top of page
Search

တပ်ချုပ်သမ္မတဖြစ်နိုင်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 5, 2020
  • 1 min read

တပ်ချုပ်သမ္မတဖြစ်ဖို့ဆိုရင် အာဏာမသိမ်းဘဲ ဖြစ်ဖို့ကတော့ ရွေးကောက်ပွဲနည်းလမ်းသာ ရှိပါတယ်။ဒါကြောင့် တပ်ချုပ်သမ္မတဖြစ်နိုင်လားလို့မေးရင် တပ်ချုပ်နဲ့ နီးစပ်တဲ့ပါတီတွေက ရွေးကောက်ပွဲမှာအနိုင်ရနိုင်လားဆိုတဲ့အပေါ်မူတည်ပါတယ်။

ယခုအချိန်ဟာ ၂၀၁၇သူ့ရဲ့ခေတ်ကောင်းချိန်ကျော်သွားပြီမို့ အာဏာသိမ်းဖို့က မဖြစ်နိုင်တော့ပါ။ ဒါကြောင့် တပ်ချုပ်ရဲ့ မျှော်လင့်ချက်ဟာ ရွေးကောက်ပွဲအပေါ်မှာသာ မူတည်နေပါတယ်။ တပ်နဲ့ ဖွတ်ပါတီ မျှော်လင့်ထားတာက NLD နဲ့ SNLD က လွဲရင် အခြားပါတီတွေ ၂၅% အထက်နိုင်မလားဆိုတာပါ။ သူတို့တွက်ထားတာက အဆိုပါ နှစ်ပါတီကလွဲရင် ကျန်ပါတီတွေကို စည်းရုံးနိုင်မယ်လို့ တွက်ထားပါတယ်။ ANP ပါတီကလဲ အန်တီကြူက ဖုန်းဆက်လိုက်ရင် ပြေလည်ပါတယ်။ တပ်ချုပ်အနေနဲ့ ယခု၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံဖို့မရှိပါ။ ဒါက သေချာပါတယ်။ ယခု အရပ်သားအဖြစ်အငြိမ်းစားယူအရွေးခံမယ့်အထဲမှာ သူမပါပါ။ သူ့ကို သူ့အနားက အရာရှိကြီးတွေက ပြည်သူတွေကတခဲနက်ထောက်ခံကြတယ်လို့ သတင်းပို့ပေမယ့် သူက ကွီးဖြိုးနဲ့ ယှဉ်ပြီး လိုင်းပေါ်မှာမဲခွဲတာ သူ့တပည့်တွေ မဲလိမ်ဖို့ကြိုးစားတဲ့ကြားထဲက ရှုံးခဲ့သူပါ။ သူမအပါဘူး။ သူ့ရည်မှန်းချက်က တကယ်လို့များကြံ့ဖွတ်နဲ့အဖွဲ့က ၂၆% နိုင်ခဲ့ရင်သာ တပ်ဘက်ကနေ ဒုသမ္မတလောင်းဝင်ပါပြီး သမ္မတဖြစ်လိုတာပါ။

ဒါဆိုပြည်မက အခြေအနေကို ကြည့်ရအောင်။ လက်ရှိအစိုးရ မကောင်းဘူးလို့ထင်အောင် စာနယ်ဇင်းတွေ၊ အကောင့်တုတွေအတွက် ပိုက်ဆံများစွာသုံးထားခဲ့ပါတယ်။ ဒါပေမယ့် သူက DASSK ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ ICJ နဲ့ ကိုဗစ်ကြောင့် ပြည်သူတွေရဲ့ DASSK ဦးဆောင်တဲ့ NLD ပါတီကိုထောက်ခံမှုဟာ ထပ်မတိုးလာရင်တောင် ကျမသွားခဲ့ပါ။ ရွေးကောက်ပွဲမှာ ယခင်က NLD ကို မဲပေးပြီးယခု မဲမပေးသူရှိနိုင်ပါတယ်။ ထို့အတူပါဘဲ ယခင်ကကြောက်လို့ ဖွတ်ကိုမဲပေးခဲ့ရသူများဟာလဲ ယခုအချိန်မှာ NLD ဘက်ပြောင်းသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် တပ်မဲရုံတွေမှာပါ။ ဒါကြောင့် ပြည်မမှာ မဲဆန္ဒနယ်တစ်ခုကို ယခင်က ၇၅% နိုင်ခဲ့ရင် ယခုလဲ ၇၀% လောက်နဲ့ ဆက်နိုင်ပါမယ်။ ဘာလို့လဲဆိုတော့ NLD ကထွက်သွားတဲ့ ၁၀% နဲ့ NLD ဘက်ပြောင်းလာတဲ့ ၅% က ပြန်ချေသွားလို့ပါ။

