top of page
Search

တပ်စွန့်ခွါသူများလာတာ ဘာ့ကြောင့်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 23, 2021
  • 1 min read

တပ်စွန့်ခွါသူများလာတာ ဘာ့ကြောင့်လဲ?

ယခုအချိန် အပေါ်ယံကြည့်ရင် ရန်ကုန်မှာ ဆန္ဒပြပွဲ ယခင်ကလို မများလို့ မအလ အုပ်ချုပ်နိုင်လာသလိုထင်ရပါတယ်။ ဒါက အပေါ်ယံပါ။ ဒါပေမယ့် ပြဿနာတွေက မအလအတွက် စောင့်ကြိုနေပါတယ်။ပထမက စီးပွါးရေးပါ။ ယခုမြန်မာငွေတန်ဖိုးကျဆင်းနေပြီး စီးပွါးရေးက အဝီစိကို သွားနေပါတယ်။ဘဏ်တွေပြန်ဖွင့်နိုင်ခဲ့ရင် ပြည်သူတွေက ငွေတွေပြန်ထုတ်မှာ မြေကြီးလက်ခတ်မလွဲပါ။ ဒါ့ကြောင့်ဘဏ်တွေ ပြိုကွဲပြီး စီးပွါးရေးက ယခုထက်ပိုဆိုးပါမယ်။

ဒါတွေမဖြစ်ခင် လက်ရှိပြဿနာက တပ်ထဲကနေစွန့်ခွါပြီး CDM လုပ်ဖို့ ထွက်သွားတယ်လို့ ယူဆရတဲ့အတိအကျသိထားတဲ့ အရာရှိအဆင့်တွေပါ။ ယခုတပ်ထဲမှာ အရာရှိအဆင့် အနည်းဆုံး ၅၀ ဦးခန့်ဟာသတင်းမပို့ဘဲ ပျောက်ဆုံးနေပါတယ်။ ဒါက အထက်ကိုတင်ပြလို့ စာရင်းအရ သေချာသိသူများသာဖြစ်ပြီး မသိသူလဲ ရှိနိုင်ပါတယ်။ အခြားသတင်းပေါက်ကြားအောင်လုပ်လိုသူ အုန်းကျော်မြင့်လို လုပ်လိုသူများလဲ တပ်ထဲမှာ ကျန်နေနိုင်ပါတယ်။ ရခိုင်မှာ AA နဲ့ လက်နက်ကိုင်တိုက်ပွဲဖြစ်စဉ်မှာ ဗိုလ်မှူးအဆင့်တစ်ယောက်ဘက်ပြောင်းတာနဲ့ တစ်ယောက်အဖမ်းခံရတာသာ ရှိခဲ့တာပါ။ ယခုက ဗိုလ်မှူးအဆင့်နှစ်ယောက် လူသိရှင်ကြား ဘက်ပြောင်းခဲ့ပြီး အဖမ်းခံရသူတစ်ဦး တိုက်ပွဲမှာ အသတ်ခံရသူများလဲ ရှိလာနေပါပြီ။ အခြားအဆင့်များဟာလဲ လုံခြုံတဲ့နေရာရောက်ရင် ပေါ်လာကြမှာပါ။

ဒါ့ထက်အရေးကြီးတာက KIA တို့ KNU တို့နဲ့ တိုက်ပွဲတွေမှာ မအလတပ်က အစုလိုက်အပြုံလိုက်လက်နက်ချကြတာပါ။ ဒါမျိုးဖြစ်ရင် သူတို့အထက်က တပ်ရင်းမှူး၊ ဗျူဟာမှူးအထိ ပြဿနာတက်ပါတယ်။ သူတို့တွေ ရာထူးချခံရတာ အဖမ်းခံရတာတွေ ဖြစ်ပါတယ်။ ဒုဗိုလ်မှူးကြီး ဗိုလ်မှူးကြီးအဆင့်တွေပါ။ ဒါမျိုးများများ ခဏခဏဖြစ်လာရင် အရေးယူရတာ ပိုခက်လာမှာပါ။ တပ်ထဲမှာက လိုင်းဖြတ်ထားလို့ စာရေးသူလို စနစ်တကျ DASSK ရှိစဉ်ကထဲက လိုရမယ်ရ ပြင်ဆင်ထားလို့သာ သုံးနိုင်နေတာပါ။ ဒါလဲ အကုန်အကျများပါတယ်။ အပြင်နဲ့ သတင်းမပြတ်လိုသူများက BBC၊ VOA၊ RFA ခိုးနားထောင်ကြပါတယ်။ အချို့မြို့ထဲမှာ လူစွာလုပ်ပြနေတာက နယ်အပို့မခံချင်တဲ့ ထက်ဖားအောက်ဖိတွေပါ။ ယခုအချိန်မှာ NUG က လွတ်မြောက်နယ်မြေနဲ့ ဘယ်သူက လေကြောင်းကို ကာကွယ်ပေးမလဲအတိအကျမပေါ်သေးလို့ပါ။ အဲ့ဒါပေါ်လာရင် ဘက်ပြောင်းလာသူတွေ များလာမှာပါ။ ဒါကို စာရေးသူယခင်ကပြောခဲ့သလို ယခုပြည်သူ့ဘက်ပြောင်းလာသူများကလဲ ပြောနေကြပါပြီ။

တပ်ထဲမှာ CDM လုပ်ရအလွယ်ဆုံးက ရန်သူ့နယ်မြေထဲ ရောက်သွားသူများပါ။ ဒါ့ကြောင့်ဖြစ်နိုင်ရင်တစ်ဖွဲ့လုံး ရှေ့တန်းမှာ လက်နက်ချပြီး ဘက်ပြောင်းပါ။

