top of page
Search

တပ်ချုပ်အသစ်ကဘာတွေပြင်သင့်လဲ

Writer: Myat Tun OoMyat Tun Oo

မြန်မာပြည်ရဲ့လက်ရှိပြဿနာဟာ ၂၀၀၈ ခြေဥနဲ့ လက်ရှိတပ်ချုပ်ရဲ့ နိုင်ငံရေးရည်ရွယ်ချက်ကြောင့်ဖြစ်လာခဲ့တာပါ။ ဒီနေရာမှာ ဒီမိုသမားများကလဲ၂၀၀၈ ခြေဥကို ပြင်စေချင်ပြီး ဖယ်ဒရယ်စနစ်ကို သွားလိုမှာပါ။ ဒါကသာတစ်ခုထဲသော ထွက်ပေါက်ပါ။ ဒါပေမယ့် မြေပြင်က အနေအထားဟာဘယ်လောက်အထိ အခြေအနေပေးမလဲဆိုတာက မေးခွန်းထုတ်စရာပါ။


တပ်အနေနဲ့ တပ်ချုပ်အသစ်အနေနဲ့ အနည်းဆုံးဘာတွေ ပြင်သင့်သလဲ? ပထမဆုံးက ရွေးကောက်ပွဲမှာNLD ဟာ အပြတ်နိုင်ခဲ့ပါပြီ။ ဒါကို ဖွတ်လုပ်သလို ညစ်တွန်းမတွန်းဘဲ အသိအမှတ်ပြုရပါမယ်။ တပ်ချုပ်သစ်ဟာ နိုင်ငံရေးအရ ရည်မှန်းချက်မရှိဘဲ မိမိအလုပ်သာ မိမိလုပ်သူဆိုရင် ပြည်သူတင်တဲ့အစိုးရနဲ့ ဆက်ဆံရေး ပိုအဆင်ပြေလာနိုင်ပါတယ်။ မိမိသမ္မတကို တလေးတစား နေ့တိုင်းဆွေးနွေးတင်ပြတာ အတိုင်ပင်ခံဦးစီးတဲ့ လုံခြုံရေးဆိုင်ရာအစည်းအဝေးကို မိမိကိုယ်တိုင် တက်ရောက်ပြီး မိမိလိုအပ်ချက်တွေကို တွေ့ဆုံဆွေးနွေးတင်ပြသင့်ပါတယ်။

နောက်အရေးကြီးတာက လွှတ်တော်ထဲမှာ မိမိတပ်ကိုယ်စားလှယ်တွေကို ပါးစပ်ပိတ်ထားခိုင်းဖို့ပါ။ သူတို့က အော်ကြီးဟစ်ကျယ်ပြောလေ ပြည်သူကတပ်ကိုမုန်းလေပါ။ နောက်တပ်ထဲမှာ ဗိုလ်လောင်းသင်တန်းတွေ စစ်ဦးစီးတက္ကသိုလ်တွေမှာ ဒီမိုသဘော၊ လူ့အခွင့်အရေးသဘော၊ အရပ်သားအစိုးရကိုလေးစားတဲ့သဘောတွေ ယခုထက်ပိုသင်ဖို့ ပြင်ဆင်သင့်ပါတယ်။


ဒါ့အပြင် တပ်ကလုပ်ထားတဲ့ စီးပွါးရေးတွေကို လျှော့ချဖို့လဲ ပြင်ဆင်သင့်ပါတယ်။ မပြင်ရင်လဲ နိုင်ငံခြားက စီးပွါးရေးပိတ်ဆို့တာက လာမှာပါဘဲ။ ဒါ့ကြောင့် မိမိဖာသာပြင်ပြီး အစိုးရထံက ဘတ်ဂျက်တောင်းတာသာ အကောင်းဆုံးပါ။ ရေရှည်မှာ ပြုပြင်ပြောင်းလဲမှုတွေဟာ မဖြစ်မနေလုပ်ဆောင်ရမှာပါ။စစ်သားတွေကို မိမိအလုပ်သာလုပ်ခိုင်းသင့်ပြီး ကြက်မွေးသလို၊ ဝက်မွေးသလို၊ စပါးစိုက်သလိုလုပ်နေရရင် နောက်ပိုင်းမှာ တပ်ထဲကိုဝင်သူရဲဘော်တွေ နည်းလာပါလိမ့်မယ်။ နောက်တပ်ထဲမှာ တပ်ဖွဲ့ဝင်တွေရဲ့ မိန်းမတွေက အထက်လူကြီးမိန်းမများရဲ့ ကျွန်သဖွယ် ဆက်ဆံခံနေရတာကိုလဲ ပြင်ဆင်သင့်ပါတယ်။ ယခုအချိန်မှာက ၂၁ ရာစုပါ။ သီပေါမင်းခေတ်မဟုတ်တော့ပါလို့ ပြောပါရစေ။


