရှုတ်ချတာကြိုက်သလိုပြောလို့ရပါတယ်။ဒါပေမယ့်လက်ရှိအစိုးရကိုဗုံးကြဲပါဘာညာပြောလာတာဟာဥပဒေနဲ့ငြိစွန်းနေပါတယ်။ဒါဟာ၅၀၅(ခ) တင်မဟုတ်ဘဲနိုင်ငံတော်ပုန်ကန်မှုပါဖြစ်နေလို့ပါ။သူပြောနေတာကအာဏာသိမ်းအစိုးရမဟုတ်ဘဲရွေးကောက်ပွဲနဲ့တက်လာတဲ့ဒီမိုအစိုးရကိုလာဗုံးကြဲပါလို့ပြောနေလို့ပါ။ဒီနေရာမှာတပ်ချုပ်ကိုလာဖမ်းပါလို့သွားပြောရင်ရဲကကြည့်နေမလား? ဟိုICC ကိုထောက်ခံသူကိုတောင်မနစ်ပိုင်းအတွင်းဘရဲကလာဖမ်းတာပါ။
ဒါဆိုသူ့ကိုအရေးယူသင့်လား? သူ့ကိုအရေးယူပြလိုက်ရင်အစိုးရအနေနဲ့သခင်အားရကျွန်ပါးဝသူတွေကိုငါတို့ကိုလာလုပ်ရင်အရေးယူမယ်လို့သတင်းစကားပါးပြီးသားဖြစ်သွားပါမယ်။ဆိုးကျိုးကတော့သူ့ကိုထောက်ခံသူတွေကဆန္ဒပြမှာစိုးရိမ်ရလို့မဟုတ်ဘဲသူကNLD ကိုမဲဆွယ်ပေးနေလို့မဲဆွယ်ပေးသူတစ်ဦးဆုံးရှုံးသွားနိုင်ပါတယ်။စာရေးသူတို့ဘယ်လိုမဲဆွယ်ပေမယ့်ဘူးလက်ဆွယ်ပေးတာကပိုထိရောက်ပါတယ်။သူကစင်ပေါ်တက်ပြောပေမယ့်သူ့နောက်ကလိုက်သူက၅၀၀၀စားများသာပါ။သူကအစိုးရကိုပုပ်ခတ်လေပြည်သူကပိုကြိုက်လေပါ။
ဒါကြောင့်ဘူးလက်ကိုအရေးယူဖို့စဉ်းစားရာမှာဘယ်အချက်ကလက်ရှိအစိုးရကိုပိုအကျိုးဖြစ်မလဲစဉ်းစားရပါမယ်။ဥပမာခွေးရူးဆိုရင်တော့အန္တရာယ်ရှိလို့ချက်ခြင်းဖမ်းသင့်ပေမယ့်ဟောင်ရုံသာဟောင်တတ်တဲ့ခွေးကိုတော့ဟောင်တာကိုနားငြီးလို့ဖမ်းမလားဒါမှမဟုတ်ခွေးဟောင်တာကိုအခွင့်ကောင်းယူပြီးအဲ့ဒီခွေးကိုသူခိုးမလာအောင်ဟောင်ခိုင်းမလားစဉ်းစားရမှာပါ။
Comments