အထဲမှာ တပ်ထဲက ထွက်သွားသူများလေ မအလကလဲ ကျပ်လေပါ။ ဒါပေမယ့်လဲ တပ်သားတွေကဆက်ပြေးနေဆဲပါ။ အချိန်ယူရတာက တပ်အနေအထားအရ မိသားစုအထဲမှာ ပိတ်မိနေရင် ပိုလုပ်ရခက်လို့ မိသားစုရှိသူများက အချိန်ယူပြင်ဆင်ရလို့ပါ။

NUG အနေနဲ့လဲ မိမိရဲ့ ပြည်တွင်းက ဝန်ကြီးများနဲ့ နယ်မြေခံကာကွယ်ရေးတပ် ခေါင်းဆောင်တွေ ဆက်သွယ်နိုင်အောင် သီးသန့်ဆက်သွယ်ရေးကွန်ရက်ကို ထူထောင်ထားပါ။ ပုံမှန်စကားကတော့ ရေဒီယိုကနေ စကားဝှက်နဲ့ပြောလဲရပါမယ်။

အရေးကြီးတာက ဆန္ဒပြသူများက ပြစရာရှိတာကို လစ်ရင်လစ်သလို ရရင်ရသလို ဆက်လုပ်ပါ။ ဆက်ဆန္ဒပြနေရင် သူတို့တပ်တွေ ထိုးစစ်ဆင်ရခက်ပါတယ်။ ဥပမာ AA ကိုထိုးစစ်ဆင်ဖို့ KIA ကို ထိုးစစ်ဆင်ဖို့ဆိုရင် တပ်များစွာသုံးရမှာပါ။ ဆန္ဒပြနေရင် သူတို့က ရဲနဲ့ထားသွားရင် လူအုပ်ကြီးရင် မနိုင်ပါ။နောက်ဆန္ဒပြသူများက တပ်ထဲကလူများ ဘက်ပြောင်းလာအောင် လုပ်နိုင်သူများပါ။

CDM ကလဲ ထို့အတူပါဘဲ လုပ်စရာရှိတာ ဆက်လုပ်ပါ။

နောက်ပြီး အုပ်ကြီးရုံးတွေ မီးများများလှုံအောင် လုပ်ပေးကြတဲ့ တပ်ဦးလူငယ်များကလဲ ဆက်လုပ်ပါ။ညီငယ် ညီမငယ်တို့ကြောင့် အုပ်ကြီးရုံးမရှိရင် အုပ်ချုပ်ရေးက ပျက်ပါမယ်။ ဥပမာ ကြောက်လို့ ဧည့်စရင်းတိုင်လိုသူရှိတာတောင် အုပ်ကြီးရုံးမရှိရင် တိုင်မရပါ။ စစ်ကိုင်းက တိုက်ပွဲဝင်အဖွဲ့များကိုတော့အလွန်လေးစားပါတယ်လို့ ပြောပါရစေ။

အဓိကက ကုလကိုမစောင့်ဘဲ လုပ်စရာရှိတာကိုသာ လုပ်ပါ။ စာမေးပွဲက ဝင်ဖြေလိုက်မှ အောင်မှာပါ။ဝင်မဖြေဘဲနဲ့တော့ မအောင်နိုင်ပါ။ ကံသည် အလုပ်ပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Apr 23, 2021

ဦးမြတ်!! *ကိုးကွယ်မှု* စာသား အခြေခံ၍ ရှင်းအပ်ပါသည်။ မိမိမှာကျရောက်မည့် ဘေးမှန်သမျှ မကျရောက်အောင် "အကာ အကွယ်'' ပေးနိုင်စွမ်းရှိသည်ဟူသော *ယုံကြည်ချက်*ဖြင့် အား ''ကို''း အမှုပြုရာမှစ၍ ကိုးကွယ်မှု အစပြုခဲ့ပါသည်။ ယုံကြည်ချက်အပေါ် ရာနှုန်းပြည့် အ ခြေခံပါသည်။

တပ်သာ အမိ ၊ တပ်သာ အဖ အဆိုက သက်သေခံနေပါသည်။

လက်တွေ့နယ်မှာ ဆောင်ပုဒ်အတိုင်း ကိုးကွယ်ရာ အစစ်အမှန် မဟုတ်တော့ကြောင်း အသိကြီး သိလာကြပါပြီ။

နောက်တစ်ချက်က လောကကြီးကို ထိန်းကျောင်းပေးသော လောကပါလတရားနှစ်ပါးဖြစ်သည့် ဟီရိ နှင့် သြတပ္ပ(အောတပ္ပ)။

မိမိတို့က အောက်ခြေမှာ ချို့တဲ့နွမ်းပါးစွာ ဆောင်ရွက်နေရသော်လည်း တကယ့်အကျိုးအမြတ်က အထက်က တစ်စုသာ ဟု သိမြင်လာပြီးရှက်တတ်လာကြခြင်း။ လှုမှုစာမျက်နှာပေါ်မှာ ပလူပျံမျှ ဖော်ပြနေသည့်ပုံများ၊ ချောင်းရေ ငုံ့သောက် ၊ ဆန်ကြမ်းကို ဖြစ်သလို စား နေပုံများ။

အရှက်နှင့်အတူ ပြည်သူက မရပ်တည်၊ မလုံခြုံသည့် ခဏ ခဏတွေကို စိုးရိမ် ကြောက်လန့်မိကြပါတော့သည်။

သည်အချက်များအခြေခံထားမှုကြောင့် အများအပြား စွန့်ခွါကြခြင်းဖြစ်နိုင်သည်ဟု အမြင်ကို


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page