တပ်အတွက်မေးခွန်းက မိမိဖာသာ ပြုပြင်ပြောင်းလဲမလား ပြုပြင်ပြောင်းလဲရေးကို တင်းခံပြီးတိုင်းပြည်တိုးတက်မှုကို နောက်ပြန်ဆွဲထားတဲ့ တရားခံအဖြစ်ခံမလား ရွေးရမှာပါ။ တပ်ချုပ်အသစ်အနေနဲ့ နိုင်ငံရေးမှာ ဘာနိုင်ငံရေးမှ ဝင်မပါဘဲ ပြည်သူကရွေးကောက်သူသည် အာဏာအရှိဆုံးသူ civilian supreme ဆိုတာကို တပ်ထဲမှာ လက်ခံနိုင်အောင်လုပ်နိုင်ရင် တိုင်းပြည်လဲ တိုးတက်လာနိုင်ပါတယ်။

မဟုတ်ရင်တော့ ပြည်သူတွေရဲ့ စစ်ကိုမုန်း၍ မဲပေးပြီး တိုက်ထုတ်တာကို ခံနေရမှာပါ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

3 Comments


Myat Tun Oo
Myat Tun Oo
Nov 29, 2020

Myint Soe Oo, သူထွက်မယ်ထင်ပါတယ်။

Like

Myint Soe Oo
Myint Soe Oo
Nov 29, 2020

ဦးမြတ်!!! နှစ်ပုဒ် ပေါင်းစပ်၍ မြင်သမျှဖြင့် တင်ပြပါရစေ။ အလွတ်ကျက် အာဂုံဆောင် ခဲ့လို့အောင်ခဲ့သည်ဟု ယူဆ၍ရသော ပါတီတခုရဲ့ ခေါင်းဆောင်ကြီးပြောသွားတဲ့စကားအပေါ် မူတည်ပြီး ပြောပါမည်။

**နျူတန် နိယမအတိုင်း ဖြစ်လာမှာပဲ**

၁ ~နေမြဲနေလိုသော ဆန္ဒ (အင်နားရှား)။ ပြင်ပအား မသက်ရောက်ရင် ရပ်နေသော ဝတ္ထုရပ် ၊ ကိန်းသေအရှိန်နဲ့ ရွေ့သောဝတ္ထု ကိန်းသေနဲ့ ရွေ့။

ပြည်သူတို့၏ ရင်တွင်းမှာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စားဝတ်နေ လွယ်ကူစွာ ရှာဖွေ စားသောက်လိုသော ဆန္ဒ။ ပုသိမ်ကြီး စဥ့်ကိုင်**

ဆူဆူပူပူဖြစ်နေတယ်။ ငြိမ်းချမ်းတဲ့အနေအထားကို မငြိမ်းချမ်းအောင် ပြင်ပ**အသားတင်အား**သက်ရောက်ခဲ့ပါသည်။

ပြင်ပအသားတင်အား သက်ရောက်မှုသည် ဝတ္ထု၏ လှုပ်ရှားမှု အရှိန်ဖြင့် တိုက်ရိုက် အချိုးကျ၏။ မီးတောက် ပြင်းလွန်းလျှင် ရေအားများများဖြင့်

ပက်ဖြန်းရပါသည်။ မီးဘာလို့မငြိမ်းတာလဲ။ ရေ အားနည်းလို့။

တနည်း အသားတင်အား များလွန် လွန်းလို့ပါ။မျှ ခြေ တရပ်အတွက်

| F | = - | F |

ပမာဏ တူ လားရာ ဆန့်ကျင်။


*************************


ဂေါက်ရိုက်သူကတော့ အပေါက်ထဲ ဝင်အောင် ရိုက်မှာပါ။ မဝင် ဝင်အောင်လည်း ကြိုးစားမှာပါ။

ဒါမှ ဆုကြေးရမှာပေါ့။ ကိုယ့်ဂေါက်သီး ကျင်းထဲ ရှိနေသရွေ့

နောက် ဂေါက်သီး ဘယ်လို ဝင်၍ ရပါမည်နည်း ။သူ၏ နေမြဲနေလိုသည့် ဆန္ဒ။


ခြင်း ခတ်သူက ခြင်းရာမှာ ဖနောင့် ဖဝါး ခြေဖျား အခတ် စုံစွာသုံးပြီး ပို့ပေးပြီး တခြားသူကိုလည်း ကစားစေလိုတာ သူ၏ နေမြဲနေလို ဆန္ဒ။ ဆုကြေးရရင်လဲ ခြင်းတဝိုင်းလုံး ညီတူညီမျှ။ စည်းလုံးညီညွတ်ခြင်း ရသ။ခံစားကြရုံ။


ကွေ့ကောက် ဖြောင့်တန်း

စိုပြေ ခမ်းခြောက် …


Like

Albert Wint
Albert Wint
Nov 28, 2020

ကျွန်တော်တို့က နောက်ထပ်အဆာပလာ ဘာတွေများထပ်ထည့်ဖြည့်စွက်စရာလိုပါမည်နည်း သိပ်ပြည့်စုံနေ သိပ်နားလည်နေတဲ့သူရေးတဲ့ပို့စ်ကို ထောက်ခံပါသည် လေးစားပါသည် ဒီပို့စ်မျိုး နားလည်အလက်ခံကြမဲ့သူများသာ တိုင်းပြည်ကောင်းစားရေးပြည်သူကောင်းစားရေးလိုလားသူ ပရော်ဖက်ရှင်နယ်ကျသောတပ်မတော်လိုလားသူ တပ်သားတပ်ဗိုလ်များပါစေ ဆုတောင်းမျှော်လင့်နေပါ၏

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page