top of page
Search

တပ်ထောက်ခံပွဲမှဘူးလက်ကိုအရေးယူသင့်လား တပ္ေထာက္ခံပြဲမွဘူးလက္ကိုအေရးယူသင့္လား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 4, 2019
  • 1 min read

တပ္ေထာက္ခံပြဲမွဘူးလက္ကိုအေရးယူသင့္လား

တိုင္းျပည္ထဲမွာတပ္ကိုျပည္သူေတြကေထာက္ခံတာေကာင္းပါတယ္။ဒါေပမယ့္ဘယ္ၿမိဳ႕မွာတပ္ေထာက္ခံပြဲလုပ္လုပ္ဒီလူေတြဘဲျဖစ္ေနတာကအနည္းငယ္ထူးဆန္းေနသလိုဒီလူအုပ္ကတပ္ေထာက္ခံတာအကုန္လားလို႔ေမးစရာရွိလာပါတယ္။ဘာလို႔ေျခဥျပင္ဆင္ပြဲေထာက္ခံသလိုၿမိဳ႕ေပါင္း၃၀-၄၀မွာတစ္ရက္ထဲမလုပ္ႏိုင္တာလဲစဥ္းစားစရာပါ။တပ္ေထာက္ခံသူအဲ့ဒီေလာက္မရွိလို႔လားေပါ့။

ဒီေနရာမွာဘူးလက္အေနနဲ႔တပ္ကိုေထာက္ခံတာအေမရိကန္ကို႐ႈတ္ခ်တာႀကိဳက္သလိုေျပာလို႔ရပါတယ္။ဒါေပမယ့္လက္ရွိအစိုးရကိုဗံုးႀကဲပါဘာညာေျပာလာတာဟာဥပေဒနဲ႔ၿငိစြန္းေနပါတယ္။ဒါဟာ၅၀၅(ခ) တင္မဟုတ္ဘဲႏိုင္ငံေတာ္ပုန္ကန္မႈပါျဖစ္ေနလို႔ပါ။သူေျပာေနတာကအာဏာသိမ္းအစိုးရမဟုတ္ဘဲေရြးေကာက္ပြဲနဲ႔တက္လာတဲ့ဒီမိုအစိုးရကိုလာဗံုးႀကဲပါလို႔ေျပာေနလို႔ပါ။ဒီေနရာမွာတပ္ခ်ဳပ္ကိုလာဖမ္းပါလို႔သြားေျပာရင္ရဲကၾကည့္ေနမလား? ဟိုICC ကိုေထာက္ခံသူကိုေတာင္မနစ္ပိုင္းအတြင္းဘရဲကလာဖမ္းတာပါ။

ဒါဆိုသူ႔ကိုအေရးယူသင့္လား? သူ႔ကိုအေရးယူျပလိုက္ရင္အစိုးရအေနနဲ႔သခင္အားရကၽြန္ပါးဝသူေတြကိုငါတို႔ကိုလာလုပ္ရင္အေရးယူမယ္လို႔သတင္းစကားပါးၿပီးသားျဖစ္သြားပါမယ္။ဆိုးက်ိဳးကေတာ့သူ႔ကိုေထာက္ခံသူေတြကဆႏၵျပမွာစိုးရိမ္ရလို႔မဟုတ္ဘဲသူကNLD ကိုမဲဆြယ္ေပးေနလို႔မဲဆြယ္ေပးသူတစ္ဦးဆံုး႐ႈံးသြားႏိုင္ပါတယ္။စာေရးသူတို႔ဘယ္လိုမဲဆြယ္ေပမယ့္ဘူးလက္ဆြယ္ေပးတာကပိုထိေရာက္ပါတယ္။သူကစင္ေပၚတက္ေျပာေပမယ့္သူ႔ေနာက္ကလိုက္သူက၅၀၀၀စားမ်ားသာပါ။သူကအစိုးရကိုပုပ္ခတ္ေလျပည္သူကပိုႀကိဳက္ေလပါ။

ဒါေၾကာင့္ဘူးလက္ကိုအေရးယူဖို႔စဥ္းစားရာမွာဘယ္အခ်က္ကလက္ရွိအစိုးရကိုပိုအက်ိဳးျဖစ္မလဲစဥ္းစားရပါမယ္။ဥပမာေခြး႐ူးဆိုရင္ေတာ့အႏၲရာယ္ရွိလို႔ခ်က္ျခင္းဖမ္းသင့္ေပမယ့္ေဟာင္႐ံုသာေဟာင္တတ္တဲ့ေခြးကိုေတာ့ေဟာင္တာကိုနားၿငီးလို႔ဖမ္းမလားဒါမွမဟုတ္ေခြးေဟာင္တာကိုအခြင့္ေကာင္းယူၿပီးအဲ့ဒီေခြးကိုသူခိုးမလာေအာင္ေဟာင္ခိုင္းမလားစဥ္းစားရမွာပါ။