NLD က ယခင်က ရှုံးခဲ့တဲ့ မောင်မြင့်နေရာ၊ သောင်းအေးနေရာတို့ကို နိုင်အောင်လုပ်လာမှာဖြစ်သလို စိုးသိန်းနေရာဟာလဲ NLD နိုင်လာပါမယ်။

ချင်းနဲ့ကယားမှာလဲ အသစ်မဲဆန္ဒနယ် မနိုင်ရင်တောင် ယခင်ကလောက်အနည်းဆုံး ဆက်နိုင်ပါမယ်။ရှမ်းပြည်နယ်မှာ NLD နဲ့ SNLD အပေးအယူမျှရင် ဖွတ်တွေယခင်ကလောက်မနိုင်အောင် လုပ်လာနိုင်ပါမယ်။ ဥပမာ ဦးကိုနီသတ်ရာမှာ ပါဝင်တယ်လို့ ပြည်သူတွေက စွပ်စွဲခံရတဲ့ တပ်ချုပ်ရဲ့ ကိုယ်ရေးအရာရှိဟောင်းမိုင်းဖြတ်အမတ် လင်းဇော်ထွန်းနေရာမျိုးကို NLD က မိမိ မနိုင်နိုင်ရင် SNLD နဲ့ တိုင်ပင်ပြီးလုပ်နိုင်ရင် ဖွတ်တွေ လွှတ်တော်ထဲမှာ နည်းသွားပါမယ်။

ရခိုင်မြောက်မှာတော့ NLD မနိုင်နိုင်ပါ။ ရခိုင်တောင်ပိုင်းမှာလဲ ယခင်ကလောက်နိုင်ဖို့ မဖြစ်နိုင်ပါ။ ဒါပေမယ့် ရခိုင်မှာ ဆုံးရှုံးမှုဟာ ဗဟိုအစိုးရဖွဲ့တာကိုတော့ မထိခိုက်နိုင်ပါ။ ကချင်နဲ့ မွန်မှာ အချို့နေရာအပြောင်းအလဲရှိနိုင်ပေမယ့် ပြည်မက ဖွတ်နေရာတွေကို NLD က နိုင်ပြီး ပြန်ကာသွားနိုင်ပါမယ်။

ဒီနေရာမှာ NLD ကို မဲမပေးချင်တဲ့သူရှိလားဆိုတော့ ရှိနိုင်ပါတယ်။ သူတို့ထဲက အချို့ဟာ ဖွတ်၊ အချို့က ဘရွှေမန်းပါတီ၊ အချို့က ကိုကိုကြီးပါတီ၊ အချို့က ဒေါက်ခိုင်ပါတီတွေကို ပေးကြမှာပါ။ ဒါကြောင့်မိုလို့ သူတို့မဲကလဲ ကွဲမှာပါ။

အကျဉ်းချုပ်ပြောရရင် ပြည်သူတွေအနေနဲ့ အလုံးအရင်းနဲ့သာ မဲထွက်ပေးရင် တပ်ချုပ်မအလဟာသမ္မတလုံးဝမဖြစ်လာနိုင်ပါ။ သူသမ္မတဖြစ်အောင် သူနဲ့နီးစပ်တဲ့ပါတီတွေကို မဲပေးဖို့ ဘုန်းကြီးအချို့က မဲဆွယ်နိုင်ပေမယ့် ပြည်သူတွေက သူတို့အနာဂတ်အတွက် အကောင်းဆုံးကို မဲပေးကြမှာပါ။

