top of page
Search

တပ်တွင်းအခြေအနေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 1, 2022
  • 1 min read


ယခင်က Facebook သုံးတာကို တရားဝင်မတားထားဘူး။ ယခုအောက်ခြေအဆင့်ဆိုရင် တားဖို့ကြိုးစားနေပြီ။

ယခင်က အာဏာသိမ်းချိန်မှာ သူပိုင်တပ်လောက်ဆိုတော့ လူတိုင်းမသိလိုက်ဘူး။ ယခုအောက်ခြေတပ်၊ အထိုင်တပ်၊ ရုံးအလုပ်သမားပါ စစ်တိုက်ထွက်ရမယ်ဆိုတော့ ပိုကျပ်လာပြီ။ လာဘ်ထိုးလဲ ပြေးမလွတ်တော့ဘူး။ ယခင်က တိုက်ပွဲများတဲ့ ရှမ်းပြည်က မြောက်ပိုင်းကလွဲရင်တော့ အဆင်ပြေသေးတယ်။ ဒါပေမယ့် ရန်ကုန်၊ မန္တလေး၊ နေပြည််တော်မှာ စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါလိုတဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးများကတော့ လိုက်နေဆဲပါဘဲ။ သူတို့တွက်ထားတာက ကုဋေဖြိုးအောင်လို ဖြစ်ဖို့က မြို့ပေါ်မှာဆို နည်းတယ်လို့တွက်ထားပါတယ်။

တပ်ထဲက ဒါဘားမှာ ယခင်ကထက် မေးခွန်းတွေမေးလာနေကြပါပြီ။ ဘာလို့ ဒါမလုပ်ပေးလဲ ဘာလို့ခွင့်မပေးလဲ၊ခံစားခွင့် ဘာညာပေါ့။ တပ်ထဲမှာ ဗိုလ်မှူးချုပ်နဲ့ အထက်အဆင့်ကတော့ မပြိုကွဲသေးပါဘူး။ အဓိကက သူတို့ကစစ်တိုက်ရာမှာ သေရမယ့်နေရာမှာ မရှိသေးလို့ပါ။ ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးက တိုက်ပွဲမှာ မသေပေမယ့် မအလဖမ်းတာ စစ်တာခံရလို့ မျက်ခုံးလှုပ်လာနေပါတယ်။

တပ်သားမှ ဒုဗိုလ်မှူးကြီးအဆင့်အထိကတော့ မျက်ခုံးလှုပ်ပြီး ဘာလုပ်ရမလဲ နည်းမျိုးစုံနဲ့ စဉ်စားနေကြပါတယ်။အချို့က မိသားစုကို အရပ်ထဲပို့သလို အချို့ကလဲ မိသားစုကို တပ်ထဲခေါ်ထားတာတွေရှိလာနေပါတယ်။ ဘယ်ဘက်ကရပ်မလဲ စဉ်းစားဖို့တွန်းအားက များလာနေပါပြီ။

လေယာဉ်ထားတဲ့နေရာ၊ လက်နက်တိုက်တွေကို မိမိတပ်ထဲမှာ CCTV နဲ့ ပြန််ကြည့်နေရသလို မိမိလူအချင်းချင်းလဲအသည်းအသန်ရှာနေရပါပြီ။ နောက်အမြဲတန်းအသင့်အနေအထားပြင်ခိုင်းထားလို့ လက်တွေ့မှာ မောလာနေကြပါပြီ။ မအလတပ်ရဲ့ အဓိကပြဿနာက တပ်သားအလုံအလောက်မရှိတာပါ။

မအလဟာ တပ်ထဲမှာလစာပေးဖို့တော့ ရှိနေပါသေးတယ်။ ဒါပေမယ့် မအလတပ်ဟာ စစ်ပွဲမှာ အကျအဆုံးများတာကို သူကိုယ်တိုင်အသိအမှတ်ပြုလာနေရပါပြီ။ သူက ပြည်သူ့စစ်နဲ့ တန်ပြန်လက်နက်တပ်ပေးဖို့ လုပ်နေပေမယ့်စာရေးသူတို့က သူ့လူအယောင်ဆောင်ဝင်ပြီး လက်နက်ယူပြန်ပုန်ကန်ရင် NUG ထံက လက်နက်စောင့်စရာမလိုဘဲသူ့လက်နက်နဲ့သူ ဒုက္ခအပေးခံရမှာပါ။ ဒါကြောင့် သူ့ဗျူဟာမှာ အားနည်းချက်က ရှိပြီးသားပါ။