Unicode version

တပ်ထောက်ခံပွဲမှဘူးလက်ကိုအရေးယူသင့်လား

တိုင်းပြည်ထဲမှာတပ်ကိုပြည်သူတွေကထောက်ခံတာကောင်းပါတယ်။ဒါပေမယ့်ဘယ်မြို့မှာတပ်ထောက်ခံပွဲလုပ်လုပ်ဒီလူတွေဘဲဖြစ်နေတာကအနည်းငယ်ထူးဆန်းနေသလိုဒီလူအုပ်ကတပ်ထောက်ခံတာအကုန်လားလို့မေးစရာရှိလာပါတယ်။ဘာလို့ခြေဥပြင်ဆင်ပွဲထောက်ခံသလိုမြို့ပေါင်း၃၀-၄၀မှာတစ်ရက်ထဲမလုပ်နိုင်တာလဲစဉ်းစားစရာပါ။တပ်ထောက်ခံသူအဲ့ဒီလောက်မရှိလို့လားပေါ့။

ဒီနေရာမှာဘူးလက်အနေနဲ့တပ်ကိုထောက်ခံတာအမေရိကန်ကိုရှုတ်ချတာကြိုက်သလိုပြောလို့ရပါတယ်။ဒါပေမယ့်လက်ရှိအစိုးရကိုဗုံးကြဲပါဘာညာပြောလာတာဟာဥပဒေနဲ့ငြိစွန်းနေပါတယ်။ဒါဟာ၅၀၅(ခ) တင်မဟုတ်ဘဲနိုင်ငံတော်ပုန်ကန်မှုပါဖြစ်နေလို့ပါ။သူပြောနေတာကအာဏာသိမ်းအစိုးရမဟုတ်ဘဲရွေးကောက်ပွဲနဲ့တက်လာတဲ့ဒီမိုအစိုးရကိုလာဗုံးကြဲပါလို့ပြောနေလို့ပါ။ဒီနေရာမှာတပ်ချုပ်ကိုလာဖမ်းပါလို့သွားပြောရင်ရဲကကြည့်နေမလား? ဟိုICC ကိုထောက်ခံသူကိုတောင်မနစ်ပိုင်းအတွင်းဘရဲကလာဖမ်းတာပါ။

ဒါဆိုသူ့ကိုအရေးယူသင့်လား? သူ့ကိုအရေးယူပြလိုက်ရင်အစိုးရအနေနဲ့သခင်အားရကျွန်ပါးဝသူတွေကိုငါတို့ကိုလာလုပ်ရင်အရေးယူမယ်လို့သတင်းစကားပါးပြီးသားဖြစ်သွားပါမယ်။ဆိုးကျိုးကတော့သူ့ကိုထောက်ခံသူတွေကဆန္ဒပြမှာစိုးရိမ်ရလို့မဟုတ်ဘဲသူကNLD ကိုမဲဆွယ်ပေးနေလို့မဲဆွယ်ပေးသူတစ်ဦးဆုံးရှုံးသွားနိုင်ပါတယ်။စာရေးသူတို့ဘယ်လိုမဲဆွယ်ပေမယ့်ဘူးလက်ဆွယ်ပေးတာကပိုထိရောက်ပါတယ်။သူကစင်ပေါ်တက်ပြောပေမယ့်သူ့နောက်ကလိုက်သူက၅၀၀၀စားများသာပါ။သူကအစိုးရကိုပုပ်ခတ်လေပြည်သူကပိုကြိုက်လေပါ။

ဒါကြောင့်ဘူးလက်ကိုအရေးယူဖို့စဉ်းစားရာမှာဘယ်အချက်ကလက်ရှိအစိုးရကိုပိုအကျိုးဖြစ်မလဲစဉ်းစားရပါမယ်။ဥပမာခွေးရူးဆိုရင်တော့အန္တရာယ်ရှိလို့ချက်ခြင်းဖမ်းသင့်ပေမယ့်ဟောင်ရုံသာဟောင်တတ်တဲ့ခွေးကိုတော့ဟောင်တာကိုနားငြီးလို့ဖမ်းမလားဒါမှမဟုတ်ခွေးဟောင်တာကိုအခွင့်ကောင်းယူပြီးအဲ့ဒီခွေးကိုသူခိုးမလာအောင်ဟောင်ခိုင်းမလားစဉ်းစားရမှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page