ဘယ်အရာမဆို ဘယ်တော့မှ မဖြစ်လာနိုင်ဘူးလို့ မပြောပါနဲ့ “Never say Never” ဆိုတဲ့ စကားပုံကလဲ ရှိနေပါတယ်။ ဒါကြောင့် တပ်ချုပ်သမ္မတဖြစ်ဖို့ဟာ ၁% လောက်သာရှိပေမယ့် ပြည်သူလူထုကြီးအနေနဲ့တရားမျှတမှုကို ဖော်ဆောင်သူကိုသာ မဲပေးခြင်းဖြင့် မတရားလုပ်သူ မတက်အောင် အသဲကြားက မဲတစ်ပြားကို သုံးကြပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Jul 05, 2020

အမေစုရှိနေသ၍သူတို့ဘက်ကမျှော်လင့်နိုင်တာ အမြင့်ဆုံး ဒုသမ္မတပါ။ ပျော်ဘွယ်ကိုသောင်းအေး ဒီတခေါက်ကံမကောင်းနိုင်ပါဘူး၊ မင်းကင်းမောင်မြင့် ကိုစိုးသိန်း အားလုံးတူတူပါဘဲ၊ သူတို့စိတ်ရင်းကိုဒေသခံတွေသဘောပေါက်နေပါပြီ။

Like

Myint Soe Oo
Myint Soe Oo
Jul 05, 2020

ဦးမြတ် ! တစ်ချိန်တစ်ခါဆီက နာမည်ကြီး အဆိုတော်ကြီး (ဦး) စို့းပိုင်ရဲ့ သီချင်းဟောင်းလေးပါ။


နေရောင် ••• တောင်စွယ်မှာ ••နေ

ကွယ်ရင်လေ>>>ငွေလမင်းလေး>>ထွန်းလင်းလာမယ်လေး။


လောကတွင် မည်သည့်အရာမျှ တည်သည် မြဲသည် ခိုင်သည် ဟူ၍

မရှိပါ။ မွေးပြီးလျှင် သေ ! ပေါက်လာပြီးလျှင် ပျောက် ! ဖြစ်တည်လာပြီးလျှင် ပျက် !

လွန်ဆန်မရသော ဓမ္မနိယမ။


ဇာတိ ဇရာ မရဏ

မွေး ရင့်ရော် သေဆုံး

ဖြစ် ( တည် ) ပျက်

လောက သုံးပါး အထက်ပါနိယမအရ ဖြစ်စဥ်နှင့်အညီ ဖြစ် ရပါသည်။

၁။သြကာသ. လောက

၂။သတ္တ လောက

၃။သင်္ခါရ လောက


လောက = ပါဠိ ဝေါဟာရအသုံး

=ဖြစ်ခြင်း - ပျက်ခြင်း

သဘော လက္ခဏာသာရှိ

ခြင်းကြောင့် **လောက**။


ရေ မြေ တော တောင် ဘုံနန်း ဘိမ္မာန် တွင်းထွက်သတ္တု ရတနာ>>>

သြကာသ။

တော တောင် သတ္တုရတနာ ဆုံးရှုံးပျောက်ကွယ်မှု >>> လောက။


လူ နတ် ဗြဟ္မာ တိရစ္ဆာန် သက်ရှိသတ္တဝါ မှန်သမျှ >>> သတ္တ။

မွေး ပြီး သေ! ပေါ်လာပြီး ပျောက်!

ဖြစ် ပြီး ပျက်! >>>လောက။


အကြောင်း ၄ ပါးက ပြုင်၍ ပေါ်လာရသော ရုပ် ၊ အာရုံ ဒွာရ အကြောင်း ၂ ပါးက ပြုင်၍ ပေါ်လာရသော နာမ် (စိတ် စေတသိက်) = ပြုင်၍ ပေါ်လာရသော ရုပ် နာမ်>>> သင်္ခါရ


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page