သူအောင်အောင်မြင်မြင် လုပ်နေတာက အပြစ်မဲ့ပြည်သူတွေကိုသတ်တာ ရွာမီးရှို့တာပါ။ ဒါရဲ့အကျိုးဆက်က သူကနေ PDF အင်အားများလာအောင် PDF တွေ စိတ်ဓာတ်ခိုင်လာအောင် လုပ်ပေးနေသလိုပါ။

ယခင်ကပြောခဲ့သလိုပါဘဲ နောက်ဆုံးက သူ့လူတွေအသေများလာမှ ဘက်ပြောင်းတာက မြန်လာမှာပါ။ ယခုအချိန်မှာ မအလတပ်တွေ၊ ရဲတွေ လွယ်လွယ်နဲ့ လက်နက်ချလာတာ တွေ့နေရပါပြီ။

ယခုအချိန်မှာ တပ်ရင်းထဲကို တိုင်းမှူးမဟုတ်ဘဲ နေပြည်တော်က စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေက လာပြီး စည်းရုံးနေရတာပါ။ မအလ၊ စိုးဝင်း၊ မိုးမြင့်ထွန်းတို့ ကိုယ်တိုင်ဆင်းနေရတာပါ။

တချိန်ထဲမှာ မအလထံမှာ ဖိအားတွေက အများကြီးပါ။ သူက ရှိသမျှ လျှပ်စစ်မီးကို နေပြည်တော်ကို ဦးစားပေးထားပါတယ်။ ဒီမီးနေပြည်တော်မှာပျက်အောင် တော်လှန်ရေးသမားတွေက လုပ်လာနိုင်ရင် ပထမဆုံးဖိအားသူ့ထံကို ရောက်လာပါလိမ့်မယ်။ နောက်စစ်ရေးဖိအားပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ပြစစ်ဆင်ရေးက လုပ်ရတာခက်ပါတယ်။ သူတို့မှာ CCTVနဲ့ ဒလန်ရှိနေလို့ပါ။ ဒါကိုစနစ်တကျရှင်းပြီး မိမိဘက်က သတင်းအင်မတန်လုံမှအဆင်ပြေမှာပါ။ ဒီမစ်ရှင်တွေက လုပ်နိုင်ရင် ဖိအားများပြီး မအလတပ်ထဲမှာ ရိုက်ချက်ပြင်းပါတယ်။

တပ်ထဲမှာ စိတ်ဓာတ်အားဖြင့် ကျနေပါပြီ။ ၂၄ နာရီ မနားရလို့ စိတ်ဝေဒနာရှိလာနေပါပြီ။ အချို့က ကြောက်နေပါတယ်။ တပ်ပြင်ထွက်ရမှာတောင် ကျီးလန့်စာစားပါ။ အချို့က တပ်ထဲမှာနေလာတာ ၁၅ နှစ်ရှိပြီး အပြင်မှာ လုပ်မစားတတ်သူတွေရှိပါတယ်။ အချို့ကတော့ ဘောမချင်လို့ မတာပါ။ ဒီပွဲက ရှေ့လတွေမှာ လမ်းဆုံကိုရောက်လာမှာပါ။ NUG ဘက်က ဝင်ငွေစနစ်တကျရလာနေလို့ ဒေသတွင်း PDF တွေက လက်နက်ရလာမှာ မလွဲပါ။ စာရေးသူတို့အနေနဲ့ စစ်ပွဲကြီးကြီးတိုက်နိုင်ဖို့ကတော့ လက်နက်ကြီးလိုပါသေးတယ်။ ဒီအချိန်မှာ ပန်းတိုင်က နီးနေပါပြီ။သွေးသောက်အဖွဲ့ သေးသောက်ရအောင်သာ လုပ်လိုက်ပါ။ ပြည်သူက ထီဝယ်၊ ငွေတိုက်စာချုပ်ဝယ်၊ အခွန်ဆောင်ပါ၊ click to donate လုပ်ပါ။ တော်လှန်ရေးဟာ ကောက်ရိုးမီးမဟုတ်ဘဲ မအလကို လောင်ကျွမ်းမယ်ဆိုတာကို ပြကြပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page